က်ိဳင္းတံုမွ ေက်ာင္းသား ၆ ဦးကို ဆံပင္ညႇွပ္အျပစ္ေပးသည့္ ေက်ာင္းဆရာမ ခံဝန္ကတိလက္မွတ္ထိုးရ

က်ိဳင္းတံုမွ ေက်ာင္းသား ၆ ဦးကို ဆံပင္ညႇွပ္အျပစ္ေပးသည့္ ေက်ာင္းဆရာမ ခံဝန္ကတိလက္မွတ္ထိုးရ
ဇန်နဝါရီ 11, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕အမွတ္(၂) အေျခခံပညာအထက္တန္းေက်ာင္းမွ  ေက်ာင္းသား (၆)ဦးအား ဆံပင္ကြက္ၾကားညႇပ္ကာ အျပစ္ေပးခဲ့သည့္ဆရာမက ဇန္နဝါရီလ (၁၀)ရက္ေန႔တြင္ ခံဝန္ကတိ လက္မွတ္ေရးထုိးၿပီးျဖစ္၍ ဆရာမႏွင့္ ေက်ာင္းသားမိဘမ်ား ညိႇႏိႈင္းမႈ ေျပလည္သြားၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ေက်ာင္းအက်ိဳးေတာ္ေဆာင္အဖြဲ႕က ဇန္နဝါရီလ (၁၀)ရက္ေန႔တြင္ သတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္၍ အသိေပးခဲ့ျခင္းျဖစ္သည္။

"မေက်နပ္တဲ့ ေက်ာင္းသားမိဘမ်ားဘက္ကလည္း ကၽြန္ေတာ္တို႔ ညွိႏိႈ္င္းေပးခဲ့တာေလးကို အဆင္ေျပပါတယ္။ လူမႈကြန္ယက္ေပၚတင္ခဲ့တာေလးကိုလည္း ဒီရွင္းလင္းပြဲၿပီးရင္ ျပန္ဖ်က္ေပးပါမယ္ဆိုၿပီး ေက်ေအးသြားၿပီ "ဟု ေက်ာင္းအက်ိဳးေတာ္ေဆာင္ ဥကၠဌ ဦးေက်ာ္စိုးသန္႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆဌမတန္းေက်ာင္းသား(၆)ဦးမွာ စာသင္ခ်ိန္အတြင္း ဂရုမစိုက္၊ စာလိုက္ေရးျခင္းမရိွသည့္အတြက္ ေက်ာင္းသားမ်ား၏ ဆံပင္ကိုတိလိုက္ျခင္းျဖစ္ၿပီး ကေလးမ်ားအား စာေရးေစခ်င္သည့္ ရည္ရြယ္ခ်က္သာ ျဖစ္ေၾကာင္း အဆိုပါအတန္းတြင္ သခ်ာၤဘာသာရပ္ သင္ၾကားေပးေနသည့္ ဆရာမေဒၚသီတာက သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

"အခုလို ေျပလည္သြားေအာင္ ညိႇႏိႈင္းေပးခဲ့ၾကတဲ့ ေက်ာင္းအက်ိဳးေတာ္ေဆာင္အဖြဲ႕၊ ေက်ာင္းအုပ္ဆရာမႀကီးနဲ႕ ၿမိဳ႕နယ္ပညာေရးမွဴးတို႔ကို ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ့္အမ်ိဳးသမီးက သူ႔ရဲ႕ခံစားခ်က္ကို Facebookေပၚ တင္ရင္းကေန အခုလိုပ်ံ႕သြားပါ။ တစ္ဦးတစ္ေယာက္ကို နစ္နာေစခ်င္တဲ့ ဆႏၵမရိွပါဘူး "ဟု ဆံပင္ညႇပ္အျပစ္ေပးခံခဲ့ရသည့္ ေက်ာင္းသားတစ္ဦး၏ ဖခင္ျဖစ္သူ ေဒါက္တာMေဇာ္လတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆံပင္ညွပ္ၿပီး အျပစ္ေပးခံရသည့္ ေက်ာင္းသားတစ္ဦး၏မိဘက အဆိုပါ အျဖစ္အပ်က္အား လူမႈကြန္ယက္စာမ်က္ႏွာတြင္ တင္ထားသည္ကိုလည္း သတင္းစာရွင္းလင္းပြဲအၿပီးတြင္ ျပန္ဖ်က္ရန္ သေဘာတူညီထားေၾကာင္း သိရသည္။

"ဝန္ထမ္းဘဝမွာ သတိေပးသည္၊ ျပင္းထန္စြာသတိေပးသည္၊ ဝန္ခံကတိလက္မွတ္ထိုးတယ္ဆိုတာ အျပစ္တစ္ခုပဲ။ ဆရာမေဒၚသီတာ ဝန္ခံကတိ လက္မွတ္ထိုးရတယ္ဆိုတာဟာလည္း သူ႕ရဲ႕အျပစ္တစ္ခုပဲ။ ဒါေပမဲ့ သူလုပ္လိုက္တာက ေစတနာအမွားပဲျဖစ္ပါတယ္"ဟု က်ိဳင္းတုံၿမိဳ႕နယ္ ပညာေရးမွဴး ေဒၚစန္းစန္းႏုက အဆိုပါ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

ဆရာမေဒၚသီတာသည္ အဆိုပါေက်ာင္းတြင္ ၁၉၉၀ ခုႏွစ္ကတည္းက စတင္တာ၀န္ထမ္းေဆာင္ခဲ့ျခင္းျဖစ္ၿပီး တာဝန္ထမ္းေဆာင္သည့္ကာလတစ္ေလွ်ာက္  တိုင္ၾကားခံရမႈမရိွခဲ့ဖူးေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမှ ကျောင်းသား ၆ ဦးကို ဆံပင်ညှှပ်အပြစ်ပေးသည့် ကျောင်းဆရာမ ခံဝန်ကတိလက်မှတ်ထိုးရ
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား (၆)ဦးအား ဆံပင်ကွက်ကြားညှပ်ကာ အပြစ်ပေးခဲ့သည့်ဆရာမက ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ခံဝန်ကတိ လက်မှတ်ရေးထိုးပြီးဖြစ်၍ ဆရာမနှင့် ကျောင်းသားမိဘများ ညှိနှိုင်းမှု ပြေလည်သွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ဇန်နဝါရီလ (၁၀)ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ အသိပေးခဲ့ခြင်းဖြစ်သည်။

"မကျေနပ်တဲ့ ကျောင်းသားမိဘများဘက်ကလည်း ကျွန်တော်တို့ ညှိနှို်င်းပေးခဲ့တာလေးကို အဆင်ပြေပါတယ်။ လူမှုကွန်ယက်ပေါ်တင်ခဲ့တာလေးကိုလည်း ဒီရှင်းလင်းပွဲပြီးရင် ပြန်ဖျက်ပေးပါမယ်ဆိုပြီး ကျေအေးသွားပြီ "ဟု ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးကျော်စိုးသန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆဌမတန်းကျောင်းသား(၆)ဦးမှာ စာသင်ချိန်အတွင်း ဂရုမစိုက်၊ စာလိုက်ရေးခြင်းမရှိသည့်အတွက် ကျောင်းသားများ၏ ဆံပင်ကိုတိလိုက်ခြင်းဖြစ်ပြီး ကလေးများအား စာရေးစေချင်သည့် ရည်ရွယ်ချက်သာ ဖြစ်ကြောင်း အဆိုပါအတန်းတွင် သချာင်္ဘာသာရပ် သင်ကြားပေးနေသည့် ဆရာမဒေါ်သီတာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"အခုလို ပြေလည်သွားအောင် ညှိနှိုင်းပေးခဲ့ကြတဲ့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်းအုပ်ဆရာမကြီးနဲ့ မြို့နယ်ပညာရေးမှူးတို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အမျိုးသမီးက သူ့ရဲ့ခံစားချက်ကို Facebookပေါ် တင်ရင်းကနေ အခုလိုပျံ့သွားပါ။ တစ်ဦးတစ်ယောက်ကို နစ်နာစေချင်တဲ့ ဆန္ဒမရှိပါဘူး "ဟု ဆံပင်ညှပ်အပြစ်ပေးခံခဲ့ရသည့် ကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူ ဒေါက်တာMဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆံပင်ညှပ်ပြီး အပြစ်ပေးခံရသည့် ကျောင်းသားတစ်ဦး၏မိဘက အဆိုပါ အဖြစ်အပျက်အား လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားသည်ကိုလည်း သတင်းစာရှင်းလင်းပွဲအပြီးတွင် ပြန်ဖျက်ရန် သဘောတူညီထားကြောင်း သိရသည်။

"ဝန်ထမ်းဘဝမှာ သတိပေးသည်၊ ပြင်းထန်စွာသတိပေးသည်၊ ဝန်ခံကတိလက်မှတ်ထိုးတယ်ဆိုတာ အပြစ်တစ်ခုပဲ။ ဆရာမဒေါ်သီတာ ဝန်ခံကတိ လက်မှတ်ထိုးရတယ်ဆိုတာဟာလည်း သူ့ရဲ့အပြစ်တစ်ခုပဲ။ ဒါပေမဲ့ သူလုပ်လိုက်တာက စေတနာအမှားပဲဖြစ်ပါတယ်"ဟု ကျိုင်းတုံမြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းနုက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆရာမဒေါ်သီတာသည် အဆိုပါကျောင်းတွင် ၁၉၉၀ ခုနှစ်ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး တာဝန်ထမ်းဆောင်သည့်ကာလတစ်လျှောက်  တိုင်ကြားခံရမှုမရှိခဲ့ဖူးကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~