ရွှေတြိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေးအဖြစ် ကချင်ပြည်နယ် ပူတာအိုအထိ စက်ဘီးစီးနင်းသည့် အဖွဲ့ ကျိုင်းတုံမှ ဆက်လက်ထွက်ခွာ၊ အလှူငွေ (၃၂)သိန်းကျော် ရရှိထား

ရွှေတြိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေးအဖြစ် ကချင်ပြည်နယ် ပူတာအိုအထိ စက်ဘီးစီးနင်းသည့် အဖွဲ့ ကျိုင်းတုံမှ ဆက်လက်ထွက်ခွာ၊ အလှူငွေ (၃၂)သိန်းကျော် ရရှိထား
ဇနျနဝါရီ 21, 2018
By Tachileik News Agency

ရွှေတြိဂံဒေသလူငယ် ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်၊ တာလေ နှင့် ကျိုင်းတုံတို့မှ စက်ဘီးစီးသူ (၇)ဦး စုပေါင်း၍ ဇန်န၀ါရီလ(၂၁)ရက်နေ့ နံနက်(၆)နာရီအချိန်က ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီးရှေ့ရှိ အ၀ိုင်းပတ်မှ တဆင့် ကချင်ပြည်နယ် ပူတာအိုအထိ စတင် ထွက်ခွာသွားပြီဖြစ်ပြီး ကျိုင်းတုံ စက်ဘီးအဖွဲ့မှလည်း စပါယ်ရှယ်တောင်အထိ လိုက်ပါ ပို့ဆောင်ပေးနေကြောင်း နှင့် စုပေါင်းအလှူငွေမှာ ကျပ်(၃၂)သိန်းကျော် ရရှိထားပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့မှ ကိုနေဇာ( Only Biker )၊ တာလေမှ ကိုခမ်းရှဲန်၊ Kyaing Tong Mountain Bike Group မှ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးချူးစိန်(ခ)ဦးရှီချွမ်ရှိန်၊ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူးနှင့် ဦးလောလူတို့ စုစုပေါင်း (၇)ဦးမှ ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အနေဖြင့် ကချင်ပြည်နယ် ပူတာအိုအထိ ရက်ပေါင်း (၂၀)ကျော်အကြာ ခရီးရှည် စက်းဘီးစီးနင်းကြမည်ဖြစ်သည်။



ယင်းအပြင် တာချီလိတ်မြို့ Sun Far ပြည်တွင်း လေယာဉ် လက်မှတ်အရောင်းဌာနက ကျပ် (၁)သိန်း၊ တာချီလိတ်မြို့ ရှိ ပွင့်သစ်စ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းက ကျပ် (၁)သိန်း၊ တာချီလိတ် MTB စက်ဘီးအဖွဲ့ မှ ဦးကျင်လေးက ကျပ်(၁)သိန်း၊ တာလေ MTB စက်ဘီးအဖွဲ့က ကျပ် (၁)သိန်း၊ KBZ Bank တာချီလိတ် ဘဏ်ခွဲ (၁)က ကျပ်(၁)သိန်း၊ KBZ Bank တာချီလိတ် ဘဏ်ခွဲ (၂)က ကျပ်(၅၀၀၀၀)၊ KBZ Bank တာချီလိတ် ဘဏ်ခွဲ (၃)က ကျပ်(၅၀၀၀၀)၊ တာလေမြို့ ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ် + ဒေါ်နန်းကိန်ဟွမ် မိသားစုက ကျပ်(၅၀၀၀၀)၊ ဦးကျန်ရင်ပေါက် + ဒေါ်ခင်ယုလတ် မိသားစုက ကျပ် (၁)သိန်း၊ ၊ CB Bank တာချီလိတ် ဘဏ်ခွဲက ကျပ်(၅၀၀၀၀)တို့ ဖြစ်ပြီး၊ ယင်းအပြင် အဆိုပါ အဖွဲ့မှ ကျိုင်းတုံသို့ ရောက်ရှိသည့်အချိန်တွင် ကျိုင်းတုံ MTB စက်ဘီးအဖွဲ့မှ ကျပ်(၃၇၅၀၀၀)အား လည်းကောင်း၊ ကျိုင်းတုံမြို့ရှိ New Life ဆေးဆိုင်မှ ကိုလောလူ + မနန်းဝိုးလှိုင်း မိသားစုက ကျပ်(၁)အား လည်းကောင်း၊ ကျိုင်းတုံ SKL Bike Shop မှ ကိုစိုင်းခမ်းလိတ် ( ဆိုင်ကယ်အပိုပစ္စည်းဆိုင်)မှ ကျပ်(၅၀၀၀၀)အား လည်းကောင်း အသီးသီး ပါဝင်လှူဒါန်းလာကြရာ ထိုင်းဘတ်ငွေ (၂၀၀၀၀)အား ကျပ်ငွေလဲ အပြီးငွေ နှင့် ကျိုင်းတုံတွင် ဇန်န၀ါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပါဝင်လှူဒါန်းငွေ အလှူငွေအပါအ၀င် စုစုပေါင်း ကျပ်(၃၂၀၅၀၀၀)ရရှိထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ဘီးစီးခရီးစဉ် အတွင်း ရရှိသည့် အလှူငွေအားလုံးကို ရွှေတြိဂံဒေသ ဆေးဖြတ်လူငယ်များ ပြန်လည်ထူထောင်ရေးအတွက် တာချီလိတ်မြို့ ရန်ကုန်ရွာရှိ မိုင်းကိုးဆေးဖြတ်စခန်းသို့ လှူဒါန်းသွားမည် ဖြစ်ပြီး နေ့စဉ်လှူဒါန်းငွေများကိုလည်း ရွှေတြိဂံဒေသ လူငယ်ပြန်လည် ထူထောင်ရေး - ရန်ပုံငွေခရီးစဉ် Facebook Page နှင့် Tachileik News Agency တို့တွင် ဖေါ်ပြပေးသွားမည်ဖြစ်သည်။


ရွှေတြိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေများကို အောက်ဖော်ပြပါ ဘဏ်များမှ တဆင့် လွှဲ၍ လှူဒါန်းနိုင်မည်ဖြစ်ပြီး "ရွှေတြိဂံဒေသ လူငယ်ပြန်လည် ထူထောင်ရေး - - ရန်ပုံငွေခရီးစဉ်"၏ Facebook Page တွင်လည်း ၀င်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။


Bank Name: CB Bank






~~~~~~~~⊰❂ unicode ~~~~~~~~

ရွှတြေိဂံဒေသလူငယ် ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်၊ တာလေ နှင့် ကျိုင်းတုံတို့မှ စက်ဘီးစီးသူ (၇)ဦး စုပေါင်း၍ ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက်(၆)နာရီအချိန်က ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီးရှေ့ရှိ အဝိုင်းပတ်မှ တဆင့် ကချင်ပြည်နယ် ပူတာအိုအထိ စတင် ထွက်ခွာသွားပြီဖြစ်ပြီး ကျိုင်းတုံ စက်ဘီးအဖွဲ့မှလည်း စပါယ်ရှယ်တောင်အထိ လိုက်ပါ ပို့ဆောင်ပေးနေကြောင်း နှင့် စုပေါင်းအလှူငွေမှာ ကျပ်(၃၂)သိန်းကျော် ရရှိထားပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့မှ ကိုနေဇာ( Only Biker )၊ တာလေမှ ကိုခမ်းရှဲန်၊ Kyaing Tong Mountain Bike Group မှ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးချူးစိန်(ခ)ဦးရှီချွမ်ရှိန်၊ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူးနှင့် ဦးလောလူတို့ စုစုပေါင်း (၇)ဦးမှ ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အနဖြေင့် ကချင်ပြည်နယ် ပူတာအိုအထိ ရက်ပေါင်း (၂၀)ကျော်အကြာ ခရီးရှည် စက်းဘီးစီးနင်းကြမည်ဖြစ်သည်။

အဆိုပါ အဖွဲ့မှ ကျိုင်းတုံမှ စတင်ထွက်ခွာရာတွင် ကျိုင်းတုံ Old Star အဖွဲ့က ကျပ်(၁)သိန်း၊ ကျိုင်းတုံမြို့ ဇော်ပျံ သံကုန်၊ ကြေးကုန်၊ နိဗ္ဗာန်ကုန်လုပ်ငန်းက ကျပ်(၁)သိန်း လှူဒါန်းလာကြကြောင်း သိရသည်။

ကချင်ပြည်နယ် ပူတာအိုအထိ သွားရောက်မည့် ခရီးစဉ်အား အားပေးခြင်းနှင့်အတူ ဆေးဖြတ်စခန်းအတွက် ဇန်နဝါရီလ(၁၈)ရက်နေ့မှ ခရီးစဉ် စတင်ထွက်ခွာသည့် ဇန်နဝါရီလ(၂၀)ရက်နေ့အထိတွင် ရန်ပုံငွေ ပံ့ပိုးလှူဒါန်းထား သူများမှာ တာချီလိတ် ခရိုင်စီမံခန့်ခွဲမှုကော်မတီက ဘတ် (၁၀၀၀၀)၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ ဝင်များက ဘတ် (၁၀၀၀၀)၊ အထက(တာချီလိတ်)ကျောင်းသား/သူဟောင်းကြီးများ အလုပ် အမှုဆောင် အဖွဲ့က ကျပ်(၄)သိန်း၊ တာချီလိတ်မြို့ စိန်ဂျုဒ်ကက်သလစ် ခရစ်ယာန်သာသနာအုပ်စု သံတာအားနာမိခင်အသင်းက ကျပ်(၁)သိန်း၊ တာချီလိတ် MTB စက်ဘီးအဖွဲ့က ကျပ် (၁)သိန်း၊ တာချီလိတ်အိုးစတားအဖွဲ့ ( Tachileik Old Star )က ကျပ် (၁)သိန်း၊ ဒေါ်တင်မေထွန်း + ဦးအုန်းပွင့် မိသားစုက ကျပ် (၁)သိန်း၊ တာချီလိတ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကျပ်(၅၀၀၀၀)တို့ လှူဒါန်းလာကြောင်း သိရသည်။

ယင်းအပြင် တာချီလိတ်မြို့ Sun Far ပြည်တွင်း လေယာဉ် လက်မှတ်အရောင်းဌာနက ကျပ် (၁)သိန်း၊ တာချီလိတ်မြို့ ရှိ ပွင့်သစ်စ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းက ကျပ် (၁)သိန်း၊ တာချီလိတ် MTB စက်ဘီးအဖွဲ့ မှ ဦးကျင်လေးက ကျပ်(၁)သိန်း၊ တာလေ MTB စက်ဘီးအဖွဲ့က ကျပ် (၁)သိန်း၊ KBZ Bank တာချီလိတ် ဘဏ်ခွဲ (၁)က ကျပ်(၁)သိန်း၊ KBZ Bank တာချီလိတ် ဘဏ်ခွဲ (၂)က ကျပ်(၅၀၀၀၀)၊ KBZ Bank တာချီလိတ် ဘဏ်ခွဲ (၃)က ကျပ်(၅၀၀၀၀)၊ တာလမြေို့ ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ် + ဒေါ်နန်းကိန်ဟွမ် မိသားစုက ကျပ်(၅၀၀၀၀)၊ ဦးကျန်ရင်ပေါက် + ဒေါ်ခင်ယုလတ် မိသားစုက ကျပ် (၁)သိန်း၊ CB Bank တာချီလိတ် ဘဏ်ခွဲက ကျပ်(၅၀၀၀၀)တို့ ဖြစ်ပြီး၊ ယင်းအပြင် အဆိုပါ အဖွဲ့မှ ကျိုင်းတုံသို့ ရောက်ရှိသည့်အချိန်တွင် ကျိုင်းတုံ MTB စက်ဘီးအဖွဲ့မှ ကျပ်(၃၇၅၀၀၀)အား လည်းကောင်း၊ ကျိုင်းတုံမြို့ရှိ New Life ဆေးဆိုင်မှ ကိုလောလူ + မနန်းဝိုးလှိုင်း မိသားစုက ကျပ်(၁)အား လည်းကောင်း၊ ကျိုင်းတုံ SKL Bike Shop မှ ကိုစိုင်းခမ်းလိတ် ( ဆိုင်ကယ်အပိုပစ္စည်းဆိုင်)မှ ကျပ်(၅၀၀၀၀)အား လည်းကောင်း အသီးသီး ပါဝင်လှူဒါန်းလာကြရာ ထိုင်းဘတ်ငွေ (၂၀၀၀၀)အား ကျပ်ငွေလဲ အပြီးငွေ နှင့် ကျိုင်းတုံတွင် ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပါဝင်လှူဒါန်းငွေ အလှူငွေအပါအဝင် စုစုပေါင်း ကျပ်(၃၂၀၅၀၀၀)ရရှိထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ဘီးစီးခရီးစဉ် အတွင်း ရရှိသည့် အလှူငွေအားလုံးကို ရွှတြေိဂံဒေသ ဆေးဖြတ်လူငယ်များ ပြန်လည်ထူထောင်ရေးအတွက် တာချီလိတ်မြို့ ရန်ကုန်ရွာရှိ မိုင်းကိုးဆေးဖြတ်စခန်းသို့ လှူဒါန်းသွားမည် ဖြစ်ပြီး နေ့စဉ်လှူဒါန်းငွေများကိုလည်း ရွှတြေိဂံဒေသ လူငယ်ပြန်လည် ထူထောင်ရေး - ရန်ပုံငွေခရီးစဉ် Facebook Page နှင့် Tachileik News Agency တို့တွင် ဖော်ပြပေးသွားမည်ဖြစ်သည်။

ခရီးစဉ်တစ်လျှောက်တွင် အဆိုပါ (၇)ဦးအတွက် ကုန်ကျမှုများအပြင် ကချင်ပြည်နယ်တွင် တည်ခိုးရန် ဟိုတယ်များ နှင့် ခရီးစဉ်အပြီး အပြန်တွင် ပူတာအို မှ မြစ်ကြီးနား၊ မြစ်ကြီးနား မှ မန္တလေး၊ မန္တလေး မှ တာချီလိတ် အတွက် လေယာဉ်ဖြင့် ပြန်နိုင်ရန် စုစုပေါင်း လေယာဉ်လက်မှတ်(၂၈)စောင် နှင့် အခြား လိုအပ်မှုများအတွက် Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နှင့် J My King Hotel(တာချီလိတ်) မှ ဦးစိုင်းဂျွန်ရီ၊ မန်းရတနာပုံလေကြောင်းလိုင်းမှ ဒေါ်နန်းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန်းသီတာဟိုတယ် (မြစ်ကြီးနား)၊ ဟိုတယ်ပူတာအို၊ ဟိုတယ်ရန်ကုန်တို့မှ ဦးစိုင်းဖီးလစ်ရီ နှင့် ပျံလွှား လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ ဦးစိုင်းရောဘတ်ရီ တို့ မောင်နှမတစ်စုမှ ပံ့ပိုး ပေးထားပြီး မီဒီယာပိုင်းအတွက် Tachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ )က ပါဝင် ပံ့ပိုးပေးထားခြင်းဖြစ်သည်။

ရွှတြေိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေများကို အောက်ဖော်ပြပါ ဘဏ်များမှ တဆင့် လွှဲ၍ လှူဒါန်းနိုင်မည်ဖြစ်ပြီး "ရွှတြေိဂံဒေသ လူငယ်ပြန်လည် ထူထောင်ရေး - - ရန်ပုံငွေခရီးစဉ်"၏ Facebook Page တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Bank Name: KBZ Bank ( KBZ TCL 1 )
Account No: 00630299906101102

Bank Name: CB Bank
Account No: 2023600500020966

Bank Name: AYA Bank ( ဧရာဝတီဘဏ် - တာချီလိတ် )
Account No: 0017202010038743

ဓာတ်ပုံ - ဇွဲမြတ်၊ Hein Lattzan

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~