ျပည္နယ္အစိုးရႏွင့္ တပ္မေတာ္အား ဆႏၵထုတ္ေဖၚေနသူမ်ားအား ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ေတြ႔ဆံုရွင္းလင္း

ျပည္နယ္အစိုးရႏွင့္ တပ္မေတာ္အား ဆႏၵထုတ္ေဖၚေနသူမ်ားအား ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ေတြ႔ဆံုရွင္းလင္း
ဇန်နဝါရီ 19, 2018
By 🌸
ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕တြင္ ဇန္နဝါရီလ (၁၉)ရက္ေန႔က ျပည္နယ္အစိုးရႏွင့္ တပ္မေတာ္အား ဆႏၵထုတ္ေဖၚသူမ်ား ေတာင္းဆိုခ်က္မ်ားႏွင့္ပတ္သက္၍ ျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္က ဆႏၵထုတ္ေဖၚသူမ်ားအား ကိုယ္စားျပဳသူ(၅)ဦးအား ေတြ႔ဆံုရွင္းလင္းေဆြးေႏြးေၾကာင္း သိရသည္။

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕တြင္ KNPP တပ္ဖြဲ႔ဝင္ သံုးဦးႏွင့္အရပ္သားတစ္ဦးအသတ္ခံရမႈႏွင့္ ပတ္သက္၍ အမႈမွန္ေဖၚထုတ္ေပးရန္ ခြင့္ျပဳခ်က္မယူူဘဲ ဆႏၵထုတ္ေဖၚၾကသျဖင့္ ဇန္နဝါရီလ (၁၂)ရက္ေန႔က လူငယ္ (၅)ဦးအား ၿငိမ္း/စု/စီဥပေဒအရ အမိန္႔ခ်မွတ္ခဲ့ၿပီး အဆိုပါ လူငယ္မ်ား၏ တရားရံုးခ်ိန္းေန႔တြင္ ခြင့္ျပဳခ်က္မယူဘဲ ဝန္းရံလုိက္ပါပို႔ေဆာင္ရင္း ဆႏၵထုတ္ေဖၚသည့္အတြက္ ဦးေဆာင္သူ (၃)ဦးကို ၿငိမ္း/စု/စီျဖင့္ ဇန္နဝါရီလ (၁၉)ရက္ေန႔၌ ပထမဆံုး ရံုးခ်ိန္းစစ္ေဆးရာ ကရင္နီျပည္လူငယ္မ်ားသမဂၢ (UKSY) လူငယ္မ်ားက ခြင့္ျပဳခ်က္မယူဘဲ ဇန္နဝါရီလ (၁၉)ရက္ေန႔တြင္ ထပ္မံဆႏၵထုတ္ေဖၚေနၾကျခင္းျဖစ္သည္။

လြိဳင္ေကာ္ၿမိဳ႕ ကႏၵရဝတီလမ္းမႀကီးေပၚရွိ ကယား ျပည္နယ္အစိုးရအဖြဲ႔ရံုးေရွ႕တြင္ လာေရာက္၍ ၿငိမ္းခ်မ္းစြာစုေဝးတန္းစီ ဆႏၵျပရာတြင္ လိုက္နာရမည့္ ဥပေဒအရ ႀကိဳတင္တင္ျပခြင့္ျပဳခ်က္ ရယူျခင္းမရွိဘဲ ဆႏၵထုတ္ေဖာ္ေနၾကေသာ လူစုလူေဝး၏ ကိုယ္စားျပဳသူမ်ားအား ကယားျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္က နံနက္ (၁၀)နာရီခြဲတြင္ ေတြ႔ဆံုေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေတြ႕ဆံုရာတြင္ ဆႏၵထုတ္ေဖာ္သူမ်ား၏ ကိုယ္စားျပဳသူ (၅)ဦးက အရပ္သားတစ္ဦး အသတ္ခံရသည္ႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ေပးရန္၊ ေထာင္ဒဏ္က်ခံေနရေသာ ဆႏၵျပလူငယ္မ်ားအား လႊတ္ေပးရန္၊ တရားစြဲဆိုခံရေသာ လူငယ္(၃)ဦးအား အမႈရုပ္သိမ္းေပးရန္၊ ဆႏၵထုတ္ေဖာ္သည့္အဖြဲ႕မွ ပူးေပါင္းေဆာင္ရြက္ရန္၊ တစ္လလွ်င္တစ္ႀကိမ္ ေတြ႕ဆံုရန္နွင့္ ၿငိမ္းခ်မ္းေရးကိစၥမ်ားကို ေျဖရွင္းေပးရန္တို႔ကို ျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ထံ တင္ျပခဲ့ေၾကာင္း သိရသည္။

ဆႏၵထုတ္ေဖာ္သူမ်ား၏ ကိုယ္စားျပဳသူ (၅)ဦးက တင္ျပလာသည့္ အရပ္သားတစ္ဦးအသတ္ခံရသည့္ကိစၥအား ေျဖရွင္းရန္မွာ အဆုိပါအရပ္သားတစ္ဦး အသတ္ခံရမႈႏွင့္ပတ္သက္၍ သက္ဆုိင္ရာရဲတပ္ဖြဲ႕ထံ အမႈဖြင့္တိုင္ၾကားထားျခင္းမရိွေသးေၾကာင္း သိရသျဖင့္ အမႈဖြင့္တိုင္ၾကားရန္ လိုအပ္ေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္က ျပန္လည္ရွင္းလင္းခဲ့သည္။

ခြင့္ျပဳခ်က္မယူဘဲ ဆႏၵထုတ္ေဖၚမႈမ်ားႏွင့္ပတ္သက္၍ ဥပေဒႏွင့္အညီ လုပ္ေဆာင္ၾကရန္ ဝန္ႀကီးခ်ဳပ္က တုိက္တြန္းလုိက္ၿပီး တစ္လတစ္ႀကိမ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ေတြ႔ဆံုရန္ ေတာင္းဆိုမႈႏွင့္ပတ္သက္၍ ေဒသတြင္းလုပ္ေဆာင္ခ်က္မ်ားအတြက္ ျပည္နယ္အစိုးရ ဝန္ႀကီးခ်ဳပ္အေနျဖင့္ တက္ေရာက္ရန္ လိုအပ္၍ ဖိတ္ၾကားသည္မ်ားရိွပါက တက္ေရာက္မည္ ျဖစ္ေၾကာင္း ရွင္းလင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ၿငိမ္းခ်မ္းေရးကိစၥ ေျဖရွင္းေပးရန္ ေတာင္းဆိုခ်က္ႏွင့္ပတ္သက္၍ ျပည္ေထာင္စုမွ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ဦးစီးေခါင္းေဆာင္၍ ေဆာင္ရြက္ေနၿပီး ကယားျပည္နယ္အေနျဖင့္ ၿငိမ္းခ်မ္းေရးအတြက္ ျပည္နယ္အတြင္းရွိ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအားလံုးပါဝင္ေရး၊ ျပည္နယ္အတြင္းရွိ ျပည္သူအားလံုးထံမွ အႀကံဥာဏ္မ်ား ရယူ ေဆာင္ရြက္လိုပါေၾကာင္း ျပန္လည္ေျပာၾကားခဲ့သည္။

KNPP တပ္ဖြဲ႔ဝင္မ်ားႏွင့္ အရပ္သားအသတ္ခံရမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ေပးရန္အတြက္ ဒီဇင္ဘာလကတည္းက တပ္မေတာ္နွင့္KNPP အဖြဲ႕ ပဋိပကၡျဖစ္စဥ္အား NRPC သို႔ တင္ျပခဲ့ရာ တပ္မေတာ္မွ စံုစမ္းစစ္ေဆးေရးခံုရံုး ဖြဲ႕စည္းေဆာင္ရြက္ေနကာ စစ္ေဆးမႈရလဒ္ေပၚမူတည္၍ အေရးယူေဆာင္ရြက္မႈမ်ားလည္း လုပ္ေဆာင္မည္ဟု သိရိွထားၿပီး ျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္လည္း ၂၀၁၇ ခုနွစ္ ဒီဇင္ဘာ(၁၉)ရက္ေန႔တြင္ အဆိုပါကိစၥႏွင့္ပတ္သက္၍ တပ္မေတာ္ေခါင္းေဆာင္မ်ား၊ KNPP ေခါင္းေဆာင္မ်ားနွင့္ ေတြ႕ဆံုေဆြးေႏြးျခင္းတို႔ကို ေဆာင္ရြက္ထားေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္က အသိေပး ရွင္းလင္းခဲ့သည္။

အဆိုပါ ေတြ႕ဆံုရွင္းလင္းပြဲသို႔ ကယားျပည္နယ္အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္ႏွင့္ အတြင္းေရးမွဴး၊ တာဝန္ရွိသူမ်ားလည္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု #ျပည္နယ္အစိုးရအဖြဲ႔

~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်နယ်အစိုးရနှင့် တပ်မတော်အား ဆန္ဒထုတ်ဖေါ်နေသူများအား ကယားပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံရှင်းလင်း
*************
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဇန်နဝါရီလ (၁၉)ရက်နေ့က ပြည်နယ်အစိုးရနှင့် တပ်မတော်အား ဆန္ဒထုတ်ဖေါ်သူများ တောင်းဆိုချက်များနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဆန္ဒထုတ်ဖေါ်သူများအား ကိုယ်စားပြုသူ(၅)ဦးအား တွေ့ဆုံရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် KNPP တပ်ဖွဲ့ဝင် သုံးဦးနှင့်အရပ်သားတစ်ဦးအသတ်ခံရမှုနှင့် ပတ်သက်၍ အမှုမှန်ဖေါ်ထုတ်ပေးရန် ခွင့်ပြုချက်မယူူဘဲ ဆန္ဒထုတ်ဖေါ်ကြသဖြင့် ဇန်နဝါရီလ (၁၂)ရက်နေ့က လူငယ် (၅)ဦးအား ငြိမ်း/စု/စီဥပဒေအရ အမိန့်ချမှတ်ခဲ့ပြီး အဆိုပါ လူငယ်များ၏ တရားရုံးချိန်းနေ့တွင် ခွင့်ပြုချက်မယူဘဲ ဝန်းရံလိုက်ပါပို့ဆောင်ရင်း ဆန္ဒထုတ်ဖေါ်သည့်အတွက် ဦးဆောင်သူ (၃)ဦးကို ငြိမ်း/စု/စီဖြင့် ဇန်နဝါရီလ (၁၉)ရက်နေ့၌ ပထမဆုံး ရုံးချိန်းစစ်ဆေးရာ ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) လူငယ်များက ခွင့်ပြုချက်မယူဘဲ ဇန်နဝါရီလ (၁၉)ရက်နေ့တွင် ထပ်မံဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။

လွိုင်ကော်မြို့ ကန္ဒရဝတီလမ်းမကြီးပေါ်ရှိ ကယား ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် လာရောက်၍ ငြိမ်းချမ်းစွာစုဝေးတန်းစီ ဆန္ဒပြရာတွင် လိုက်နာရမည့် ဥပဒေအရ ကြိုတင်တင်ပြခွင့်ပြုချက် ရယူခြင်းမရှိဘဲ ဆန္ဒထုတ်ဖော်နေကြသော လူစုလူဝေး၏ ကိုယ်စားပြုသူများအား ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်က နံနက် (၁၀)နာရီခွဲတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ဆန္ဒထုတ်ဖော်သူများ၏ ကိုယ်စားပြုသူ (၅)ဦးက အရပ်သားတစ်ဦး အသတ်ခံရသည်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ပေးရန်၊ ထောင်ဒဏ်ကျခံနေရသော ဆန္ဒပြလူငယ်များအား လွှတ်ပေးရန်၊ တရားစွဲဆိုခံရသော လူငယ်(၃)ဦးအား အမှုရုပ်သိမ်းပေးရန်၊ ဆန္ဒထုတ်ဖော်သည့်အဖွဲ့မှ ပူးပေါင်းဆောင်ရွက်ရန်၊ တစ်လလျှင်တစ်ကြိမ် တွေ့ဆုံရန်နှင့် ငြိမ်းချမ်းရေးကိစ္စများကို ဖြေရှင်းပေးရန်တို့ကို ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်သူများ၏ ကိုယ်စားပြုသူ (၅)ဦးက တင်ပြလာသည့် အရပ်သားတစ်ဦးအသတ်ခံရသည့်ကိစ္စအား ဖြေရှင်းရန်မှာ အဆိုပါအရပ်သားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားခြင်းမရှိသေးကြောင်း သိရသဖြင့် အမှုဖွင့်တိုင်ကြားရန် လိုအပ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းခဲ့သည်။

ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖေါ်မှုများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လုပ်ဆောင်ကြရန် ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပြီး တစ်လတစ်ကြိမ် ပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံရန် တောင်းဆိုမှုနှင့်ပတ်သက်၍ ဒေသတွင်းလုပ်ဆောင်ချက်များအတွက် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်အနေဖြင့် တက်ရောက်ရန် လိုအပ်၍ ဖိတ်ကြားသည်များရှိပါက တက်ရောက်မည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးကိစ္စ ဖြေရှင်းပေးရန် တောင်းဆိုချက်နှင့်ပတ်သက်၍ ပြည်ထောင်စုမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးစီးခေါင်းဆောင်၍ ဆောင်ရွက်နေပြီး ကယားပြည်နယ်အနေဖြင့် ငြိမ်းချမ်းရေးအတွက် ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးပါဝင်ရေး၊ ပြည်နယ်အတွင်းရှိ ပြည်သူအားလုံးထံမှ အကြံဉာဏ်များ ရယူ ဆောင်ရွက်လိုပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။

KNPP တပ်ဖွဲ့ဝင်များနှင့် အရပ်သားအသတ်ခံရမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ပေးရန်အတွက် ဒီဇင်ဘာလကတည်းက တပ်မတော်နှင့်KNPP အဖွဲ့ ပဋိပက္ခဖြစ်စဉ်အား NRPC သို့ တင်ပြခဲ့ရာ တပ်မတော်မှ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်နေကာ စစ်ဆေးမှုရလဒ်ပေါ်မူတည်၍ အရေးယူဆောင်ရွက်မှုများလည်း လုပ်ဆောင်မည်ဟု သိရှိထားပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာ(၁၉)ရက်နေ့တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်ခေါင်းဆောင်များ၊ KNPP ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ထားကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အသိပေး ရှင်းလင်းခဲ့သည်။

အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အတွင်းရေးမှူး၊ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ #ပြည်နယ်အစိုးရအဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~