တရားစြဲဆိုခံထားရေသာ လူငယ္ငါးဦးအား ျပန္လႊတ္ေပးရန္ လက္နက္ကိုင္ႏွစ္ဖြဲ႔ေတာင္းဆို

တရားစြဲဆိုခံထားရေသာ လူငယ္ငါးဦးအား ျပန္လႊတ္ေပးရန္ လက္နက္ကိုင္ႏွစ္ဖြဲ႔ေတာင္းဆို
ဇန်နဝါရီ 11, 2018
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕တြင္ ခြင့္ျပဳခ်က္မယူဘဲ ဆႏၵေဖာ္ထုတ္သျဖင့့္ တရားစြဲဆိုခံထားရေသာ လူငယ္ (၅) ဦးအား ႁခြင္းခ်က္မ႐ွိဘဲ အျမန္ဆုံးလႊတ္ေပးရန္ လက္နက္ကိုင္အဖြဲ႔အစည္းႏွစ္ဖြဲ႔ျဖစ္သည့္ ကရင္နီျပည္လူမ်ိဳးေပါင္းစုံ ျပည္သူ႔လြတ္ေျမာက္ေရးတပ္ဦးႏွင့္ ကယန္းျပည္သစ္ပါတီတို႔က ပူးတြဲထုတ္ျပန္ခ်က္တစ္ေစာင္ကို ဇန္နဝါရီလ (၁၁) ရက္ေန႔တြင္ ထုတ္ျပန္လိုက္သည္။

အဆိုပါ ထုတ္ျပန္ခ်က္တြင္ ဆႏၵထုတ္ေဖၚသည့္လူငယ္ (၅)ဦးအား လႊတ္ေပးရန္အျပင္ KNPP တပ္ဖြဲ႕ဝင္ (၃) ဦးႏွင့္ အရပ္သား (၁) ဦးတို႔အား တပ္မေတာ္မွ သတ္ျဖတ္ၿပီး အေလာင္းေဖ်ာက္ဖ်က္မႈသည္ ျပည္တြင္းၿငိမ္းခ်မ္းေရးကို ထိခိုက္ေစသည့္ ၿခိမ္းေျခာက္မႈျဖစ္ၿပီး ေနာက္ေနာင္တြင္ အလားတူျဖစ္ရပ္မ်ား မေပၚေပါက္ေစရန္ အဆိုပါကိစၥရပ္အား တရားမွ်တစြာ အေရးယူေဆာင္ရြက္ေပးရန္ႏွင့္ ေသဆုံးခဲ့သူမ်ား၏ မိသားစုဝင္မ်ား နစ္နာဆုံး႐ႈံးမႈမ်ားအတြက္ ေဆာင္ရြက္ေပးရန္ႏွင့္ ျပည္နယ္တြင္း မေမွ်ာ္လင့္ေသာ ဥပေဒမဲ့ သတ္ျဖက္ခဲ့သည့္ အဆိုပါျဖစ္ရပ္မ်ားေၾကာင့္ ထိတ္လန္႔ေနရေသာ ျပည္နယ္သူျပည္နယ္သားမ်ား၏ လုံျခံဳေရးအတြက္ တာဝန္႐ွိသူမ်ားက အေလးနက္ထား ေဆာင္ရြက္ေပးရန္ စသည့္အခ်က္မ်ား ပါဝင္ေတာင္းဆိုထားသည္။

KNPP တပ္ဖြဲ႕ဝင္ (၃) ဦးႏွင့္ အရပ္သား (၁) ဦးတို႔ ေသဆံုးမႈအား အမႈမွန္ေဖၚထုတ္ေပးရန္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၂၂) ရက္ေန႔တြင္ ဆႏၵထုတ္ေဖၚမႈမ်ား ျပဳလုပ္ခဲ့ၿပီး အဆိုပါကိစၥႏွင့္ပတ္သက္၍ အေျခအေနမွန္ ေပၚေပါက္ေစေရး အတြက္ ျပည္နယ္အစိုးရက တင္ျပေဆာင္ရြက္ထားရာ ျပည္ေထာင္စုမွ စုံစမ္းစစ္ေဆးေရးအဖြဲျဖင့္ ဥပေဒႏွင့္ အညီစစ္ေဆးေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္း႐ႈိက ဒီဇင္ဘာလ (၂၄) ရက္ေန႔က ေသဆံုးသြားသူမ်ား၏ က်န္ရစ္သူမိသားစုဝင္မ်ားႏွင့္  KNPP တာဝန္ရိွသူမ်ားႏွင့္ ေတြ႔ဆံုစဥ္ ေျပာၾကားခဲ့သည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
တရားစွဲ ဆိုခံထားရသော လူငယ်ငါးဦးအား ပြန်လွှတ်ပေးရန် လက်နက်ကိုင်နှစ်ဖွဲ့တောင်းဆို
****************
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်သဖြင့့် တရားစွဲဆိုခံထားရသော လူငယ် (၅) ဦးအား ခြွင်းချက်မရှိဘဲ အမြန်ဆုံးလွှတ်ပေးရန် လက်နက်ကိုင်အဖွဲ့အစည်းနှစ်ဖွဲ့ဖြစ်သည့် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးနှင့် ကယန်းပြည်သစ်ပါတီတို့က ပူးတွဲထုတ်ပြန်ချက်တစ်စောင်ကို ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဆန္ဒထုတ်ဖေါ်သည့်လူငယ် (၅)ဦးအား လွှတ်ပေးရန်အပြင် KNPP တပ်ဖွဲ့ဝင် (၃) ဦးနှင့် အရပ်သား (၁) ဦးတို့အား တပ်မတော်မှ သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှုသည် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်စေသည့် ခြိမ်းခြောက်မှုဖြစ်ပြီး နောက်နောင်တွင် အလားတူဖြစ်ရပ်များ မပေါ်ပေါက်စေရန် အဆိုပါကိစ္စရပ်အား တရားမျှတစွာ အရေးယူဆောင်ရွက်ပေးရန်နှင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များ နစ်နာဆုံးရှုံးမှုများအတွက် ဆောင်ရွက်ပေးရန်နှင့် ပြည်နယ်တွင်း မမျှော်လင့်သော ဥပဒေမဲ့ သတ်ဖြက်ခဲ့သည့် အဆိုပါဖြစ်ရပ်များကြောင့် ထိတ်လန့်နေရသော ပြည်နယ်သူပြည်နယ်သားများ၏ လုံခြုံရေးအတွက် တာဝန်ရှိသူများက အလေးနက်ထား ဆောင်ရွက်ပေးရန် စသည့်အချက်များ ပါဝင်တောင်းဆိုထားသည်။

KNPP တပ်ဖွဲ့ဝင် (၃) ဦးနှင့် အရပ်သား (၁) ဦးတို့ သေဆုံးမှုအား အမှုမှန်ဖေါ်ထုတ်ပေးရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ဆန္ဒထုတ်ဖေါ်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ အခြေအနေမှန် ပေါ်ပေါက်စေရေး အတွက် ပြည်နယ်အစိုးရက တင်ပြဆောင်ရွက်ထားရာ ပြည်ထောင်စုမှ စုံစမ်းစစ်ဆေးရေးအဖွဲဖြင့် ဥပဒေနှင့် အညီစစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဒီဇင်ဘာလ (၂၄) ရက်နေ့က သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုဝင်များနှင့်  KNPP တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~