ေနာင္ခ်ိဳႏွင့္ ေက်ာက္မဲၾကား ဂုတ္တြင္းလမ္းပိုင္းတြင္ အတက္အဆင္းကားမ်ားအား အခ်ိန္ခြဲ၍ လႊတ္ေပးေန

ေနာင္ခ်ိဳႏွင့္ ေက်ာက္မဲၾကား ဂုတ္တြင္းလမ္းပိုင္းတြင္ အတက္အဆင္းကားမ်ားအား အခ်ိန္ခြဲ၍ လႊတ္ေပးေန
ဇန်နဝါရီ 2, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕အၾကားရွိ ဂုတ္တြင္းလမ္းပိုင္းတြင္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၂၉)ရက္ေန႔ ညပိုင္းမွစတင္၍ (၄)ရက္ၾကာ ယာဥ္ေၾကာပိတ္ဆို႔ၿပီးေနာက္ အတက္အဆင္း ကားမ်ားအား အခ်ိန္ပိုင္းျဖင့္ လႊတ္ေပးေနရေၾကာင္း သိရသည္။

“လမ္းပိတ္တာကေတာ့ မရွိေတာ့ပါဘူး။ လမ္းပိတ္ေနစဥ္ကာလမွာ ျဖတ္သန္းဖို႔လာေနတဲ့ ယာဥ္ေတြအရမ္း မ်ားျပားတဲ့အတြက္ ဇန္နဝါရီလ (၂)ရက္န႔ဲ(၃)ရက္ေန႔ေတြမွာ ေက်ာက္မဲတိုးဂိတ္နဲ႔ ေနာင္ခ်ိဳတိုးဂိတ္ေတြကေန အခ်ိန္ပိုင္းနဲ႔ အတက္အဆင္းကားေတြကို ျဖတ္သန္းေစမွာျဖစ္ပါတယ္။ ရာသီဥတုအေျခအေနနဲ႔ ယာဥ္မ်ားျပားမႈ ကို အဆင္ေျပေအာင္ အခုလို လုပ္ေပးတာျဖစ္ပါတယ္”ဟု ေက်ာက္မဲရွိ Oriental Highway Co.,ltd မွ စီမံကိန္း မန္ေနဂ်ာ ဦးသက္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လမ္းပိုင္းတြင္ ဇန္နဝါရီလ(၂) ရက္ေန႔ ညေန (၃) နာရီမွ ညေန (၅) နာရီအထိ ေနာင္ခ်ိဳၿမိဳ႕မွ ေက်ာက္မဲဘက္သို႔ အတက္ကား မ်ားကို လႊတ္ေပးခဲ့ၿပီး ည(၁၀)နာရီမွ ဇန္နဝါရီ(၃)ရက္ေန႔ နံနက္ (၄) နာရီအထိ ေက်ာက္မဲဘက္မွ ေနာင္ခ်ိဳ(မႏၱေလး) ဘက္သို႔ အဆင္းကားမ်ားကို လႊတ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ဇန္နဝါရီလ (၃) ရက္ေန႔တြင္ နံနက္ (၆)နာရီမွ နံနက္ (၁၀)နာရီအထိ ေနာင္ခ်ိဳဘက္မွ ေက်ာက္မဲဘက္သို႔ အတက္ကားမ်ား၊ ေန႔လယ္ (၁၂) နာရီမွ ညေန (၄) နာရီအထိ ေက်ာက္မဲဘက္မွ ေနာင္ခ်ိဳဘက္သို႔ အဆင္း ကားမ်ား၊ ညေန (၆)နာရီမွ ည (၁၀)နာရီအထိ ေနာင္ခ်ိဳဘက္မွ အတက္ကားမ်ား၊ ည (၁၂) နာရီမွ ဇန္နဝါရီ (၄) ရက္ေန႔ နံနက္ (၄) နာရီအထိ ေက်ာက္မဲဘက္မွ အဆင္းကားမ်ား ကို အခ်ိန္ပိုင္းျဖင့္ လႊတ္ေပးရန္ ေၾကညာခ်က္ ထုတ္ျပန္ေပးထားေၾကာင္း Oriental Highway Co.ltd မွ သိရသည္။

ဂုတ္တြင္းလမ္းပိုင္းတြင္ ယာဥ္ေၾကာပိတ္ဆို႔ခဲ့ရျခင္းမွာ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၂၉)ရက္ေန႔တြင္ ေမာ္ေတာ္ယာဥ္အခ်ိဳ႕ စက္ခ်ိဳ႕ယြင္းရာမွ စတင္ခဲ့ျခင္းျဖစ္ၿပီး ဒီဇင္ဘာ (၃၁) ရက္ေန႔တြင္ အခ်ိန္ပိုင္းျဖင့္ ျဖတ္သန္းသြားလာ၍ ရခဲ့ေသာ္လည္း အဆင္း/အတက္ ကားမ်ား မ်ားျပားလြန္းသည့္အတြက္ လမ္းေၾကာ မရွင္းႏိုင္ေသးျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္းတြင္ ယာဥ္ေၾကာပိတ္ဆို႔ေနမႈအား ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ (၁) ရက္ေန႔က ရွင္းလင္းထားၿပီးျဖစ္ေသာ္လည္း ျဖတ္သန္းသြားလာသည့္ ယာဥ္အစီးေရ မ်ားျပားေနသည့္အတြက္ ထပ္မံပိတ္ဆို႔မႈမျဖစ္ေစရန္ ဇန္နဝါရီ(၂)ရက္ေန႔ႏွင့္ (၃) ရက္ေန႔မ်ားတြင္ အတက္ႏွင့္ အဆင္းကားမ်ားကို ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕ရွိ တိုးဂိတ္မ်ားတြင္ အခ်ိန္ခြဲ၍ ျဖတ္သန္းေစရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း Oriental Highway Co.ltd မွ သိရသည္။

အဆိုပါ လမ္းပိုင္းတြင္ ပိတ္မိေနသည့္ ယာဥ္ေမာင္းမ်ားႏွင့္ ခရီးသည္မ်ားအတြက္ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕တို႔ရွိ ေစတနာရွင္မ်ားက ထမင္း၊ ဟင္း ႏွင့္ ေသာက္သံုးေရတို႔အား သြားေရာက္လွဴဒါန္းမႈျပဳလုပ္လ်က္ရွိၿပီး ႏွစ္ဖက္ၿမိဳ႕မ်ားရွိ ယာဥ္ထိန္း တပ္ဖြဲ႔မ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ Oriental Highway Co.ltd မွ ဝန္ထမ္းမ်ားလည္းသြားေရာက္ကာ ယာဥ္ေၾကာပိတ္ဆို႔မႈအတြင္း ျဖတ္သန္းသြားလာမႈမ်ားကို စနစ္တက်ရွိေစရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #အာကာျမင့္ေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
နောင်ချိုနှင့် ကျောက်မဲကြား ဂုတ်တွင်းလမ်းပိုင်းတွင် အတက်အဆင်းကားများအား အချိန်ခွဲ၍ လွှတ်ပေးနေ
*********
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့ ညပိုင်းမှစတင်၍ (၄)ရက်ကြာ ယာဉ်ကြောပိတ်ဆို့ပြီးနောက် အတက်အဆင်း ကားများအား အချိန်ပိုင်းဖြင့် လွှတ်ပေးနေရကြောင်း သိရသည်။

“လမ်းပိတ်တာကတော့ မရှိတော့ပါဘူး။ လမ်းပိတ်နေစဉ်ကာလမှာ ဖြတ်သန်းဖို့လာနေတဲ့ ယာဉ်တွေအရမ်း များပြားတဲ့အတွက် ဇန်နဝါရီလ (၂)ရက်နဲ့(၃)ရက်နေ့တွေမှာ ကျောက်မဲတိုးဂိတ်နဲ့ နောင်ချိုတိုးဂိတ်တွေကနေ အချိန်ပိုင်းနဲ့ အတက်အဆင်းကားတွေကို ဖြတ်သန်းစေမှာဖြစ်ပါတယ်။ ရာသီဥတုအခြေအနေနဲ့ ယာဉ်များပြားမှု ကို အဆင်ပြေအောင် အခုလို လုပ်ပေးတာဖြစ်ပါတယ်”ဟု ကျောက်မဲရှိ Oriental Highway Co.,ltd မှ စီမံကိန်း မန်နေဂျာ ဦးသက်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လမ်းပိုင်းတွင် ဇန်နဝါရီလ(၂) ရက်နေ့ ညနေ (၃) နာရီမှ ညနေ (၅) နာရီအထိ နောင်ချိုမြို့မှ ကျောက်မဲဘက်သို့ အတက်ကား များကို လွှတ်ပေးခဲ့ပြီး ည(၁၀)နာရီမှ ဇန်နဝါရီ(၃)ရက်နေ့ နံနက် (၄) နာရီအထိ ကျောက်မဲဘက်မှ နောင်ချို(မန္တလေး) ဘက်သို့ အဆင်းကားများကို လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ (၃) ရက်နေ့တွင် နံနက် (၆)နာရီမှ နံနက် (၁၀)နာရီအထိ နောင်ချိုဘက်မှ ကျောက်မဲဘက်သို့ အတက်ကားများ၊ နေ့လယ် (၁၂) နာရီမှ ညနေ (၄) နာရီအထိ ကျောက်မဲဘက်မှ နောင်ချိုဘက်သို့ အဆင်း ကားများ၊ ညနေ (၆)နာရီမှ ည (၁၀)နာရီအထိ နောင်ချိုဘက်မှ အတက်ကားများ၊ ည (၁၂) နာရီမှ ဇန်နဝါရီ (၄) ရက်နေ့ နံနက် (၄) နာရီအထိ ကျောက်မဲဘက်မှ အဆင်းကားများ ကို အချိန်ပိုင်းဖြင့် လွှတ်ပေးရန် ကြေညာချက် ထုတ်ပြန်ပေးထားကြောင်း Oriental Highway Co.ltd မှ သိရသည်။

ဂုတ်တွင်းလမ်းပိုင်းတွင် ယာဉ်ကြောပိတ်ဆို့ခဲ့ရခြင်းမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် မော်တော်ယာဉ်အချို့ စက်ချို့ယွင်းရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ (၃၁) ရက်နေ့တွင် အချိန်ပိုင်းဖြင့် ဖြတ်သန်းသွားလာ၍ ရခဲ့သော်လည်း အဆင်း/အတက် ကားများ များပြားလွန်းသည့်အတွက် လမ်းကြော မရှင်းနိုင်သေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းတွင် ယာဉ်ကြောပိတ်ဆို့နေမှုအား ၂၀၁၈ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့က ရှင်းလင်းထားပြီးဖြစ်သော်လည်း ဖြတ်သန်းသွားလာသည့် ယာဉ်အစီးရေ များပြားနေသည့်အတွက် ထပ်မံပိတ်ဆို့မှုမဖြစ်စေရန် ဇန်နဝါရီ(၂)ရက်နေ့နှင့် (၃) ရက်နေ့များတွင် အတက်နှင့် အဆင်းကားများကို နောင်ချိုမြို့နှင့် ကျောက်မဲမြို့ရှိ တိုးဂိတ်များတွင် အချိန်ခွဲ၍ ဖြတ်သန်းစေရန် စီစဉ်ထားခြင်းဖြစ်ကြောင်း Oriental Highway Co.ltd မှ သိရသည်။

အဆိုပါ လမ်းပိုင်းတွင် ပိတ်မိနေသည့် ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် နောင်ချိုမြို့နှင့် ကျောက်မဲမြို့တို့ရှိ စေတနာရှင်များက ထမင်း၊ ဟင်း နှင့် သောက်သုံးရေတို့အား သွားရောက်လှူဒါန်းမှုပြုလုပ်လျက်ရှိပြီး နှစ်ဖက်မြို့များရှိ ယာဉ်ထိန်း တပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် Oriental Highway Co.ltd မှ ဝန်ထမ်းများလည်းသွားရောက်ကာ ယာဉ်ကြောပိတ်ဆို့မှုအတွင်း ဖြတ်သန်းသွားလာမှုများကို စနစ်တကျရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #အာကာမြင့်အောင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~