ေက်ာက္မဲၿမိဳ႕ေပၚသို႔ စစ္ေဘးေရွာင္လာသည့္ အာေျပာင္ေက်းရြာမွ လူဦးေရ(၂၀၀)ေက်ာ္ ေနရပ္သို႔ ျပန္

ေက်ာက္မဲၿမိဳ႕ေပၚသို႔ စစ္ေဘးေရွာင္လာသည့္ အာေျပာင္ေက်းရြာမွ လူဦးေရ(၂၀၀)ေက်ာ္ ေနရပ္သို႔ ျပန္
ဇန်နဝါရီ 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕သို႔ စစ္ေဘးတိမ္းေရွာင္လာသည့္ မိုင္းေငါ့ၿမိဳ႕အနီးရွိ အာေျပာင္ေက်းရြာမွ စစ္ေဘးေရွာင္ (၂၁၄)ဦး ဇန္န၀ါရီလ(၂၅)ရက္ေန႔တြင္ ေနရပ္သို႔ ျပန္သြားၿပီျဖစ္ၿပီး ခရီးစဥ္အတြင္း လိုအပ္သည့္ ပို႔ေဆာင္ေရး ေမာ္ေတာ္ယာဥ္မ်ားအား ေက်ာက္မဲစစ္ေဘးေရွာင္ေကာ္မတီက စီစဥ္ေပးထားေၾကာင္းႏွင့္ စားေသာက္ကုန္မ်ားအား ေထာက္ပံ့မႈေပးထားေၾကာင္း သိရသည္။

မိုင္းေငါ့ၿမိဳ႕အနီးရွိ အာေျပာင္ေက်းရြာမွ စစ္ေဘးေရွာင္ (၂၁၄)ဦးသည္ ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၂၉)ရက္ေန႔က တိမ္းေရွာင္လာျခင္း ျဖစ္ၿပီး ဇန္န၀ါရီလ(၂၅)ရက္ေန႔တြင္  ေက်ာက္မဲစစ္ေဘးေရွာင္ ေကာ္မတီ၏ စီစဥ္ေပးမႈျဖင့္ ျပန္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

"အမွတ္(၈)ရပ္ကြက္မွာရွိတဲ့ သႏၱိသုခေက်ာင္း/ဘိုးဘိုးဦးသာေအာင္ရဲ႕ ေက်ာင္းမွာေန ေနတဲ့ အာေျပာင္ေက်းရြာက စစ္ေဘးေရွာင္ေတြကေတာ့ ဒီေန႔နံနက္ကေနစၿပီး သူတို႔ေနရပ္ေတြကို ျပန္သြားၾကၿပီ၊ လူတစ္ဦးခ်င္းစီ အတြက္ ခြဲတမ္းက် ေထာက္ပံ့မႈေပးထားသလို သူတို႔ေတြကို ပုိ႔ေဆာင္ေပးဖို႔ ေမာ္ေတာ္ယာဥ္ ေတြလည္း စီစဥ္ ေပးထားပါတယ္၊ က်န္တဲ့စခန္းေတြက စစ္ေရွာင္ေတြကေတာ့ ဒီေန႔ မျပန္ျဖစ္ၾကေသးဘူး” ဟု ေက်ာက္မဲစစ္ေဘးေရွာင္ေကာ္မတီမွ ဥကၠဌ ဦးတင္ေမာင္ဦး က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ဇန္နဝါရီလ (၂၅) ရက္ေန႔တြင္ ေက်ာက္မဲၿမိဳ႕ အမွတ္(၈) ရပ္ကြက္ရွိ သႏၱိသုခ ေက်ာင္းတိုက္မွ စစ္ေဘးေရွာင္ ဦးေရ (၂၀၀)ေက်ာ္ ႏွင့္ ပိႏၷဲကုန္း ေက်းရြာအုပ္စုရွိ ဝါဆိုေက်ာင္းတိုက္မွ စစ္ေဘးေရွာင္ ဦးေရ (၁၉၈) ဦးတို႔ ေနရပ္မ်ားျပန္ရန္ စီစဥ္ထားေသာ္လည္း လိုက္လံပို႔ေဆာင္မည့္ ေမာ္ေတာ္ယာဥ္ လံုေလာက္မႈ မရွိသည့္အတြက္ သႏၱိသုခစစ္ေဘးေရွာင္စခန္းရွိ အာေျပာင္ေက်းရြာေဒသခံမ်ားကိုသာ ယေန႔ပို႔ေဆာင္ေပးႏိုင္ျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

ဇန္န၀ါရီလ(၂၅)ရက္ေန႔တြင္ ေနရပ္ျပန္ စစ္ေဘးေရွာင္ (၂၁၄) ဦးတို႔အတြက္ လူႀကီးတစ္ဦးလွ်င္ ဆန္(၈)ျပည္၊ ကေလးတစ္ဦးလွ်င္ ဆန္ (၄) ျပည္ ႏႈန္း၊ လူဦးေရ တစ္ဦးလွ်င္ ေငြက်ပ္ (၅၀၀၀) ႏွင့္ ဆီ (၅၀) က်ပ္သား အပါအဝင္ ဟင္းခ်က္စရာမ်ားကိုလည္း ေဝပံုက်အျဖစ္ ေက်ာက္မဲစစ္ေဘးေရွာင္ေကာ္မတီမွ ေထာက္ပ့ံခြဲေဝေပးထားေၾကာင္း သိရွိရသည္။

 
သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့သို့ စစ်ဘေးတိမ်းရှောင်လာသည့် မိုင်းငေါ့မြို့အနီးရှိ အာပြောင်ကျေးရွာမှ စစ်ဘေးရှောင် (၂၁၄)ဦး ဇန်နဝါရီလ(၂၅)ရက်နေ့တွင် နေရပ်သို့ ပြန်သွားပြီဖြစ်ပြီး ခရီးစဉ်အတွင်း လိုအပ်သည့် ပို့ဆောင်ရေး မော်တော်ယာဉ်များအား ကျောက်မဲစစ်ဘေးရှောင်ကော်မတီက စီစဉ်ပေးထားကြောင်းနှင့် စားသောက်ကုန်များအား ထောက်ပံ့မှုပေးထားကြောင်း သိရသည်။

မိုင်းငေါ့မြို့အနီးရှိ အာပြောင်ကျေးရွာမှ စစ်ဘေးရှောင် (၂၁၄)ဦးသည် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့က တိမ်းရှောင်လာခြင်း ဖြစ်ပြီး ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကျောက်မဲစစ်ဘေးရှောင် ကော်မတီ၏ စီစဉ်ပေးမှုဖြင့် ပြန်ကြခြင်းဖြစ်ကြောင်း သိရသည်။

"အမှတ်(၈)ရပ်ကွက်မှာရှိတဲ့ သန္တိသုခကျောင်း/ဘိုးဘိုးဦးသာအောင်ရဲ့ ကျောင်းမှာနေ နေတဲ့ အာပြောင်ကျေးရွာက စစ်ဘေးရှောင်တွေကတော့ ဒီနေ့နံနက်ကနေစပြီး သူတို့နေရပ်တွေကို ပြန်သွားကြပြီ၊ လူတစ်ဦးချင်းစီ အတွက် ခွဲတမ်းကျ ထောက်ပံ့မှုပေးထားသလို သူတို့တွေကို ပို့ဆောင်ပေးဖို့ မော်တော်ယာဉ် တွေလည်း စီစဉ် ပေးထားပါတယ်၊ ကျန်တဲ့စခန်းတွေက စစ်ရှောင်တွေကတော့ ဒီနေ့ မပြန်ဖြစ်ကြသေးဘူး” ဟု ကျောက်မဲစစ်ဘေးရှောင်ကော်မတီမှ ဥက္ကဌ ဦးတင်မောင်ဦး က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျောက်မဲမြို့ အမှတ်(၈) ရပ်ကွက်ရှိ သန္တိသုခ ကျောင်းတိုက်မှ စစ်ဘေးရှောင် ဦးရေ (၂၀၀)ကျော် နှင့် ပိန္နဲကုန်း ကျေးရွာအုပ်စုရှိ ဝါဆိုကျောင်းတိုက်မှ စစ်ဘေးရှောင် ဦးရေ (၁၉၈) ဦးတို့ နေရပ်များပြန်ရန် စီစဉ်ထားသော်လည်း လိုက်လံပို့ဆောင်မည့် မော်တော်ယာဉ် လုံလောက်မှု မရှိသည့်အတွက် သန္တိသုခစစ်ဘေးရှောင်စခန်းရှိ အာပြောင်ကျေးရွာဒေသခံများကိုသာ ယနေ့ပို့ဆောင်ပေးနိုင်ခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။

ဇန်နဝါရီလ(၂၅)ရက်နေ့တွင် နေရပ်ပြန် စစ်ဘေးရှောင် (၂၁၄) ဦးတို့အတွက် လူကြီးတစ်ဦးလျှင် ဆန်(၈)ပြည်၊ ကလေးတစ်ဦးလျှင် ဆန် (၄) ပြည် နှုန်း၊ လူဦးရေ တစ်ဦးလျှင် ငွေကျပ် (၅၀၀၀) နှင့် ဆီ (၅၀) ကျပ်သား အပါအဝင် ဟင်းချက်စရာများကိုလည်း ဝေပုံကျအဖြစ် ကျောက်မဲစစ်ဘေးရှောင်ကော်မတီမှ ထောက်ပံ့ခွဲဝေပေးထားကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~