တာခ်ီလိတ္ရဲစခန္းရွိ အခ်ဳပ္မွ ေခါင္မိုးေဖာက္ထြက္ေျပးသည့္ တရားခံငါးဦးအနက္ ေနာက္ဆံုးလြတ္ေျမာက္ေနသူအား ဖမ္းမိ

တာခ်ီလိတ္ရဲစခန္းရွိ အခ်ဳပ္မွ ေခါင္မိုးေဖာက္ထြက္ေျပးသည့္ တရားခံငါးဦးအနက္ ေနာက္ဆံုးလြတ္ေျမာက္ေနသူအား ဖမ္းမိ
ဇန်နဝါရီ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရွိ ၿမိဳ႕မရဲစခန္းအခ်ဳပ္မွ ဇန္နဝါရီလ (၆)ရက္ေန႔ နံနက္တြင္ ထြက္ေျပးသြားသူ (၅)ဦးအနက္ ေနာက္ဆံုး လြတ္ေျမာက္ေနသူတစ္ဦးအား ဇန္နဝါရီလ (၈)ရက္ေန႔ ညေန ၅ နာရီဝန္းက်င္တြင္ ျပန္လည္ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း ကနဦး သတင္းရရွိသည္။

“ဒီေန႔ပဲ ေနာက္ဆံုးက်န္တဲ့တစ္ေယာက္ ဖမ္းဆီးရမိထားပါၿပီ”ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီးထိန္ဝင္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ထြက္ေျပးသည့္ အခ်ဳပ္သား (၅)ဦးအနက္ ဇန္နဝါရီလ (၆)ရက္ေန႔ ညေနပိုင္းအခ်ိန္ထိ (၃)ဦးအား ျပန္လည္ ဖမ္းဆီးရမိထားၿပီး ဇန္နဝါရီလ (၇)ရက္ေန႔တြင္ လြတ္ေျမာက္ေနသူ(၂)ဦးမွ တစ္ဦးကိုလည္းေကာင္း ဇန္နဝါရီလ (၈)ေန႔တြင္ ေနာက္ဆံုး လြတ္ေျမာက္ေနသည့္ အခ်ဳပ္သားအား လည္းေကာင္း ျပန္လည္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ထြက္ေျပးသြားသည့္ အခ်ဳပ္သား (၅)ဦးတြင္ အမႈရင္ဆိုင္ေနဆဲ (၃)ဦးႏွင့္ ျပစ္ဒဏ္က် (၂)ဦးတို႔ ပါဝင္ေၾကာင္း သိရၿပီး အခ်ဳပ္ခန္းအမိုးအား ေဖါက္၍ထြက္ေျပးျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့မရဲစခန်းအချုပ်မှ ဇန်နဝါရီလ (၆)ရက်နေ့ နံနက်တွင် ထွက်ပြေးသွားသူ (၅)ဦးအနက် နောက်ဆုံး လွတ်မြောက်နေသူတစ်ဦးအား ဇန်နဝါရီလ (၈)ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် ပြန်လည်ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကနဦး သတင်းရရှိသည်။

“ဒီနေ့ပဲ နောက်ဆုံးကျန်တဲ့တစ်ယောက် ဖမ်းဆီးရမိထားပါပြီ”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ထွက်ပြေးသည့် အချုပ်သား (၅)ဦးအနက် ဇန်နဝါရီလ (၆)ရက်နေ့ ညနေပိုင်းအချိန်ထိ (၃)ဦးအား ပြန်လည် ဖမ်းဆီးရမိထားပြီး ဇန်နဝါရီလ (၇)ရက်နေ့တွင် လွတ်မြောက်နေသူ(၂)ဦးမှ တစ်ဦးကိုလည်းကောင်း ဇန်နဝါရီလ (၈)နေ့တွင် နောက်ဆုံး လွတ်မြောက်နေသည့် အချုပ်သားအား လည်းကောင်း ပြန်လည် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးသွားသည့် အချုပ်သား (၅)ဦးတွင် အမှုရင်ဆိုင်နေဆဲ (၃)ဦးနှင့် ပြစ်ဒဏ်ကျ (၂)ဦးတို့ ပါဝင်ကြောင်း သိရပြီး အချုပ်ခန်းအမိုးအား ဖောက်၍ထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~