အင္းဒင္ေက်းရြာသုႆန္၌ လူမ်ားသတ္ျဖတ္ခံရမႈတြင္ ရြာသားမ်ားႏွင့္ လံုၿခံဳေရးတပ္ဖြဲ႔ဝင္မ်ား ပါဝင္ေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္

အင္းဒင္ေက်းရြာသုႆန္၌ လူမ်ားသတ္ျဖတ္ခံရမႈတြင္ ရြာသားမ်ားႏွင့္ လံုၿခံဳေရးတပ္ဖြဲ႔ဝင္မ်ား ပါဝင္ေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္
ဇန်နဝါရီ 10, 2018
By 🌸
ရခုိင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ အင္းဒင္ေက်းရြာသုႆန္၌ ျဖစ္ပြားခဲ့သည့္ သတ္ျဖတ္ျမႇဳပ္ႏွံမႈတြင္ ရြာသားမ်ားႏွင့္အတူ လံုၿခံဳေရးတပ္ဖြဲ႔ဝင္မ်ားပါဝင္ေၾကာင္း စစ္ေဆးေတြ႔ရိွရသျဖင့္ တိုက္ရိုက္ပါဝင္သူမ်ားႏွင့္ ကြပ္ကဲရန္ တာဝန္ရိွသူမ်ားကို အေရးယူေဆာင္ရြက္မည္ျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက ဇန္နဝါရီလ (၁၀)ရက္ေန႔တြင္ သတင္းထုတ္ျပန္လိုက္သည္။

အင္းဒင္ေက်းရြာသုႆန္၌ အမည္မသိ႐ုပ္အေလာင္းမ်ားေတြ႕ရွိမႈျဖစ္စဥ္တြင္ အင္းဒင္ေက်းရြာမွ ရြာသားအခ်ဳိ႕ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဘဂၤါလီအၾကမ္းဖက္သမား (၁၀) ဦးကို သတ္ျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း ၀န္ခံထြက္ဆုိခဲ့သျဖင့္ ပါဝင္ပတ္သက္သည့္ ရြာသားမ်ားႏွင့္ ထိေတြ႕တုိက္ခိုက္မႈ စည္းမ်ဥ္းမ်ားအား ခ်ိဳးေဖာက္ခဲ့ေသာ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားကို ဥပေဒႏွင့္အညီ အေရးယူ ေဆာင္ရြက္မည့္အျပင္ အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အထက္ဌာနအဆင့္ဆင့္သို႔ တင္ျပခဲ့ျခင္းမရွိေၾကာင္း ေတြ႕ရွိရသျဖင့္ ျဖစ္စဥ္တြင္ တုိက္႐ုိက္ပါ၀င္ပတ္သက္မႈမရွိေသာ္လည္း ကြပ္ကဲရန္တာ၀န္ရွိသူမ်ားကိုလည္း လုိအပ္သလုိေဖာ္ ထုတ္အေရးယူေဆာင္ရြက္သြားမည္ျဖစ္ကာ အေရးယူေဆာင္ရြက္ၿပီးစီးမႈအေျခအေနမ်ား ကိုလည္း သတင္းထုတ္ျပန္ သြားမည္ျဖစ္သည္ဟု ထုတ္ျပန္ထားသည္။

အမည္မေဖာ္လုိသူတစ္ဦးက သတင္းပို႔တုိင္ၾကားလာမႈအေပၚ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ား ပါ၀င္ပတ္သက္ခဲ့မႈရွိ/မရွိ စစ္ေဆးရန္အတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေအးဝင္း ဦးစီးသည့္ အဖြဲ႕၀င္ (၅) ဦးပါ၀င္ေသာစုံစမ္းစစ္ေဆးေရးအဖြဲ႕သည္ အခင္းျဖစ္ပြားရာ နယ္ေျမေဒသသို႔ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလ (၂၀) ရက္ေန႔တြင္ သြားေရာက္ၿပီး တပ္မေတာ္သား သက္ေသ (၂၁) ဦး၊ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕၀င္ (၃) ဦး၊ အမွတ္(၈) လုံၿခဳံေရးတပ္ဖြဲ႕ခြဲ မွ တပ္ဖြဲ႕၀င္ (၁၃) ဦး၊ အင္းဒင္ရြာသား (၆) ဦးႏွင့္ ဌာနဆုိင္ရာ၀န္ထမ္း (၆) ဦးတုိ႔ကို စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ အင္းဒင္ေက်းရြာအုပ္စုရိွ အင္းဒင္(ရခုိင္)ရြာ၊ ပဲ႐ုံ(နတလ)ရြာ ႏွစ္ရြာႏွင့္ ဘဂၤါလီရြာ သံုးရြာတို႔ရိွၿပီး၂၀၁၆ ခုနွစ္၊ ေအာက္တုိဘာလ (၉) ရက္ေန႔ တုိက္ခုိက္မႈျဖစ္ၿပီးေနာက္ ဘဂၤါလီမ်ားက တုိင္းရင္းသားရြာမ်ားအား ၿခိမ္းေျခာက္မႈမ်ားရိွခဲ့ကာ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ (၂၅) ရက္ေန႔တြင္ အင္းဒင္ေက်းရြာသား ဦးေမာင္နီအား ဘဂၤါလီအၾကမ္းဖက္သမားမ်ားက လယ္ေတာသုိ႔သြားစဥ္ ဝုိင္းဝန္းဖမ္းဆီးသတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။

 အင္းဒင္ဘဂၤါလီေက်းရြာမွ ဘဂၤါလီမ်ားက ၾသဂုတ္လ (၂၅) ရက္ေန႔မွစ၍ အင္းဒင္တုိင္းရင္းသားရြာကို တုတ္၊ ဓားမ်ားကုိင္ၿပီး အေဝးမွ ေန႔/ညလူအုပ္ျဖင့္ ဝိုင္းဝန္းၿခိမ္းေျခာက္ျခင္း၊  ၎တို႔ရြာဘက္မွေန၍ အသံခ်ဲ႕စက္ျဖင့္ ၿခိမ္းေျခာက္ျခင္းမ်ားေၾကာင့္ တိုင္းရင္းသားရြာမွ ရြာသားမ်ားသည္ အင္းဒင္ေက်းရြာဘုန္းေတာ္ႀကီးေက်ာင္းတြင္ စုစည္းေနထုိင္ကာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လံုၿခံဳေရးယူေပးခဲ့ရေၾကာင္း သိရသည္။

အင္းဒင္ေက်းရြာတြင္ လုံၿခဳံေရးေဆာင္ရြက္ေနေသာ လုံၿခံဳေရးတပ္ဖြဲ႕၀င္မ်ားသည္ စက္တင္ဘာလ (၁) ရက္ေန႔တြင္ ပင္လယ္ကမ္းစပ္ဘက္သို႔ နယ္ေျမရွင္းလင္းစဥ္ ဘဂၤါလီအၾကမ္းဖက္အင္အား (၂၀၀) ဦးခန္႔က တုတ္၊ ဓားမ်ား ကိုင္ေဆာင္ကာ ၀ုိင္းရံတုိက္ခိုက္ခဲ့သျဖင့္ ေသနတ္မုိးေပၚေထာင္ေဖာက္၍ သတိေပးတား ျမစ္ခဲ့ၿပီးေနာက္ ဘဂၤါလီမ်ားထြက္ေျပးသျဖင့္ လုိက္လံဖမ္းဆီးရာ ဘဂၤါလီအၾကမ္းဖက္သမား (၁၀) ဦးအား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္ဟု စစ္ေဆးေတြ႔ရိွရေၾကာင္း ထုတ္ျပန္သည္။

ဖမ္းဆီးရမိသူ (၁၀) ဦးအား လုပ္ထုံးလုပ္နည္းႏွင့္အညီ ရဲစခန္းသို႔ အပ္ႏွံရမည္ျဖစ္ေသာ္လည္း အင္းဒင္နယ္ေျမရဲစခန္းရွိ ေမာ္ေတာ္ယာဥ္ႏွစ္စီးအား သေဘၤာေကြ႕ေက်းရြာတြင္ ဘဂၤါလီ အၾကမ္းဖက္ သမားမ်ားက မုိင္းဆြဲတုိက္ခိုက္မီး႐ႈိ႕ဖ်က္ဆီးခဲ့ျခင္း၊ ထုိအခ်ိန္ကာလ ၎နယ္ေျမ၀န္းက်င္တစ္၀ုိက္၌ အၾကမ္းဖက္တုိက္ခိုက္မႈမ်ား ဆက္တုိက္ျဖစ္ပြားလ်က္ရွိသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားသည္ နယ္ေျမ တည္ၿငိမ္ေအးမႈ ထိန္းသိမ္းေရးအား ျဖန္႔ခြဲေဆာင္ရြက္ေနရသည့္အတြက္ ရဲစခန္းသို႔ လက္ဆင့္ကမ္း ပို႔ေဆာင္ႏုိင္သည့္ အေျခအေနမရွိျခင္းတုိ႔ေၾကာင့္ ၎တို႔အား သုႆန္သို႔ ေခၚေဆာင္သတ္ျဖတ္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္ဟု စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

၎ဘဂၤါလီအၾကမ္းဖက္သမား (၁၀) ဦးအား စာသင္ေက်ာင္း၌ ဖမ္းဆီးထိန္းသိမ္းထားရာမွ စက္တင္ဘာလ (၂) ရက္ေန႔ နံနက္ (၈) နာရီတြင္ အင္းဒင္ေက်းရြာ ပဲ႐ုံသုႆန္သုိ႔ အင္းဒင္ရြာသားမ်ားက လမ္းျပၿပီး လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက လုံၿခဳံေရးလုိက္ပါေဆာင္ရြက္ ေခၚေဆာင္သြားၿပီး ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ သတ္ျဖတ္ျခင္းခံရသူ ဦးေမာင္နီ၏ သားမ်ားအပါအ၀င္ ရြာသား (၁၀) ဦးက ဓားႏွင့္ ေပါက္ျပားမ်ားကိုင္ေဆာင္၍ လိုက္ပါသြားခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရသည္ဟု သိရသည္။

ပဲ႐ုံသုႆန္ ေတာင္ကုန္း ႏွစ္ခုၾကား လွ်ဳိအတြင္း က်င္းတူးကာ ဖမ္းဆီးထားသူ (၁၀) ဦးအား က်င္းအတြင္း ဆင္းေစၿပီး ရြာသားအခ်ိဳ႕က ဓါးျဖင့္ခုတ္ၿပီး လုံၿခဳံေရးတပ္ဖြဲ႕၀င္ (၄) ဦးကလည္း ေသနတ္ျဖင့္ ၀င္ေရာက္ပစ္ခတ္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္ဟု သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ လူသတ္မႈႏွင့္ပတ္သက္၍ အင္းဒင္နယ္ေျမရဲစခန္းတြင္ (ပ)၄၀/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/ ၃၄/ ၂၀၁ (လူသတ္မႈ/ ပူးေပါင္းႀကံစည္မႈ/ သက္ေသခံပစၥည္းေဖ်ာက္ဖ်က္မႈ)ျဖင့္ အမႈစံုစမ္း ေဆာင္ရြက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
အင်းဒင်ကျေးရွာသုဿန်၌ လူများသတ်ဖြတ်ခံရမှုတွင် ရွာသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း တပ်မတော်သတင်းထုတ်ပြန်
********
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿန်၌ ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မြှုပ်နှံမှုတွင် ရွာသားများနှင့်အတူ လုံခြံုရေးတပ်ဖွဲ့ဝင်များပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တိုက်ရိုက်ပါဝင်သူများနှင့် ကွပ်ကဲရန် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီလ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

အင်းဒင်ကျေးရွာသုဿန်၌ အမည်မသိရုပ်အလောင်းများတွေ့ရှိမှုဖြစ်စဉ်တွင် အင်းဒင်ကျေးရွာမှ ရွာသားအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီအကြမ်းဖက်သမား (၁၀) ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့သဖြင့် ပါဝင်ပတ်သက်သည့် ရွာသားများနှင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများအား ချိုးဖောက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည့်အပြင် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြခဲ့ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်တွင် တိုက်ရိုက်ပါ၀င်ပတ်သက်မှုမရှိသော်လည်း ကွပ်ကဲရန်တာဝန်ရှိသူများကိုလည်း လိုအပ်သလိုဖော် ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ အရေးယူဆောင်ရွက်ပြီးစီးမှုအခြေအနေများ ကိုလည်း သတင်းထုတ်ပြန် သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အမည်မဖော်လိုသူတစ်ဦးက သတင်းပို့တိုင်ကြားလာမှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါ၀င်ပတ်သက်ခဲ့မှုရှိ/မရှိ စစ်ဆေးရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီးသည့် အဖွဲ့ဝင် (၅) ဦးပါ၀င်သောစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အခင်းဖြစ်ပွားရာ နယ်မြေဒေသသို့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် သွားရောက်ပြီး တပ်မတော်သား သက်သေ (၂၁) ဦး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၃) ဦး၊ အမှတ်(၈) လုံခြုံရေးတပ်ဖွဲ့ခွဲ မှ တပ်ဖွဲ့ဝင် (၁၃) ဦး၊ အင်းဒင်ရွာသား (၆) ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်း (၆) ဦးတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိချက်များအရ အင်းဒင်ကျေးရွာအုပ်စုရှိ အင်းဒင်(ရခိုင်)ရွာ၊ ပဲရုံ(နတလ)ရွာ နှစ်ရွာနှင့် ဘင်္ဂါလီရွာ သုံးရွာတို့ရှိပြီး၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့ တိုက်ခိုက်မှုဖြစ်ပြီးနောက် ဘင်္ဂါလီများက တိုင်းရင်းသားရွာများအား ခြိမ်းခြောက်မှုများရှိခဲ့ကာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့တွင် အင်းဒင်ကျေးရွာသား ဦးမောင်နီအား ဘင်္ဂါလီအကြမ်းဖက်သမားများက လယ်တောသို့သွားစဉ် ဝိုင်းဝန်းဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 အင်းဒင်ဘင်္ဂါလီကျေးရွာမှ ဘင်္ဂါလီများက သြဂုတ်လ (၂၅) ရက်နေ့မှစ၍ အင်းဒင်တိုင်းရင်းသားရွာကို တုတ်၊ ဓားများကိုင်ပြီး အဝေးမှ နေ့/ညလူအုပ်ဖြင့် ဝိုင်းဝန်းခြိမ်းခြောက်ခြင်း၊  ၎င်းတို့ရွာဘက်မှနေ၍ အသံချဲ့စက်ဖြင့် ခြိမ်းခြောက်ခြင်းများကြောင့် တိုင်းရင်းသားရွာမှ ရွာသားများသည် အင်းဒင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စုစည်းနေထိုင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြံုရေးယူပေးခဲ့ရကြောင်း သိရသည်။

အင်းဒင်ကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြံုရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ (၁) ရက်နေ့တွင် ပင်လယ်ကမ်းစပ်ဘက်သို့ နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီအကြမ်းဖက်အင်အား (၂၀၀) ဦးခန့်က တုတ်၊ ဓားများ ကိုင်ဆောင်ကာ ၀ုိင်းရံတိုက်ခိုက်ခဲ့သဖြင့် သေနတ်မိုးပေါ်ထောင်ဖောက်၍ သတိပေးတား မြစ်ခဲ့ပြီးနောက် ဘင်္ဂါလီများထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဘင်္ဂါလီအကြမ်းဖက်သမား (၁၀) ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူ (၁၀) ဦးအား လုပ်ထုံးလုပ်နည်းနှင့်အညီ ရဲစခန်းသို့ အပ်နှံရမည်ဖြစ်သော်လည်း အင်းဒင်နယ်မြေရဲစခန်းရှိ မော်တော်ယာဉ်နှစ်စီးအား သင်္ဘောကွေ့ကျေးရွာတွင် ဘင်္ဂါလီ အကြမ်းဖက် သမားများက မိုင်းဆွဲတိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ထိုအချိန်ကာလ ၎င်းနယ်မြေဝန်းကျင်တစ်ဝိုက်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေ တည်ငြိမ်အေးမှု ထိန်းသိမ်းရေးအား ဖြန့်ခွဲဆောင်ရွက်နေရသည့်အတွက် ရဲစခန်းသို့ လက်ဆင့်ကမ်း ပို့ဆောင်နိုင်သည့် အခြေအနေမရှိခြင်းတို့ကြောင့် ၎င်းတို့အား သုဿန်သို့ ခေါ်ဆောင်သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

၎င်းဘင်္ဂါလီအကြမ်းဖက်သမား (၁၀) ဦးအား စာသင်ကျောင်း၌ ဖမ်းဆီးထိန်းသိမ်းထားရာမှ စက်တင်ဘာလ (၂) ရက်နေ့ နံနက် (၈) နာရီတွင် အင်းဒင်ကျေးရွာ ပဲရုံသုဿန်သို့ အင်းဒင်ရွာသားများက လမ်းပြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလိုက်ပါဆောင်ရွက် ခေါ်ဆောင်သွားပြီး ဘင်္ဂါလီအကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံရသူ ဦးမောင်နီ၏ သားများအပါအဝင် ရွာသား (၁၀) ဦးက ဓားနှင့် ပေါက်ပြားများကိုင်ဆောင်၍ လိုက်ပါသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

ပဲရုံသုဿန် တောင်ကုန်း နှစ်ခုကြား လျှိုအတွင်း ကျင်းတူးကာ ဖမ်းဆီးထားသူ (၁၀) ဦးအား ကျင်းအတွင်း ဆင်းစေပြီး ရွာသားအချို့က ဓါးဖြင့်ခုတ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် (၄) ဦးကလည်း သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ အင်းဒင်နယ်မြေရဲစခန်းတွင် (ပ)၄၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၄/ ၂၀၁ (လူသတ်မှု/ ပူးပေါင်းကြံစည်မှု/ သက်သေခံပစ္စည်းဖျောက်ဖျက်မှု)ဖြင့် အမှုစုံစမ်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~