တာချီလိတ်တွင် နေ့လယ်ပိုင်းကပျောက်သွားသည့် မူလတန်းကျောင်းသူနှစ်ဦး မယ်ဆိုင်တွင်ပြန်တွေ့

တာချီလိတ်တွင် နေ့လယ်ပိုင်းကပျောက်သွားသည့် မူလတန်းကျောင်းသူနှစ်ဦး မယ်ဆိုင်တွင်ပြန်တွေ့
ဇန်နဝါရီ 22, 2018
By Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ တာလော့ရပ်ကွက် မူလတန်းကျောင်းမှ ဇန်နဝါရီလ (၂၂)ရက်နေ့ နေ့လယ်ပိုင်းတွင် ပျောက်သွားသည့် ပထမတန်းကျောင်းသူနှစ်ဦးကို ယင်းနေ့ ညနေ(၅)နာရီကျော်တွင် မယ်ဆိုင်မြို့ရှိ ပလာဇာတစ်ခုတွင် ပြန်တွေ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကလေးနှစ်ဦးအား မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားအနီး မယ်ဆိုင်မြို့ဘက်ရှိ ဟုန်းဖပလာဇာတွင် ကလေး၏ ဦးလေးဖြစ်သူက တွေ့ရသဖြင့် ပြန်လည်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~