တာချီလိတ်တွင် ပြုလုပ်မည့် အထက(တာချီလိတ်)၏ ၁၉၆၀ ခုနှစ်မှ ၂၀၀၀ခုနှစ်အထိ ကျောင်းသူ/သားဟောင်းများ မိတ်ဆုံစားပွဲသို့ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး (၁၀)ဦးခန့် တက်ရောက်မည်

တာချီလိတ်တွင် ပြုလုပ်မည့် အထက(တာချီလိတ်)၏ ၁၉၆၀ ခုနှစ်မှ ၂၀၀၀ခုနှစ်အထိ ကျောင်းသူ/သားဟောင်းများ မိတ်ဆုံစားပွဲသို့ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး (၁၀)ဦးခန့် တက်ရောက်မည်
ဇနျနဝါရီ 5, 2018
By Tachileik News Agency




၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၇)ရက်နေ့ ညနေ(၅)နာရီကစ၍ တာချီလိတ်မြို့ရှိ Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၏ ရှေ့မျက်နှာစာ၌ ကျင်းပမည့် အဆိုပါ ပွဲသို့ အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိနေသည့် အထက(တာချီလိတ်)၏ ကျောင်းသား၊ ကျောင်းသူဟောင်းများ လာရောက် ဆင်နွှဲကြမည် ဖြစ်ပြီး၊ မိတ်ဆုံစားပွဲသို့ ဖိတ်ကြားထားသည့် ၁၉၇၀ ၀န်းကျင်က ပညာသင်ကြားခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများကိုလည်း ဖိတ်ကြားရာတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများ အနေဖြင့် မိမိတို့၏ ဆရာကြီး၊ ဆရာမကြီးများအား ရွေးချယ် ကန်တော့နိုင်ရန် အတွက်လည်း စီစဉ်ထားရှိကြောင်း သိရသည်။


ယင်းအပြင်   မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(တာချီလိတ်)တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဦးစိုင်းလုံ နှင့် ဦးဘထွန်း၊ တာချီလိတ်မြို့နယ်ပြည်သူ့ကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကြသည့် ဦးစိုင်းလုံမား၊ ဦးစိုင်းထွန်းရီ၊ ဦးကြည်သိန်း၊ ဦးထွန်းရွှေ၊ ဦးစိုင်းလေးမောင် နှင့် ဦးလျှဲန်ခူးမား အပြင် သီးခြားအနေဖြင့် ဖိတ်ကြားထားသူများလည်း ပါဝင်မည်ဖြစ်ကြောင်း  သိရသည်။

ရပ်နီးရပ်ဝေးရှိ အထက(တာချီလိတ်)မှ ကျောင်းသူ ကျောင်းသားဟောင်းများ အနေဖြင့် ဒေါ်တင်မေထွန်း ( 09445533727 ) ၊ ဦးတင်ဝင်း ( 095241244 ) ၊ ဦးဟန်ဝင်း ( 09252355746 )၊ ဦးအောင်ကျော်ဝင်းစိန် ( 09250857449 )၊ ဦးစိုင်းကျင်လေး ( 095114895 )၊ ဦးစိုင်းခမ်းလျှဲန် ( 09253717247 ) ၊ ဦးဂျွန်ရီ ( 095240445 ) နှင့် ဒေါ်မေဒေး ( 09260997481 ) စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ မိတ်ဆုံစားပွဲနှင့် ပတ်သက်သည်များအား မေးမြန်းနိုင်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ပညာ သင်ကြားခဲ့ကြသော ၁၉၆၀ ခုနှစ်မှ ၂၀၀၀ခုနှစ် အချိန်အထိ သက်ဆိုင်သည့် ကျောင်းသူ၊ ကျောင်းသား ဟောင်းများမှ မိတ်ဆုံစားပွဲအား ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့တွင် တာချီလိတ်မြို့ရှိ Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၌ ကျင်းပပြုလုပ်ရန် စားဝိုင်းလက်မှတ်များနှင့် အမှတ်တရ အင်္ကျီများ ရောင်းချထားပြီးဖြစ်ရာ အမှတ်တရ အင်္ကျီများအား စာရင်းပေးထားသူများ ထံတွင် ရယူနိုင်မည် ဖြစ်ကြောင်း နှင့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီး (၁၀)ဦးခန့် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

"အမှတ်တရ အင်္ကျီတွေကို ထိုင်းဘက်က မှာထားတာပါ၊ အခုရလာပြီဖြစ်လို့ စာရင်းပေး ဝယ်ယူထားသူများအနေနဲ့ စာရင်းပေးထားသူများထံ ဆက်သွယ်ပြီး ရယူနိုင်ပါပြီ"ဟု အဆိုပါပွဲ ကျင်းပရေးအဖွဲ့မှ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးတင်ဝင်းက ပြောသည်။

အဆိုပါ ပွဲတွင် စားဝိုင်းများအတွက် ဟော့ပေါ့များဖြင့် စီစဉ်ထားရှိပြီး စားဝိုင်း လက်မှတ် တစ်စောင်လျှင် ဘတ်(၃၀၀)ဖြင့် လည်းကောင်း၊ အမှတ်တရ အင်္ကျီတစ်ထည်လျှင် ဘတ်(၃၅၀)ဖြင့် လည်းကောင်း ရောင်းချပေးခဲ့ပြီး၊ စာရေးပေးသွင်း မှာထားသည့် အမှတ်တရအင်္ကျီများအား စာရင်းပေးသွင်း ထားသူများထံတွင် ဆက်သွယ်ရယူနိုင်မှာ ဖြစ်သည်။

၂၀၁၈ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့ ညနေ(၅)နာရီကစ၍ တာချီလိတ်မြို့ရှိ Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၏ ရှေ့မျက်နှာစာ၌ ကျင်းပမည့် အဆိုပါ ပွဲသို့ အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိနေသည့် အထက(တာချီလိတ်)၏ ကျောင်းသား၊ ကျောင်းသူဟောင်းများ လာရောက် ဆင်နွှဲကြမည် ဖြစ်ပြီး၊ မိတ်ဆုံစားပွဲသို့ ဖိတ်ကြားထားသည့် ၁၉၇၀ ဝန်းကျင်က ပညာသင်ကြားခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများကိုလည်း ဖိတ်ကြားရာတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများ အနဖြေင့် မိမိတို့၏ ဆရာကြီး၊ ဆရာမကြီးများအား ရွေးချယ် ကန်တော့နိုင်ရန် အတွက်လည်း စီစဉ်ထားရှိကြောင်း သိရသည်။

မိတ်ဆုံစားပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၏ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများဖြစ်သည့် ဆရာကြီး ဦးဘိုးသိန်းရှင်၊ ဦးခင်မောင်မြင့်၊ ကျောင်းဆရာများဖြစ်ကြသည့် ဦးမောင်ငယ်၊ ဦးကိုကိုကြီး၊ ဦးခင်မောင်၊ ဦးစိုင်းတစ်လုံ၊ ဦးစိန်လွင် နှင့် ဆရာမများဖြစ်ကြသည့် ဒေါ်မိုင်းကာကွန်း၊ ဒေါ်ခင်မေနွှဲ့၊ ဒေါ်ခမ်းမွန်း၊ ဒေါ်မြစိန်၊ တို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(တာချီလိတ်)တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဦးစိုင်းလုံ နှင့် ဦးဘထွန်း၊ တာချီလိတ်မြို့နယ်ပြည်သူ့ကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကြသည့် ဦးစိုင်းလုံမား၊ ဦးစိုင်းထွန်းရီ၊ ဦးကြည်သိန်း၊ ဦးထွန်းရွှေ၊ ဦးစိုင်းလေးမောင် နှင့် ဦးလျှဲန်ခူးမား အပြင် သီးခြားအနဖြေင့် ဖိတ်ကြားထားသူများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ရပ်နီးရပေ်ဝးရှိ အထက(တာချီလိတ်)မှ ကျောင်းသူ ကျောင်းသားဟောင်းများ အနဖြေင့် ဒေါ်တင်မေထွန်း ( 09445533727 )၊ ဦးတင်ဝင်း ( 095241244 )၊ ဦးဟန်ဝင်း ( 09252355746 )၊ ဦးအောင်ကျော်ဝင်းစိန် ( 09250857449 )၊ ဦးစိုင်းကျင်လေး ( 095114895 )၊ ဦးစိုင်းခမ်းလျှဲန် ( 09253717247 )၊ ဦးဂျွန်ရီ ( 095240445 ) နှင့် ဒေါ်မေဒေး ( 09260997481 ) စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ မိတ်ဆုံစားပွဲနှင့် ပတ်သက်သည်များအား မေးမြန်းနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~