တာခ်ီလိတ္တြင္ ဆိုင္ကယ္ခိုးယူလာသည္ဟု ယူဆရသည့္ အမ်ဳိးသားအား ဖမ္းဆီးရမိ၍ ဆုိင္ကယ္ပိုင္ရွင္မွ ရဲစခန္းတြင္ စံုစမ္းႏိုင္

တာခ်ီလိတ္တြင္ ဆိုင္ကယ္ခိုးယူလာသည္ဟု ယူဆရသည့္ အမ်ဳိးသားအား ဖမ္းဆီးရမိ၍ ဆုိင္ကယ္ပိုင္ရွင္မွ ရဲစခန္းတြင္ စံုစမ္းႏိုင္
ဇန်နဝါရီ 29, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ ဖန္မင္ေက်းရြာအုပ္စု ေကာ့မကိန္ရြာတြင္ ဇန္န၀ါရီလ(၂၉)ရက္ေန႔ ေန႔လည္ပိုင္းက မယ္ယန္းရြာဘက္မွ ေကာ့မတိန္ရြာဘက္သို႔ နံပါတ္မပါ ဆိုင္ကယ္တစ္စီး ေမာင္းႏွင္လာသည့္ အမ်ဳိးသားတစ္ဦးအား  မသကၤာဖြယ္ေတြ႔ရသျဖင့္ ရဲစခန္းတြင္ စစ္ေဆးေနေၾကာင္း သိရသည္။

“ဒီလိုအမႈေတြက ဆိုင္ကယ္စီးလာသူကို ေမးလုိက္တဲ့အခါ သူစီးလာတဲ့ဆိုင္ကယ္နဲ႔ပတ္သက္လို႔ ဘာမွမေျပာႏိုင္တာမ်ိဳးေပါ့။ တစ္ခ်ိဳ႕ဆို သူစီးတဲ့ ဆုိင္ကယ္အမ်ိဳးအစား၊ နံပါတ္တို႔စတာေတြ မေျပာႏုိင္ၾကဘူး။ ပိုင္ဆုိင္ေၾကာင္း အေထာက္အထား ဘာမွမေျပာႏိုင္တာ၊ မျပႏုိင္တာမ်ိဳးေပါ့။ ဒီလိုမ်ိဳးမွာ ဆိုရင္ ခုိးလာတာလားဆိုတာ စစ္ေဆးရတယ္။ သူခိုးလာတဲ့ေနရာ သိတယ္ဆိုရင္ေတာ့ ပိုင္ရွင္ ျပန္ေတြ႔တယ္။ အကယ္၍ ပိုင္ရွင္လည္း မေတြ႔ဘူးဆုိရင္ေတာ့ တရားရံုးကို ပိုင္ရွင္မဲ့နဲဲ႔ တင္တဲ့အခါမွာ ႏုိင္ငံေတာ္ပိုင္အျဖစ္ ဆံုးျဖတ္ေလ့ရိွပါတယ္။ ဒီလိုပိုင္ရွင္မဲ့ ဆုိင္ကယ္ျဖစ္သြားတာ ၂၀၁၇ အတြင္းမွာေတာ့ သံုးစီး၊ ေလးစီးေတြ႔တယ္။ အမ်ားအားျဖင့္ေတာ့ ပိုင္ရွင္ ျပန္ေတ႔ြပါတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း ပိုင္ရွင္ေတြက လိုင္စင္မဲ့ျဖစ္ေနေတာ့ သူတို႔စိုးရိမ္ၾကတာေတြလည္းရိွပါတယ္။ ဒီႏွစ္ေတာ့ ပိုင္ရွင္မဲ့ျဖစ္တာ မေတြ႔ေသးပါဘူး”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးၾကည္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

Honda PCX-150 အမ်ိဳးအစားဆုိင္ကယ္အား ေမာင္းႏွင္လာသည့္ အသက္(၃၂)ႏွစ္အရြယ္ရွိ ေစာေမာင္သည္  ၎စီးနင္းလာသည့္ ဆုိင္ကယ္ႏွင့္ ပတ္သက္၍ တစ္စံုတစ္ရာ ေျပာဆို ျပသႏုိင္ျခင္း မရိွသျဖင့္ စစ္ေဆးရာ ခိုးယူလာသည္ဟု ယူဆရသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ စစ္ေဆးေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - ရဲစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု ကော့မကိန်ရွာတွင် ဇန်နဝါရီလ(၂၉)ရက်နေ့ နေ့လည်ပိုင်းက မယ်ယန်းရွာဘက်မှ ကော့မတိန်ရွာဘက်သို့ နံပါတ်မပါ ဆိုင်ကယ်တစ်စီး မောင်းနှင်လာသည့် အမျိုးသားတစ်ဦးအား မသင်္ကာဖွယ်တွေ့ရသဖြင့် ရဲစခန်းတွင် စစ်ဆေးနေကြောင်း သိရသည်။

“ဒီလိုအမှုတွေက ဆိုင်ကယ်စီးလာသူကို မေးလိုက်တဲ့အခါ သူစီးလာတဲ့ဆိုင်ကယ်နဲ့ပတ်သက်လို့ ဘာမှမပြောနိုင်တာမျိုးပေါ့။ တစ်ချို့ဆို သူစီးတဲ့ ဆိုင်ကယ်အမျိုးအစား၊ နံပါတ်တို့စတာတွေ မပြောနိုင်ကြဘူး။ ပိုင်ဆိုင်ကြောင်း အထောက်အထား ဘာမှမပြောနိုင်တာ၊ မပြနိုင်တာမျိုးပေါ့။ ဒီလိုမျိုးမှာ ဆိုရင် ခိုးလာတာလားဆိုတာ စစ်ဆေးရတယ်။ သူခိုးလာတဲ့နေရာ သိတယ်ဆိုရင်တော့ ပိုင်ရှင် ပြန်တွေ့တယ်။ အကယ်၍ ပိုင်ရှင်လည်း မတွေ့ဘူးဆိုရင်တော့ တရားရုံးကို ပိုင်ရှင်မဲ့နဲ့ တင်တဲ့အခါမှာ နိုင်ငံတော်ပိုင်အဖြစ် ဆုံးဖြတ်လေ့ရှိပါတယ်။ ဒီလိုပိုင်ရှင်မဲ့ ဆိုင်ကယ်ဖြစ်သွားတာ ၂၀၁၇ အတွင်းမှာတော့ သုံးစီး၊ လေးစီးတွေ့တယ်။ အများအားဖြင့်တော့ ပိုင်ရှင် ပြန်တွေ့ပါတယ်။ တစ်ချို့ကျတော့လည်း ပိုင်ရှင်တွေက လိုင်စင်မဲ့ဖြစ်နေတော့ သူတို့စိုးရိမ်ကြတာတွေလည်းရှိပါတယ်။ ဒီနှစ်တော့ ပိုင်ရှင်မဲ့ဖြစ်တာ မတွေ့သေးပါဘူး”ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Honda PCX-150 အမျိုးအစားဆိုင်ကယ်အား မောင်းနှင်လာသည့် အသက်(၃၂)နှစ်အရွယ်ရှိ စောမောင်သည်၎င်းစီးနင်းလာသည့် ဆိုင်ကယ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆို ပြသနိုင်ခြင်း မရှိသဖြင့် စစ်ဆေးရာ ခိုးယူလာသည်ဟု ယူဆရသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် စစ်ဆေးဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~