ျပည္ႏွင္ဒဏ္ေပးမည့္ တရုတ္ႏိုင္ငံသား ၅ ဦးအား တာခ်ီလိတ္မွ လားရိႈးသို႔ သြားေရာက္လႊဲေျပာင္း

ျပည္ႏွင္ဒဏ္ေပးမည့္ တရုတ္ႏိုင္ငံသား ၅ ဦးအား တာခ်ီလိတ္မွ လားရိႈးသို႔ သြားေရာက္လႊဲေျပာင္း
ဇန်နဝါရီ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ခ်ဳပ္ေႏွာင္ထားသည့္ ျပည္ႏွင္တရားခံ တရုတ္ ႏုိင္ငံသား (၅)ဦးကို ဇန္နဝါရီလ (၁၄)ရက္ေန႔က ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕သို႔  အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနမွ တာဝန္ရိွသူမ်ားက လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။

ျပည္ႏွင္တရားခံ အမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသားေလးဦးအား ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ဒုတိယျပည္နယ္ ဦးစီးမွဴးရံုး၏ အစီအမံျဖင့္ တစ္ဖက္တရုတ္ႏိုင္ငံသို႔ ျပည္ႏွင္ျခင္း ဆက္လက္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

“ျပည္ႏွင္ခံရတဲ့သူေတြကို အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန တာဝန္ရိွသူေတြက ျပည္ႏွင္ျခင္းကို စီစဥ္ေဆာင္ရြက္ရတယ္။ အရင္ကေတာ့ ရွမ္းအေရွ႕က တရုတ္ႏုိင္ငံဘက္ ျပည္ႏွင္ေတြကို မုိင္းလားလမ္းေၾကာင္းကေန လႊဲတယ္။ ၂၀၁၆ မုိင္းလားလမ္းေၾကာင္း ပိတ္လုိက္ကတည္းက လားရိႈးကေန လႊဲရတယ္။ ရွမ္းအေရွ႕မွာ ျပည္ႏွင္ပို႔ရတာ တရုတ္နဲ႔ ထုိင္းႏိုင္ငံသားေတြ မ်ားတယ္။ အဲ့ဒီထဲမွာ တရုတ္က ပိုမ်ားတယ္”ဟု အဆိုပါ ျပည္ႏွင္လႊဲေျပာင္းအဖြဲ႕မွ တာဝန္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွ ျပည္ႏွင္ခံရသည့္ တရုတ္ႏုိင္ငံသား (၅)ဦးမွာ ျမန္မာႏုိင္ငံအတြင္း တရားဝင္ ဝင္ခြင့္ အေထာက္အထားမပါဘဲ  ဝင္ေရာက္လာစဥ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္  ၂၀၁၇ ခုႏွစ္ ႏုိဝင္ဘာလ (၁၈) ရက္ေန႔က ဖမ္းဆီး ရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔အား ၁၉၄၇ ခုႏွစ္ ျမန္မာႏုိင္ငံ လူဝင္မႈႀကီးၾကပ္ေရး (လတ္တေလာျပဌာန္းခ်က္မ်ား) အက္ဥပေဒပုဒ္မ ၁၃(၁)အရ တာခ်ီလိတ္ၿမိဳ႕နယ္တရားရံုးက ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၂၂)ရက္ေန႔တြင္ တစ္ဦးလွ်င္ ဒဏ္ေငြက်ပ္ ဆယ္သိန္းစီ သို႔မဟုတ္ အလုပ္ႏွင့္ ေထာင္ဒဏ္ ေျခာက္လစီ က်ခံေစရန္ႏွင့္ ေခၚေဆာင္လာသူအား ပို႔/သြင္း အက္ဥပေဒ ပုဒ္မ (၈)ျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္ ႏွစ္လ ထပ္မံက်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တရားခံ(၅)ဦးက ဒဏ္ေငြက်ပ္ဆယ္သိန္းစီအား ေပးေဆာင္ခဲ့ၿပီး အလုပ္ႏွင့္ေထာင္ဒဏ္ႏွစ္လ က်ခံသူမွာလည္း ခ်ဳပ္ရက္မ်ားျဖင့္ တရားရံုးေရွ႕လြတ္ေစသျဖင့္ ျပစ္ဒဏ္မွ လြတ္ေျမာက္ၿပီးျဖစ္ေသာ္လည္း ျပည္ႏွင္မိန္႔ မခ်မီကာလမ်ား အတြင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ဒုတိယအႀကိမ္ (၁၅)ရက္ ခ်ဳပ္ေႏွာင္ထားရိွရာမွ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁၀)ရက္ေန႔တြင္ ျပည္ႏွင္မိန္႔က်လာၿပီျဖစ္၍ အမည္ပ်က္စာရင္း (Black List)ေရးသြင္းကာ ျပည္ႏွင္ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည့် ပြည်နှင်တရားခံ တရုတ် နိုင်ငံသား (၅)ဦးကို ဇန်နဝါရီလ (၁၄)ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ပြည်နှင်တရားခံ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားလေးဦးအား ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒုတိယပြည်နယ် ဦးစီးမှူးရုံး၏ အစီအမံဖြင့် တစ်ဖက်တရုတ်နိုင်ငံသို့ ပြည်နှင်ခြင်း ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ပြည်နှင်ခံရတဲ့သူတွေကို အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြည်နှင်ခြင်းကို စီစဉ်ဆောင်ရွက်ရတယ်။ အရင်ကတော့ ရှမ်းအရှေ့က တရုတ်နိုင်ငံဘက် ပြည်နှင်တွေကို မိုင်းလားလမ်းကြောင်းကနေ လွှဲတယ်။ ၂၀၁၆ မိုင်းလားလမ်းကြောင်း ပိတ်လိုက်ကတည်းက လားရှိုးကနေ လွှဲရတယ်။ ရှမ်းအရှေ့မှာ ပြည်နှင်ပို့ရတာ တရုတ်နဲ့ ထိုင်းနိုင်ငံသားတွေ များတယ်။ အဲ့ဒီထဲမှာ တရုတ်က ပိုများတယ်”ဟု အဆိုပါ ပြည်နှင်လွှဲပြောင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိ ပြည်နှင်ခံရသည့် တရုတ်နိုင်ငံသား (၅)ဦးမှာ မြန်မာနိုင်ငံအတွင်း တရားဝင် ဝင်ခွင့် အထောက်အထားမပါဘဲ ဝင်ရောက်လာစဉ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့က ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အား ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁)အရ တာချီလိတ်မြို့နယ်တရားရုံးက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် တစ်ဦးလျှင် ဒဏ်ငွေကျပ် ဆယ်သိန်းစီ သို့မဟုတ် အလုပ်နှင့် ထောင်ဒဏ် ခြောက်လစီ ကျခံစေရန်နှင့် ခေါ်ဆောင်လာသူအား ပို့/သွင်း အက်ဥပဒေ ပုဒ်မ (၈)ဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ်လ ထပ်မံကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားခံ(၅)ဦးက ဒဏ်ငွေကျပ်ဆယ်သိန်းစီအား ပေးဆောင်ခဲ့ပြီး အလုပ်နှင့်ထောင်ဒဏ်နှစ်လ ကျခံသူမှာလည်း ချုပ်ရက်များဖြင့် တရားရုံးရှေ့လွတ်စေသဖြင့် ပြစ်ဒဏ်မှ လွတ်မြောက်ပြီးဖြစ်သော်လည်း ပြည်နှင်မိန့် မချမီကာလများ အတွင်း တာချီလိတ်မြို့မရဲစခန်းတွင် ဒုတိယအကြိမ် (၁၅)ရက် ချုပ်နှောင်ထားရှိရာမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ပြည်နှင်မိန့်ကျလာပြီဖြစ်၍ အမည်ပျက်စာရင်း (Black List)ရေးသွင်းကာ ပြည်နှင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~