မိုင်းယုမြို့ ဝမ်ကျိုင်းကျေးရွာအနီးတွင် တောရဆောက်တည်သည့် ဆရာတော်ဦးခန္တိကော၏ ၀ိဇာတမွေးနေ့အလှူ နှစ်ရက်တာ ကျင်းပ

မိုင်းယုမြို့ ဝမ်ကျိုင်းကျေးရွာအနီးတွင် တောရဆောက်တည်သည့် ဆရာတော်ဦးခန္တိကော၏ ၀ိဇာတမွေးနေ့အလှူ နှစ်ရက်တာ ကျင်းပ
ဇနျနဝါရီ 15, 2018
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ကျိုင်းကျေးရွာနှင့် (၉)မိုင်ဝန်းကျင်ဝေးကွာပြီး တောရသီတင်းသုံးနေသည့် ဆရာတော် ဦးခန္တိကော၏ သက်တော်(၂၅)နှစ်ပြည့် မွေးနေ့ အလှူမင်္ဂလာအဖြစ် ဇန်နဝါရီလ (၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့များတွင် သက်သက်လွတ် အစား အသောက်များဖြင့် ကျွေးမွေးလှူဒါန်းကြောင်း သိရသည်။






~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ကျိုင်းကျေးရွာနှင့် (၉)မိုင်ဝန်းကျငေ်ဝးကွာပြီး တောရသီတင်းသုံးနေသည့် ဆရာတော် ဦးခနိ္တကော၏ သက်တော်(၂၅)နှစ်ပြည့် မွေးနေ့ အလှူမင်္ဂလာအဖြစ် ဇန်နဝါရီလ (၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့များတွင် သက်သက်လွတ် အစား အသောက်များဖြင့် ကျွေးမွေးလှူဒါန်းကြောင်း သိရသည်။

 မွေးနေ့အလှူတွင် မိုင်းယုမြို့မရပ်ကွက်ကျောင်းတိုက် ဆရာတော် ဦးတိတ္တပညောနှင့် သံဃာတော်များ ကြွရောက်ကြပြီး မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့နှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်သူများက ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ တရားတော်နားယူကြခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့အား ဆရာတော်များထံ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

တောရဆောက်တည်နေသည့် ဆရာတော်မှာ သတ်သတ်လွတ်ဘုဉ်းပေးခြင်းဖြစ်ရာ မွေးနေ့အလှူတွင် အလှူရှင်များက ဧည့်သည်များအား သက်သတ်လွတ် အစားအသောက်များဖြင့် ဧည့်ခံ ကျွေးမွေးလှူဒါန်းကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ကိုနိုင်(MYu)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~