မိုင္းဆတ္ - တာခ်ီလိတ္လမ္း၏ လြယ္ေတာ္ခမ္းစစ္ေဆးေရးဂိတ္ ေရွာင္ကြင္းလမ္းတြင္ စိတ္ၾကြေဆးျပားမ်ားဖမ္းမိ

မိုင္းဆတ္ - တာခ်ီလိတ္လမ္း၏ လြယ္ေတာ္ခမ္းစစ္ေဆးေရးဂိတ္ ေရွာင္ကြင္းလမ္းတြင္ စိတ္ၾကြေဆးျပားမ်ားဖမ္းမိ
ဇန်နဝါရီ 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ မိုင္းဆတ္ - တာခ်ီလိတ္ ကားလမ္းတြင္ လြယ္ေတာ္ခမ္းပူးေပါင္း စစ္ေဆးေရးစခန္းအား ေရွာင္ကြင္းသည့္ ေတာလမ္း၊ ငါးကန္ အနီးတြင္ ဇန္နဝါရီလ (၁၃)ရက္ေန႔ ညက စိတ္ၾကြရူးသြပ္ေဆးျပား ေျခာက္ေသာင္းသယ္လာသူအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁၃) ရက္ေန႔ ည(၆)နာရီခြဲ၀န္းက်င္ အခ်ိန္တြင္ မိုင္းဆတ္ - တာခ်ီလိတ္ကားလမ္း တရုတ္ နတ္စင္ဘက္မွ လြယ္ေတာ္ခမ္း ပူးေပါင္းစစ္ေဆးေရး စခန္းအား ေရွာင္ကြင္းသည့္ ေတာလမ္းရွိ ငါးကန္အနီးတြင္ လြယ္ေတာ္ခမ္း (အေပၚ)ရြာဘက္သို႔ ဆုုိင္ကယ္ေမာင္းႏွင္လာသူအား ရပ္တန္႔ ရွာေဖြရာ မူးယစ္ေဆး၀ါးမ်ားကို ေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔တို႔သည္ ဆိုင္ကယ္ေမာင္းႏွင္လာသူထံတြင္ ရွာေဖြရာ ၎စီးႏွင္းလာသည့္ ေမာ္ေတာ္ဆိုင္ကယ္၏ ဂြၾကားအတြင္းမွ ငွက္ေပ်ာရြက္ျဖင့္ ပတ္ထားကာ အ၀ါေရာင္ ဆာလာအိတ္ျဖင့္ ထည့္ထားၿပီး စိတ္ၾကြေဆးျပား (၆၀၀၀)ျပားစီပါသည့္ (၁၀)ထုတ္အား ေတြ႔ရွိရာ စိတ္ၾကြေဆးျပား စုစုေပါင္းမွာ (၆၀၀၀၀)ျပားျဖစ္ၿပီး အေလးခ်ိန္မွာ (၆)ကီလို၀န္းက်င္ရွိေၾကာင္း သိရသည္။

ဆက္လက္၍ ရွာေဖြရာတြင္ ၎၀တ္ဆင္ထားသည့္ အေႏြးအက်ႌ၀ဲဘက္အိတ္ကတ္အတြင္းရွိ သားေရေခါက္ပိုက္ဆံအိတ္ အတြင္းမွ ယာဥ္ေမာင္းလိုင္စဥ္ တစ္ခု၊ ထိုင္းဘတ္ေငြ (၁၁၄၀၀)ဘတ္ႏွင့္၊ Oppo ႏွင့္ Nokia အမ်ဳိးအစား လက္ကိုင္ဖုန္း (၂)လံုးတို႔အား ေတြ႔ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔က မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၃၄)ႏွစ္ရွိ ေယာလွအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၈/၂၀၁၈၊  မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က) အရ အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ မိုင်းဆတ် - တာချီလိတ် ကားလမ်းတွင် လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်းအား ရှောင်ကွင်းသည့် တောလမ်း၊ ငါးကန် အနီးတွင် ဇန်နဝါရီလ (၁၃)ရက်နေ့ ညက စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သောင်းသယ်လာသူအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့ ည(၆)နာရီခွဲဝန်းကျင် အချိန်တွင် မိုင်းဆတ် - တာချီလိတ်ကားလမ်း တရုတ် နတ်စင်ဘက်မှ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး စခန်းအား ရှောင်ကွင်းသည့် တောလမ်းရှိ ငါးကန်အနီးတွင် လွယ်တော်ခမ်း (အပေါ်)ရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသူအား ရပ်တန့် ရှာဖွေရာ မူးယစ်ဆေးဝါးများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ဆိုင်ကယ်မောင်းနှင်လာသူထံတွင် ရှာဖွေရာ၎င်းစီးနှင်းလာသည့် မော်တော်ဆိုင်ကယ်၏ ဂွကြားအတွင်းမှ ငှက်ပျောရွက်ဖြင့် ပတ်ထားကာ အဝါရောင် ဆာလာအိတ်ဖြင့် ထည့်ထားပြီး စိတ်ကြွဆေးပြား (၆၀၀၀)ပြားစီပါသည့် (၁၀)ထုတ်အား တွေ့ရှိရာ စိတ်ကြွဆေးပြား စုစုပေါင်းမှာ (၆၀၀၀၀)ပြားဖြစ်ပြီး အလေးချိန်မှာ (၆)ကီလိုဝန်းကျင်ရှိကြောင်း သိရသည်။

ဆက်လက်၍ ရှာဖွေရာတွင်၎င်းဝတ်ဆင်ထားသည့် အနွေးအင်္ကျီဝဲဘက်အိတ်ကတ်အတွင်းရှိ သားရေခေါက်ပိုက်ဆံအိတ် အတွင်းမှ ယာဉ်မောင်းလိုင်စဉ် တစ်ခု၊ ထိုင်းဘတ်ငွေ (၁၁၄၀၀)ဘတ်နှင့်၊ Oppo နှင့် Nokia အမျိုးအစား လက်ကိုင်ဖုန်း (၂)လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၃၄)နှစ်ရှိ ယောလှအား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က) အရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~