ေက်ာက္မဲသို႔ ထပ္မံေရာက္ရွိလာသည့္ တိုက္ပြဲေရွာင္ တုိင္းရင္းသားျပည္သူမ်ားအတြက္ ေစာင္ႏွင့္ စားနပ္ရိကၡာမ်ား လိုအပ္ေန

ေက်ာက္မဲသို႔ ထပ္မံေရာက္ရွိလာသည့္ တိုက္ပြဲေရွာင္ တုိင္းရင္းသားျပည္သူမ်ားအတြက္ ေစာင္ႏွင့္ စားနပ္ရိကၡာမ်ား လိုအပ္ေန
ဇန်နဝါရီ 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ေပၚသို႔ နမ့္ဆန္ၿမိဳ႕နယ္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွ တုိက္ပြဲေရွာင္လာသည့္ ေဒသခံမ်ား ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၂)ရက္ေန႔တြင္ ထပ္တိုးေရာက္ရိွလာသည့္ အတြက္ ရာသီဥတုအေျခအေနအရ ေစာင္ႏွင့္စားနပ္ရိကၡာမ်ား လုိအပ္ေနေၾကာင္း သိရသည္။

“ရာသီဥတုက ဒီရက္ပိုင္းမွာ မိုးဆက္တိုက္ရြာေနတာေရာ အေအးခ်ိန္ပိုလာေနတာေရာ ျဖစ္တဲ့အတြက္ သူတို႔ေတြအတြက္ ေစာင္ေတြ အေႏြးထည္ေတြလိုအပ္ခ်က္ရွိတယ္“ဟု စစ္ေဘးေရွာင္မ်ားအား ကူညီေပးေနသည့္ ကိုသားေဇာ္(ေမတၱာအိုးေဝ) က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

နမ့္ဆန္ၿမိဳ႕နယ္ ေက်ာက္ျဖဴေလးေက်းရြာအုပ္စုရွိ ေက်ာက္ျဖဴေလးေက်းရြာႏွင့္ ေက်ာက္မဲၿမိဳ႕နယ္ မန္ေခါက္ေက်းရြာအုပ္စု၊ အာေျပာင္ေက်းရြာမွ ေဒသခံ (၁၃၈) ဦးတို႔သည္ ဇန္နဝါရီလ (၂)ရက္ေန႔တြင္ ေက်ာက္မဲၿမိဳ႕သို႔ ေရာက္ရိွလာရာ အမွတ္(၈)ရပ္ကြက္ရွိ ေအာင္မဂၤလာဘုန္းႀကီးေက်ာင္းႏွင့္  ပိႏၷဲကုန္း ေက်းရြာရွိ ဝါဆိုဘုန္းႀကီးေက်ာင္းတို႔တြင္ ေနရာခ်ထားေပးထားေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါ စစ္ေဘးတိမ္းေရွာင္မ်ားအား ေက်ာက္မဲခရိုင္ႏွင့္ ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနမ်ား၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရးဦးစီးဌာနႏွင့္ ေက်ာက္မဲၿမိဳ႕နယ္ စည္ပင္သာယာေရး ေကာ္မတီတို႔က ကူညီေဆာင္ရြက္ေပးေနေသာ္လည္း အကူအညီမ်ား လုိအပ္ေနဆဲျဖစ္ေၾကာင္း အရပ္ဖက္အဖြဲ႕မ်ားကို ဆိုသည္။

“ဂုတ္တြင္းကလည္း ပိတ္ေနတယ္ဆိုေတာ့ ခါတိုင္းလို စစ္ေဘးေရွာင္ေတြကို လာၿပီး လွဴဒါန္းမယ့္သူေတြလည္း သိပ္မရွိေသးဘူး။ အဓိက က အေအးဒဏ္ခံႏိုင္ဖို႔ ေစာင္ေတြ၊ အေႏြးထည္ေတြ လိုအပ္လာဖို႔ရွိတယ္။ တစ္ကယ္လို႔ သူတို႔ေတြ ရက္ၾကာၾကာေနမယ္ဆိုရင္ စားနပ္ရိကၡာလည္း လိုအပ္ႏိုင္တယ္ “ဟု ကိုသားေဇာ္က ေျပာသည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားအား  ဆက္လက္ေထာက္ပံ့ႏိုင္ရန္အတြက္ ပါ၀င္လွဴဒါန္းလိုသူမ်ားအေနျဖင့္  ကိုသားေဇာ္(ေမတၱာအိုးေဝ) ဖုန္း 09-403704464 ႏွင့္ 09799059100 သို႔ ေမးျမန္းစံုစမ္းကာ လွဴဒါန္းႏိုင္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၂၈)ရက္ေန႔ ညေနမွစတင္ေရာက္ရိွလာသည့္ တုိက္ပြဲေရွာင္မ်ားမွာ သႏၱိသုခဓမၼာရံုတြင္ စုစုေပါင္း (၁၉၉)ဦးႏွင့္ ဝါဆိုဘုန္းႀကီးေက်ာင္းတြင္ စုစုေပါင္း (၁၉၃)ဦး ခိုလံႈေနသည့္အနက္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၂)ရက္ေန႔တြင္ သႏၱိသုခဓမၼာရံုမွ တုိက္ပြဲေရွာင္ (၁၈)ဦးသည္ ၿမိဳ႕ေပၚရိွ ၎တို႔၏ ေဆြမ်ိဳးမ်ားထံ ေရႊ႕ေျပာင္းေနထုိင္ရန္ ထြက္ခြာသြားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ပေါ်သို့ နမ့်ဆန်မြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင်းမှ တိုက်ပွဲရှောင်လာသည့် ဒေသခံများ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင် ထပ်တိုးရောက်ရှိလာသည့် အတွက် ရာသီဥတုအခြေအနေအရ စောင်နှင့်စားနပ်ရိက္ခါများ လိုအပ်နေကြောင်း သိရသည်။

“ရာသီဥတုက ဒီရက်ပိုင်းမှာ မိုးဆက်တိုက်ရွာနေတာရော အအေးချိန်ပိုလာနေတာရော ဖြစ်တဲ့အတွက် သူတို့တွေအတွက် စောင်တွေ အနွေးထည်တွေလိုအပ်ချက်ရှိတယ်“ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ကိုသားဇော်(မေတ္တာအိုးဝေ) က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာအုပ်စုရှိ ကျောက်ဖြူလေးကျေးရွာနှင့် ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာအုပ်စု၊ အာပြောင်ကျေးရွာမှ ဒေသခံ (၁၃၈) ဦးတို့သည် ဇန်နဝါရီလ (၂)ရက်နေ့တွင် ကျောက်မဲမြို့သို့ ရောက်ရှိလာရာ အမှတ်(၈)ရပ်ကွက်ရှိ အောင်မင်္ဂလာဘုန်းကြီးကျောင်းနှင့် ပိန္နဲကုန်း ကျေးရွာရှိ ဝါဆိုဘုန်းကြီးကျောင်းတို့တွင် နေရာချထားပေးထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးတိမ်းရှောင်များအား ကျောက်မဲခရိုင်နှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် စည်ပင်သာယာရေး ကော်မတီတို့က ကူညီဆောင်ရွက်ပေးနေသော်လည်း အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း အရပ်ဖက်အဖွဲ့များကို ဆိုသည်။

“ဂုတ်တွင်းကလည်း ပိတ်နေတယ်ဆိုတော့ ခါတိုင်းလို စစ်ဘေးရှောင်တွေကို လာပြီး လှူဒါန်းမယ့်သူတွေလည်း သိပ်မရှိသေးဘူး။ အဓိက က အအေးဒဏ်ခံနိုင်ဖို့ စောင်တွေ၊ အနွေးထည်တွေ လိုအပ်လာဖို့ရှိတယ်။ တစ်ကယ်လို့ သူတို့တွေ ရက်ကြာကြာနေမယ်ဆိုရင် စားနပ်ရိက္ခါလည်း လိုအပ်နိုင်တယ် “ဟု ကိုသားဇော်က ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအား  ဆက်လက်ထောက်ပံ့နိုင်ရန်အတွက် ပါဝင်လှူဒါန်းလိုသူများအနဖြေင့် ကိုသားဇော်(မေတ္တာအိုးဝေ) ဖုန်း 09-403704464 နှင့် 09799059100 သို့ မေးမြန်းစုံစမ်းကာ လှူဒါန်းနိုင်ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့ ညနေမှစတင်ရောက်ရှိလာသည့် တိုက်ပွဲရှောင်များမှာ သန္တိသုခဓမ္မာရုံတွင် စုစုပေါင်း (၁၉၉)ဦးနှင့် ဝါဆိုဘုန်းကြီးကျောင်းတွင် စုစုပေါင်း (၁၉၃)ဦး ခိုလှုံနေသည့်အနက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင် သန္တိသုခဓမ္မာရုံမှ တိုက်ပွဲရှောင် (၁၈)ဦးသည် မြို့ပေါ်ရှိ၎င်းတို့၏ ဆွေမျိုးများထံ ရွှေ့ပြောင်းနေထိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~