တန္႔ယန္းၿမိဳ႕အနီးမွ ေလာင္းကစားခံု ၃၀ ေက်ာ္အား ရဲတပ္ဖြဲ႕ တားဆီးႏိုင္ျခင္း မရိွ

တန္႔ယန္းၿမိဳ႕အနီးမွ ေလာင္းကစားခံု ၃၀ ေက်ာ္အား ရဲတပ္ဖြဲ႕ တားဆီးႏိုင္ျခင္း မရိွ
ဇန်နဝါရီ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) တန္႔ယန္းၿမိဳ႕၏ အေနာက္ေတာင္ဘက္ (၃) မိုင္ခန႔္အကြာရွိ ေရႊဥမင္လႈိဏ္ဂူ ဘုရား မီးလင္းျခင္းဂုဏ္ျပဳ အထိမ္းအမွတ္ပြဲေတာ္တြင္ ေလးေကာင္ဂ်င္ဝိုင္း၊ ေျခာက္ေကာင္ဂ်င္ဝိုင္း(၃၀) ေက်ာ္ ပါဝင္ေသာ္လည္း လံုၿခံဳေရးအေနအထားအရ အေရးယူျခင္းမျပဳလုပ္ႏိုင္ေၾကာင္း တန္႔ယန္းၿမိဳ႕မ ရဲတပ္ဖြဲ႔ထံမွ သိရသည္။

“ၿမိဳ႕ေပၚမွာလုပ္တဲ့ပြဲေတြဆိုရင္ေတာ့ ဒါေတြက လံုးဝခြင့္မျပဳပါဘူး။ ကၽြန္ေတာ္တို႔သိရွိတယ္၊ ေတြ႔တယ္ဆိုရင္လည္း ခ်က္ခ်င္း အေရးယူပါတယ္။ ဒါမ်ိဳးကလည္း ခြင့္ျပဳလုိ႔ရတဲ့ အရာမ်ိဳးမဟုတ္ပါဘူး။  တန္႔ယန္းၿမိဳ႕ေပၚလိုမ်ိဳး လံုၿခံဳေရးစိတ္ခ်ရတဲ့ေနရာဆိုရင္ေတာ့ လက္မခံပါဘူး။ တစ္ခ်ိဳ႕ ရြာေတြ လံုၿခံဳေရးစိတ္မခ်ရတဲ့ အတြက္ ကၽြန္ေတာ္္တို႔ သြားလို႔လည္းမ ရတဲ့အတြက္ အေရးယူဖို႔လည္းမရပါဘူး” ဟု တန္႔ယန္းၿမိဳ႕မ စခန္းမွဴး ဒုရဲမွဴးမ်ိဳးႏိုင္ က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

အမည္မေဖၚလိုသည့္ ေဒသခံအခ်ိဳ႕၏ ေျပာဆိုခ်က္အရ ဂလုန္း ဂလုန္း(ေခၚ)ေလးေကာင္ဂ်င္ဝိုင္း၊ ေျခာက္ေကာင္ ဂ်င္ဝိုင္း စုစုေပါင္း ခံု (၃၀)ထက္မနည္း ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၆) ရက္ေန႔မွစတင္ က်င္းပေနသည့္ အဆိုပါ မီးလင္းေရးဂုဏ္ျပဳအထိမ္းအမွတ္ပြဲတြင္ ပါဝင္ေနၿပီး အဆိုပါပြဲသို႔ သြားေရာက္ လည္ပတ္သူမ်ားလည္း မ်ားျပားလ်က္ရွိေၾကာင္း သိရသည္။

“ကြ်န္ေတာ္ကေတာ့ ပြဲစလုပ္တဲ့ ဇန္နဝါရီလ (၆) ရက္ေန႔ ေန႔လယ္ကတည္းက အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနကို အဲဒါေတြ ဖမ္းဆီးဖို႔၊ တားဆီးေပးဖို႔၊ အေရးယူေပးဖို႔ လွမ္းၿပီး အေၾကာင္းၾကားထားပါတယ္။ သူတို႔ကေတာ့ ဘာမွ အေၾကာင္းမျပန္လာေသးပါဘူး။ ဒီေန႔ (၈) ရက္ေန႔မွာလည္း ရံုးစာနဲ႔ တရားဝင္အေၾကာင္းၾကားထားပါတယ္။ ကၽြန္ေတာ္တို႔ အခုလို ႀကိဳသိရင္ေတာ့ အၿမဲတမ္းတားပါတယ္။ တရားမဝင္တဲ့ကိစၥေတြကို ခြင့္မျပဳပါဘူး။ ကၽြန္ေတာ္တို႔ မသိေအာင္ ခိုးၿပီးလုပ္သြားတာမ်ိဳးေတာ့ မတတ္ႏိုင္တာရွိပါတယ္”ဟု တန္႔ယန္းၿမိဳ႕ရွိ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းေမာင္ပြင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေလာင္းကစားဝိုင္းမ်ား၏ဒိုင္မွာ လားရိႈးၿမိဳ႕မွျဖစ္ၿပီး ခံုတစ္ခံုလွ်င္ က်ပ္(၆)သိန္းႏႈန္း ဒိုင္ခ်ဳပ္အား ေပးရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ေရႊဥမင္ဘုရားလိႈဏ္ဂူမီးလင္းျခင္း အထိမ္းအမွတ္ဆိုၿပီး သူတို႔က နာမည္ခံၿပီးလုပ္တာ။ လုပ္တဲ့ဒိုင္ေတြက လားရႈိးကလို႔သိရတယ္။ ခံုတစ္ခံုကို ဒိုင္ခ်ဳပ္ကို (၆)သိန္း ေပးရတယ္။ (၆) ရက္ေန႔ကေန ညတိုင္း ဆက္တိုက္ လုပ္ေနၾကတယ္။ ခံုေပါင္း(၃၀)ပါတယ္။ ဒီဥစၥာက လယ္သမားေတြ၊ ေဒသခံေတြအတြက္ အမ်ားႀကီး ထိခိုက္ တယ္။ အဓိကက လက္လုပ္လက္စားလယ္သမားေတြ အဲဒီေလာင္းကစားဝိုင္းေတြမွာ သြားၿပီးရႈံးၾကတယ္။ ၿမိဳ႕နဲ႔ အရမ္းေဝးတဲ့ေနရာမွာသြားၿပီးလုပ္တယ္ဆိုရင္ အေရးမယူတာ အျပစ္မေျပာ လိုပါဘူး။ အခုက ၿမိဳ႕နဲ႔ (၃) မိုင္ ေလာက္ပဲေဝးတယ္။ အဲဒီပြဲကိုသြားလည္တဲ့သူေတြ ေလာင္းကစားဝိုင္းေတြနားမွာ ဓါတ္ပံုရိုက္ၿပီး လူမႈကြန္ယက္ တင္ထားတာေတြေတာင္ရွိတယ္ “ဟု အမည္မေဖၚလိုသည့္ ေဒသခံ တစ္ဦးက ေျပာသည္။

အဆိုပါေလာင္းကစားဝိုင္းမ်ားအား သက္ဆုိင္ရာမွ တားဆီးေပးေစလိုေသာ္လည္း နယ္ေျမလံုၿခံဳေရးအေနအထားအရ ရဲတပ္ဖြဲ႕က သြားေရာက္ဖမ္းဆီးျခင္း မလုပ္ေဆာင္ႏို္င္ဘဲျဖစ္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့၏ အနောက်တောင်ဘက် (၃) မိုင်ခန့်အကွာရှိ ရွှေဥမင်လှိုဏ်ဂူ ဘုရား မီးလင်းခြင်းဂုဏ်ပြု အထိမ်းအမှတ်ပွဲတော်တွင် လေးကောင်ဂျင်ဝိုင်း၊ ခြောက်ကောင်ဂျင်ဝိုင်း(၃၀) ကျော် ပါဝင်သော်လည်း လုံခြုံရေးအနေအထားအရ အရေးယူခြင်းမပြုလုပ်နိုင်ကြောင်း တန့်ယန်းမြို့မ ရဲတပ်ဖွဲ့ထံမှ သိရသည်။

“မြို့ပေါ်မှာလုပ်တဲ့ပွဲတွေဆိုရင်တော့ ဒါတွေက လုံးဝခွင့်မပြုပါဘူး။ ကျွန်တော်တို့သိရှိတယ်၊ တွေ့တယ်ဆိုရင်လည်း ချက်ချင်း အရေးယူပါတယ်။ ဒါမျိုးကလည်း ခွင့်ပြုလို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး။ တန့်ယန်းမြို့ပေါ်လိုမျိုး လုံခြုံရေးစိတ်ချရတဲ့နေရာဆိုရင်တော့ လက်မခံပါဘူး။ တစ်ချို့ ရွာတွေ လုံခြုံရေးစိတ်မချရတဲ့ အတွက် ကျွန်တော်တို့ သွားလို့လည်းမ ရတဲ့အတွက် အရေးယူဖို့လည်းမရပါဘူး” ဟု တန့်ယန်းမြို့မ စခန်းမှူး ဒုရဲမှူးမျိုးနိုင် က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အမည်မဖော်လိုသည့် ဒေသခံအချို့၏ ပြောဆိုချက်အရ ဂလုန်း ဂလုန်း(ခေါ်)လေးကောင်ဂျင်ဝိုင်း၊ ခြောက်ကောင် ဂျင်ဝိုင်း စုစုပေါင်း ခုံ (၃၀)ထက်မနည်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့မှစတင် ကျင်းပနေသည့် အဆိုပါ မီးလင်းရေးဂုဏ်ပြုအထိမ်းအမှတ်ပွဲတွင် ပါဝင်နပြေီး အဆိုပါပွဲသို့ သွားရောက် လည်ပတ်သူများလည်း များပြားလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်ကတော့ ပွဲစလုပ်တဲ့ ဇန်နဝါရီလ (၆) ရက်နေ့ နေ့လယ်ကတည်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို အဲဒါတွေ ဖမ်းဆီးဖို့၊ တားဆီးပေးဖို့၊ အရေးယူပေးဖို့ လှမ်းပြီး အကြောင်းကြားထားပါတယ်။ သူတို့ကတော့ ဘာမှ အကြောင်းမပြန်လာသေးပါဘူး။ ဒီနေ့ (၈) ရက်နေ့မှာလည်း ရုံးစာနဲ့ တရားဝင်အကြောင်းကြားထားပါတယ်။ ကျွန်တော်တို့ အခုလို ကြိုသိရင်တော့ အမြဲတမ်းတားပါတယ်။ တရားမဝင်တဲ့ကိစ္စတွေကို ခွင့်မပြုပါဘူး။ ကျွန်တော်တို့ မသိအောင် ခိုးပြီးလုပ်သွားတာမျိုးတော့ မတတ်နိုင်တာရှိပါတယ်”ဟု တန့်ယန်းမြို့ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်ပွင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများ၏ဒိုင်မှာ လားရှိုးမြို့မှဖြစ်ပြီး ခုံတစ်ခုံလျှင် ကျပ်(၆)သိန်းနှုန်း ဒိုင်ချုပ်အား ပေးရကြောင်း ဒေသခံများထံမှ သိရသည်။

“ရွှေဥမင်ဘုရားလှိုဏ်ဂူမီးလင်းခြင်း အထိမ်းအမှတ်ဆိုပြီး သူတို့က နာမည်ခံပြီးလုပ်တာ။ လုပ်တဲ့ဒိုင်တွေက လားရှိုးကလို့သိရတယ်။ ခုံတစ်ခုံကို ဒိုင်ချုပ်ကို (၆)သိန်း ပေးရတယ်။ (၆) ရက်နေ့ကနေ ညတိုင်း ဆက်တိုက် လုပ်နကြေတယ်။ ခုံပေါင်း(၃၀)ပါတယ်။ ဒီဥစ္စာက လယ်သမားတွေ၊ ဒေသခံတွေအတွက် အများကြီး ထိခိုက် တယ်။ အဓိကက လက်လုပ်လက်စားလယ်သမားတွေ အဲဒီလောင်းကစားဝိုင်းတွေမှာ သွားပြီးရှုံးကြတယ်။ မြို့နဲ့ အရမ်းဝေးတဲ့နေရာမှာသွားပြီးလုပ်တယ်ဆိုရင် အရေးမယူတာ အပြစ်မပြော လိုပါဘူး။ အခုက မြို့နဲ့ (၃) မိုင် လောက်ပဲဝေးတယ်။ အဲဒီပွဲကိုသွားလည်တဲ့သူတွေ လောင်းကစားဝိုင်းတွေနားမှာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက် တင်ထားတာတွေတောင်ရှိတယ် “ဟု အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါလောင်းကစားဝိုင်းများအား သက်ဆိုင်ရာမှ တားဆီးပေးစေလိုသော်လည်း နယ်မြေလုံခြုံရေးအနေအထားအရ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခြင်း မလုပ်ဆောင်နို်င်ဘဲဖြစ်နေကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~