ထိုင္းႏိုင္ငံမွ ေစတနာရွင္မ်ားက တာခ်ီလိတ္ဘက္သို႔ အေခါင္းအလံုး (၁၅၀)ေက်ာ္ လွဴဒါန္းေပး

ထိုင္းႏိုင္ငံမွ ေစတနာရွင္မ်ားက တာခ်ီလိတ္ဘက္သို႔ အေခါင္းအလံုး (၁၅၀)ေက်ာ္ လွဴဒါန္းေပး
ဇန်နဝါရီ 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ ႏွင့္ မိုင္းဆတ္ခရိုင္အတြင္းသို႔ ထိုင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ ပါယန္းလံုးေထာင္းအေခါင္းဆိုင္မွ ဦးေဆာင္၍ ေစတနာရွင္မ်ားက ၂၀၁၈ ခုႏွစ္ နွစ္ဦးအလွဴအျဖစ္ စုေပါင္းလွဴဒါန္းသည့္ အေခါင္းမ်ားကို ဇန္နဝါရီလ(၆)ရက္ေန႔က ျဖန္႔ေဝေပးထားေၾကာင္း သိရသည္။

“မယ္ဆုိင္က ပါယန္းလံုးေထာင္းအေခါင္းဆိုင္ကေန ဦးေဆာင္ၿပီးေတာ့ မယ္ဆုိိင္အလွဴရွင္ေတြက စုေပါင္းၿပီးေတာ့ မယ္ဆိုင္မွာ ျမန္မာေတြက ဖြဲ႕စည္းထားတဲ့ မယ္ဆိုင္လူမႈဂရုဏာအသင္းဆီကို လွဴတာပါ။ ဒါေတြကို ကၽြန္ေတာ္တုိ႔က မယ္ဆိုင္ကေန ဒီဘက္ တာခ်ီလိတ္ဘက္ကို သယ္ယူၿပီးေတာ့ နယ္ဘက္ေတြကို ခြဲေဝလွဴဒါန္းျခင္းပဲ ျဖစ္ပါတယ္။ ခြဲေဝေပးတဲ့ေနရာမွာ တာခ်ီလိတ္အေနအထားကေတာ့ လွဴတဲ့ သူေတြေပါေတာ့ ေဝးတဲ့ၿမိဳ႕ေတြကို အလံုးအေရအတြက္ ပိုမ်ားေပးထားပါတယ္။ အေဝးေတြကို ပိုၿပီးမ်ားေပးထားပါတယ္။ တစ္ႏွစ္တစ္ႏွစ္မွာ အေခါင္းကို ရာနဲ႔ခ်ီၿပီး လွဴေနတာလည္း ေလးႏွစ္ေလာက္ ရိွပါၿပီ။ ၾကားထဲမွာ နည္းနည္းနဲ႔လည္း လွဴေလ့ရွိပါတယ္”ဟု  တာခ်ီလိတ္အေျချပဳ အလင္းေရာင္ပရဟိတ အသင္း၏ ဒုတိယဥကၠဌ ဦးႏိုင္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မယ္ဆုိင္မွလွဴဒါန္းသည့္ တန္ဖိုးေငြက်ပ္သိန္းေပါင္း (၁၁ဝ) ခန္႔ တန္ဖိုးရိွသည့္ စုစုေပါင္း အေခါင္း (၁၅၂) လံုးအား မယ္ဆိုင္လူမႈဂရုဏာအသင္းမွ တစ္ဆင့္ အလင္းေရာင္ပရဟိတအသင္းက တာခ်ီလိတ္သို႔ သယ္ယူၿပီး တာခ်ီလိတ္ခရိုင္အတြင္းမွ လူမႈကူညီေရးအသင္းမ်ားသို႔ ခြဲေဝေပးပို႔ျခင္းျဖစ္ေၾကာင္း သိရသည္။

“အရင္ကေတာ့ ဒီလိုလွဴဒါန္းတာေတြ မရိွခင္က အသင္းက ကိုယ့္ဘာသာစိုက္ဝယ္ရတာေပါ့။ ေနာက္ပိုင္းေတာ့ သူတို႔လွဴေပးတာေတြ ရိွလာေတာ့ ဒီဘက္မွာ ျပန္ကူညီရတာ အဆင္ေျပလာတယ္။ ကၽြန္ေတာ္တုိ႔ အသင္းကို ဆက္သြယ္အကူအညီေတာင္းသူအားလံုးကို အခမဲ့ျပန္ကူညီေပးတာပါ။ တစ္ခ်ိဳ႕ကလည္း ႏြမ္းပါးလို႔၊ တစ္ခ်ိဳ႕ကက် တာခ်ီလိတ္ထိ သြားဝယ္ဖို႔ အခက္အခဲျဖစ္လို႔ အကူအညီ ေတာင္းၾကတယ္။ ဘယ္လုိလူမ်ိဳးကိုပဲျဖစ္ျဖစ္ ကၽြန္ေတာ္တုိ႔အသင္းက အခမဲ့ကူညီေပးေနတာပါ”ဟု မုိင္းျဖတ္ၿမိဳ႕မွ သဂၤဟ လူမႈကူညီေရးအသင္း ဥကၠဌ ဦးလွေမာင္သာက ေျပာသည္။

တာခ်ီလိတ္ခရိုင္အတြင္းမွ တာေလလူမႈကူညီေရးအသင္း၊ မိုင္းလင္း လူမႈကူညီေရးအသင္း၊ မိုင္းေယာင္း လူမႈကူညီေရးအသင္း၊ ဝမ္ေကာင္း နာေရးကူညီမႈအသင္း၊  မိုင္းျဖတ္ၿမိဳ႕မွ သဂၤဟလူမႈကူညီေရး အသင္းမ်ားတို႔အား အေခါင္းအလံုးေရ (၂၀)စီ ႏွင့္ တာခ်ီလိတ္ၿမိဳ႕ေပၚမွ  ေမတၱာ႐ွင္လူမႈကူညီေရးအသင္း၊ မဇၩိမလူမႈကူညီေရးအသင္း၊ တာခ်ီလိတ္နာေရးကူညီမႈအသင္းမ်ားသို႔ (၁၀)လံုးစီ ႏွင့္ အလင္းေရာင္ ပရဟိတအသင္းမွ (၂)လံုးအျပင္ မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕ရွိ မိုင္းဆတ္ မဇၩိမ လူမႈကူညီေရး အသင္းသို႔ အလံုး(၂၀)စသည္ျဖင့္ အသီးသီးခြဲေဝလွဳဳဒါန္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓါတ္ပံု - လူမႈကူညီေရးအသင္းမ်ား


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်အတွင်းသို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပါယန်းလုံးထောင်းအခေါင်းဆိုင်မှ ဦးဆောင်၍ စေတနာရှင်များက ၂၀၁၈ ခုနှစ် နှစ်ဦးအလှူအဖြစ် စုပေါင်းလှူဒါန်းသည့် အခေါင်းများကို ဇန်နဝါရီလ(၆)ရက်နေ့က ဖြန့်ဝေပေးထားကြောင်း သိရသည်။

“မယ်ဆိုင်က ပါယန်းလုံးထောင်းအခေါင်းဆိုင်ကနေ ဦးဆောင်ပြီးတော့ မယ်ဆိုင်အလှူရှင်တွေက စုပေါင်းပြီးတော့ မယ်ဆိုင်မှာ မြန်မာတွေက ဖွဲ့စည်းထားတဲ့ မယ်ဆိုင်လူမှုဂရုဏာအသင်းဆီကို လှူတာပါ။ ဒါတွေကို ကျွန်တော်တို့က မယ်ဆိုင်ကနေ ဒီဘက် တာချီလိတ်ဘက်ကို သယ်ယူပြီးတော့ နယ်ဘက်တွေကို ခွဲဝေလှူဒါန်းခြင်းပဲ ဖြစ်ပါတယ်။ ခွဲဝေပေးတဲ့နေရာမှာ တာချီလိတ်အနေအထားကတော့ လှူတဲ့ သူတွေပေါတော့ ဝေးတဲ့မြို့တွေကို အလုံးအရေအတွက် ပိုများပေးထားပါတယ်။ အဝေးတွေကို ပိုပြီးများပေးထားပါတယ်။ တစ်နှစ်တစ်နှစ်မှာ အခေါင်းကို ရာနဲ့ချီပြီး လှူနေတာလည်း လေးနှစ်လောက် ရှိပါပြီ။ ကြားထဲမှာ နည်းနည်းနဲ့လည်း လှူလေ့ရှိပါတယ်”ဟု တာချီလိတ်အခြပြေု အလင်းရောင်ပရဟိတ အသင်း၏ ဒုတိယဥက္ကဌ ဦးနိုင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်မှလှူဒါန်းသည့် တန်ဖိုးငွေကျပ်သိန်းပေါင်း (၁၁ဝ) ခန့် တန်ဖိုးရှိသည့် စုစုပေါင်း အခေါင်း (၁၅၂) လုံးအား မယ်ဆိုင်လူမှုဂရုဏာအသင်းမှ တစ်ဆင့် အလင်းရောင်ပရဟိတအသင်းက တာချီလိတ်သို့ သယ်ယူပြီး တာချီလိတ်ခရိုင်အတွင်းမှ လူမှုကူညီရေးအသင်းများသို့ ခွဲဝေပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ကတော့ ဒီလိုလှူဒါန်းတာတွေ မရှိခင်က အသင်းက ကိုယ့်ဘာသာစိုက်ဝယ်ရတာပေါ့။ နောက်ပိုင်းတော့ သူတို့လှူပေးတာတွေ ရှိလာတော့ ဒီဘက်မှာ ပြန်ကူညီရတာ အဆင်ပြေလာတယ်။ ကျွန်တော်တို့ အသင်းကို ဆက်သွယ်အကူအညီတောင်းသူအားလုံးကို အခမဲ့ပြန်ကူညီပေးတာပါ။ တစ်ချို့ကလည်း နွမ်းပါးလို့၊ တစ်ချို့ကကျ တာချီလိတ်ထိ သွားဝယ်ဖို့ အခက်အခဲဖြစ်လို့ အကူအညီ တောင်းကြတယ်။ ဘယ်လိုလူမျိုးကိုပဲဖြစ်ဖြစ် ကျွန်တော်တို့အသင်းက အခမဲ့ကူညီပေးနေတာပါ”ဟု မိုင်းဖြတ်မြို့မှ သဂငှ် လူမှုကူညီရေးအသင်း ဥက္ကဌ ဦးလှမောင်သာက ပြောသည်။

တာချီလိတ်ခရိုင်အတွင်းမှ တာလေလူမှုကူညီရေးအသင်း၊ မိုင်းလင်း လူမှုကူညီရေးအသင်း၊ မိုင်းယောင်း လူမှုကူညီရေးအသင်း၊ ဝမ်ကောင်း နာရေးကူညီမှုအသင်း၊ မိုင်းဖြတ်မြို့မှ သဂငှ်လူမှုကူညီရေး အသင်းများတို့အား အခေါင်းအလုံးရေ (၂၀)စီ နှင့် တာချီလိတ်မြို့ပေါ်မှ မေတ္တာရှင်လူမှုကူညီရေးအသင်း၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ တာချီလိတ်နာရေးကူညီမှုအသင်းများသို့ (၁၀)လုံးစီ နှင့် အလင်းရောင် ပရဟိတအသင်းမှ (၂)လုံးအပြင် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့ရှိ မိုင်းဆတ် မဇ္ဈိမ လူမှုကူညီရေး အသင်းသို့ အလုံး(၂၀)စသည်ဖြင့် အသီးသီးခွဲဝေလှုဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - လူမှုကူညီရေးအသင်းများ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~