အေသးစား အလတ္စား အငယ္စား လုပ္ငန္းရွင္မ်ားအတြက္ ေတာင္ႀကီးတြင္ ဖြင့္လွစ္မည့္အခမဲ့သင္တန္း ဇန္နနဝါရီလ ၂၇ ရက္ေန႔ ေနာက္ဆံုးေလွ်ာက္ထားႏုိင္

အေသးစား အလတ္စား အငယ္စား လုပ္ငန္းရွင္မ်ားအတြက္ ေတာင္ႀကီးတြင္ ဖြင့္လွစ္မည့္အခမဲ့သင္တန္း ဇန္နနဝါရီလ ၂၇ ရက္ေန႔ ေနာက္ဆံုးေလွ်ာက္ထားႏုိင္
ဇန်နဝါရီ 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ရွိ အေသးစား၊ အငယ္စား၊ အလတ္စားလုပ္ငန္းရွင္အတြက္ ဘ႑ာေရးဆိုင္ရာ ပညာေရးအစီအစဥ္ အခမဲ့သင္တန္းသို႔ တက္ေရာက္ခြင့္ ေလွ်ာက္လႊာမ်ားကို ဇန္နဝါရီလ (၂၇)ရက္ေန႔ ေနာက္ဆံုးထား ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းတြင္ ဘာသာရပ္ငါးမ်ိဳးကို ေဖေဖာ္ဝါရီလ (၉) ရက္ေန႔မွ (၁၁) ရက္ေန႔အထိ သင္ၾကား ေပးသြားမည္ျဖစ္ၿပီး လူဦးေရ (၁၀၀) လက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းတက္ေရာက္လိုသည့္ အေသးစား၊ အငယ္စား၊ အလတ္စားလုပ္ငန္းရွင္မ်ားအေနျဖင့္ ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္း ဦးစီးဌာနရုံုး ဖုန္းနံပါတ္ ၀၈၁ ၂၁၂၂၄၄၄ သို႔ ဆက္သြယ္ စံုစမ္းႏုိင္ေၾကာင္း သိရသည္။

“အဓိကကေတာ့ E4E (Education for Entrepeneur)ဆိုတာကို အဓိကသင္ၾကားေပးမွာျဖစ္ပါတယ္။ အေသးစား၊ အငယ္စား၊ အလတ္စားလုပ္ငန္းရွင္ေတြအတြက္ ဘာသာရပ္ေတြကို ရွမ္းေတာင္မွာရွိတဲ႕ ေတာင္ႀကီးၿမိဳ႕မွာ သင္ၾကားေပးသြားမွာပါ။ အခုကလုပ္ငန္းရွင္ေတြအပါအဝင္အကုန္လံုး သင္ၾကားေပးသြားမွာပါ။ အေသးစားလုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ သက္ဆိုင္တဲ့ဘာသာရပ္ငါးခုကို သင္ၾကားေပးသြားမွာျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာန၏ ဒုတိယညႊန္ၾကားေရးမွဴး ဦးညီညီေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အလားတူသင္တန္းကို ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၄ ခုႏွစ္က ၿဗိတိသွ်ေကာင္စီႏွင့္ Standard Chartered Bank တို႔ ဦးေဆာင္၍ လုပ္ငန္းေပါင္း(၉၀)ေက်ာ္မွ လုပ္ငန္းရွင္မ်ားကို သင္ၾကားေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း #ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်အတွက် ဘဏ္ဍာရေးဆိုင်ရာ ပညာရေးအစီအစဉ် အခမဲ့သင်တန်းသို့ တက်ရောက်ခွင့် လျှောက်လွှာများကို ဇန်နဝါရီလ (၂၇)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ဘာသာရပ်ငါးမျိုးကို ဖေဖော်ဝါရီလ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ သင်ကြား ပေးသွားမည်ဖြစ်ပြီး လူဦးရေ (၁၀ဝ) လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသည့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များအနေဖြင့် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုုံး ဖုန်းနံပါတ် ဝ၈၁ ၂၁၂၂၄၄၄ သို့
ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

“အဓိကကတော့ E4E (Education for Entrepeneur)ဆိုတာကို အဓိကသင်ကြားပေးမှာဖြစ်ပါတယ်။ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်တွေအတွက် ဘာသာရပ်တွေကို ရှမ်းတောင်မှာရှိတဲ့ တောင်ကြီးမြို့မှာ သင်ကြားပေးသွားမှာပါ။ အခုကလုပ်ငန်းရှင်တွေအပါအဝင်အကုန်လုံး သင်ကြားပေးသွားမှာပါ။ အသေးစားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်တဲ့ဘာသာရပ်ငါးခုကို သင်ကြားပေးသွားမှာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အလားတူသင်တန်းကို တောင်ကြီးမြို့တွင် ၂၀၁၄ ခုနှစ်က ဗြိတိသျှကောင်စီနှင့် Standard Chartered Bank တို့ ဦးဆောင်၍ လုပ်ငန်းပေါင်း(၉၀)ကျော်မှ လုပ်ငန်းရှင်များကို သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း #နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~