သိႏၷီၿမိဳ႕အဝင္တြင္ မူးယစ္ေဆးသယ္လာသူမ်ားႏွင့္ မူးယစ္ေဆးပိုင္ရွင္မ်ားအား ဖမ္းဆီးရမိ

သိႏၷီၿမိဳ႕အဝင္တြင္ မူးယစ္ေဆးသယ္လာသူမ်ားႏွင့္ မူးယစ္ေဆးပိုင္ရွင္မ်ားအား ဖမ္းဆီးရမိ
ဇန်နဝါရီ 16, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕အထြက္ အိုရီယမ္တယ္တိုးဂိတ္အနီး၌  ဘိန္းျဖဴႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား သယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္အား စစ္ေဆးေတြ႔ရၿပီး ဆက္စပ္ ေဖၚထုတ္ခ်က္အရ မူးယစ္ေဆးပိုင္ရွင္မ်ားကိုုပါ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု (၂၄) လားရိႈးမွ တပ္ဖြဲ႔ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ အိုရီယမ္တယ္ တိုးဂိတ္အနီးတြင္ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၁၆)ရက္ေန႔ နံနက္ (၆)နာရီခန္႔က ေက်ာ္ထြန္း(ခ)အိုက္ထြန္း ေမာင္းႏွင္ၿပီး စိုင္းလွေက်ာ္ လိုက္ပါ လာသည့္ ေမာ္ေတာ္ယာဥ္ကိုရွာေဖြရာ ေမာ္ေတာ္ယာဥ္၏ ၾကမ္းခင္း အံဝွက္အတြင္းမွ ဘိန္းျဖဴဆပ္ျပာခြက္ (၁,၁၃၉) ခြက္(ဘိန္းျဖဴ အေလးခ်ိန္ ၁၂ ဒသမ ၅၂၉ ကီလို )ႏွင့္ စိတ္ႂကြ႐ူးသြပ္ ေဆးျပား (၄,၀၀၀) ျပားတို႔ကိုသိမ္းဆည္းရမိခဲ့ၿပီး ကြင္းဆက္ ေဖာ္ထုတ္ခ်က္အရ နံနက္ (၈)နာရီ (၄၅)မိနစ္တြင္ မူးယစ္ေဆးဝါးပိုင္ရွင္မ်ားျဖစ္သည့္ ရန္အယ္ႏွင့္ကူက်န္းလၽွန္တို႔လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္ကို ကြမ္းလုံ-နမ့္စလပ္-သိႏၷီၿမိဳ႕အဝင္ အိုရီယမ္တယ္ တိုးဂိတ္အနီးတြင္ ထပ္မံဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးပိုင္ရွင္ျဖစ္သည့္ ရန္အယ္ႏွင့္ ကူက်န္းလၽွန္၊ မူးယစ္ေဆးသယ္ေဆာင္လာသူမ်ားျဖစ္သည့္ ေက်ာ္ထြန္း(ခ)အိုက္ထြန္းႏွင့္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္း လဲ ေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့အထွက် အိုရီယမ်တယ်တိုးဂိတ်အနီး၌ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးတွေ့ရပြီး ဆက်စပ် ဖော်ထုတ်ချက်အရ မူးယစ်ဆေးပိုင်ရှင်များကိုပါ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အိုရီယမ်တယ် တိုးဂိတ်အနီးတွင် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့ နံနက် (၆)နာရီခန့်က ကျော်ထွန်း(ခ)အိုက်ထွန်း မောင်းနှင်ပြီး စိုင်းလှကျော် လိုက်ပါ လာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ မော်တော်ယာဉ်၏ ကြမ်းခင်း အံဝှက်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် (၁,၁၃၉) ခွက်(ဘိန်းဖြူ အလေးချိန် ၁၂ ဒသမ ၅၂၉ ကီလို )နှင့် စိတ်ကြွရူးသွပ် ဆေးပြား (၄,ဝဝဝ) ပြားတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ နံနက် (၈)နာရီ (၄၅)မိနစ်တွင် မူးယစ်ဆေးဝါးပိုင်ရှင်များဖြစ်သည့် ရန်အယ်နှင့်ကူကျန်းလျှန်တို့လိုက်ပါလာသည့် မော်တော်ယာဉ်ကို ကွမ်းလုံ-နမ့်စလပ်-သိန္နီမြို့အဝင် အိုရီယမ်တယ် တိုးဂိတ်အနီးတွင် ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးပိုင်ရှင်ဖြစ်သည့် ရန်အယ်နှင့် ကူကျန်းလျှန်၊ မူးယစ်ဆေးသယ်ဆောင်လာသူများဖြစ်သည့် ကျော်ထွန်း(ခ)အိုက်ထွန်းနှင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
  

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~