ေရႊႀတိဂံေဒသ လူငယ္ျပန္လည္ ထူေထာင္ေရး (ေဆးျဖတ္စခန္း)အတြက္ ရန္ပံုေငြ ရွာေဖြေရးအျဖစ္ တာခ်ီလိတ္မွ ကခ်င္ျပည္နယ္ ပူတာအိုအထိ ခရီးရွည္ စက္ဘီးစီးနင္းမည့္ ခရီးစဥ္ မစတင္မီ ေစတနာရွင္မ်ားက အလွဴေငြမ်ား ထည့္၀င္

ေရႊႀတိဂံေဒသ လူငယ္ျပန္လည္ ထူေထာင္ေရး (ေဆးျဖတ္စခန္း)အတြက္ ရန္ပံုေငြ ရွာေဖြေရးအျဖစ္ တာခ်ီလိတ္မွ ကခ်င္ျပည္နယ္ ပူတာအိုအထိ ခရီးရွည္ စက္ဘီးစီးနင္းမည့္ ခရီးစဥ္ မစတင္မီ ေစတနာရွင္မ်ားက အလွဴေငြမ်ား ထည့္၀င္
ဇန်နဝါရီ 19, 2018
By Tachileik News Agency

ေရႊႀတိဂံေဒသလူငယ္ျပန္လည္ထူေထာင္ေရး (ေဆးျဖတ္စခန္း)အတြက္ ရန္ပံုေငြ ရွာေဖြေရး အေနျဖင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ စက္ဘီးသမား(၇)ဦးက ရွမ္းျပည္နယ္အေရွ႕ပိုင္းမွစ၍ ကခ်င္ျပည္နယ္၊ ပူတာအိုအထိ ရက္ေပါင္း(၂၀)ေက်ာ္ၾကာမည့္ မိုင္ရွည္ခရီး စက္ဘီးစီးနင္းမႈကို ဇန္န၀ါရီလ(၂၀)ရက္ေန႔တြင္ စတင္မည္ျဖစ္ရာ အဆိုပါ ခရီးစဥ္ မစတင္မီ ဇန္န၀ါရီလ(၁၈)ရက္ႏွင့္(၁၉)ရက္ေန႔မ်ားတြင္ ေစတနာရွင္မ်ားမွ လွဴဒါန္းလာမႈမ်ား ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

ေစတနာရွင္မ်ားမွ လွဴဒါန္းလာရာတြင္ ဇန္န၀ါရီလ(၁၈)ရက္ေန႔က CB Bank ၏ တာခ်ီလိတ္ဘဏ္ခြဲမွ ၀န္ထမ္းမ်ားက က်ပ္(၅၀၀၀၀)၊  Tachileik Mountain Bike Group မွ ဦးက်င္ေလးက က်ပ္(၁)သိန္း၊ ဇန္န၀ါရီလ(၁၉)ရက္ေန႔တြင္ KBZ Bank ၏ တာခ်ီလိတ္ဘဏ္ခြဲ(၁)မွ ၀န္ထမ္းမ်ားက က်ပ္(၁)သိန္း၊ တာခ်ီလိတ္ဘဏ္ခြဲ(၂)မွ ၀န္ထမ္းမ်ားက က်ပ္(၅၀၀၀၀)၊ တာခ်ီလိတ္ဘဏ္ခြဲ(၃)မွ ၀န္ထမ္းမ်ားက က်ပ္(၅၀၀၀၀)၊ တာခ်ီလိတ္ၿမိဳ႕ "ပြင့္သစ္စ"ကိုယ့္အားကိုယ္ကိုး မူလတန္းႀကိဳေက်ာင္းက က်ပ္(၁)သိန္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕ Sun Far ျပည္တြင္းေလယာဥ္လက္မွတ္အေရာင္းဌာနမွ က်ပ္(၁)သိန္း လွဴဒါန္းလာၾကရာ ႏွစ္ရက္အတြင္း၌ စုစုေပါင္း က်ပ္(၅)သိန္းခြဲရရွိထားၿပီျဖစ္ေၾကာင္း ႏွင့္ အထက(တာခ်ီလိတ္)၏ ေက်ာင္းသား/သူေဟာင္းႀကီးမ်ား မွလည္း ရန္ပံုေငြမ်ား ေကာက္ခံေပးေနရာ က်ပ္(၄)သိန္းေက်ာ္ ရရွိထားေၾကာင္း သိရသည္။

 ေရႊႀတိဂံေဒသလူငယ္ျပန္လည္ထူေထာင္ေရး(ေဆးျဖတ္စခန္း)အတြက္ ရန္ပံုေငြရွာေဖြေရးအေနျဖင့္ မိုင္ရွည္စက္ဘီး စီးနင္းမည့္ ခရီးစဥ္တစ္ေလွ်ာက္တြင္ ေစတနာရွင္မ်ားအေနျဖင့္ ပါ၀င္လွဴဒါန္းႏိုင္ၿပီး ရပ္နီးရပ္ေ၀းမွ ေစတနာရွင္မ်ားအေနျဖင့္ ဘဏ္မ်ားမွ တဆင့္လည္း ေငြလႊဲ၍ လွဴဒါန္းႏိုင္ရန္ ဘဏ္အေကာင့္မ်ား ဖြင့္လွစ္ထားရွိၿပီး အလြယ္တကူ လႊဲ၍ လွဴဒါန္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕အထိ မိုင္ေပါင္း(၁၁၀၀)ေက်ာ္အား ရက္ေပါင္း (၂၀)ေက်ာ္ စက္ဘီးျဖင့္ တာခ်ီလိတ္မွ ကိုေနဇာ( Only Biker )၊ ကိုခမ္းရွဲန္ အပါအ၀င္ Kyaing Tong Mountain Bike Group ဦးစိုင္းဆန္(ခ)ဦးစိုင္း၀န္းမား ႏွင့္  ဦးခ်ဴးစိန္(ခ)ဦးရွီခြ်မ္ရွိန္ တို႔က ဇန္န၀ါရီလ(၂၀)ရက္ေန႔တြင္ တာခ်ီလိတ္မွ တဆင့္ စတင္၍ ထြက္ခြာမည္ျဖစ္ၿပီး ဇန္န၀ါရီ(၂၁)ရက္ေန႔တြင္ ၎တို႔မွ က်ဳိင္းတံုရွိ Kyaing Tong Mountain Bike Group မွ ဦးစိုင္းရီဆိုင္(ခ)ပီနန္၊ ဦးလွျမင့္မိုး(ခ)ကိုတူး၊  ႏွင့္  ဦးေလာလူ တို႔ ေတြ႔ဆံုကာ စုစုေပါင္း (၇)ဦးမွ ကခ်င္ျပည္နယ္ ပူတာအိုအထိ စက္ဘီး စီးနင္းၾကမည္ ျဖစ္သည္။

တာခ်ီလိတ္မွ စတင္ထြက္ခြာမည့္ (၄)ဦးႏွင့္အတူ တာခ်ီလိတ္ Old Star အဖြဲ႔မွ စက္ဘီးစီးသမား ကိုစိုင္းလံုတစ္ကလည္း က်ဳိင္းတံုအထိ လိုက္ပါစီးနင္းမည္ျဖစ္ေၾကာင္းႏွင့္ တာခ်ီလိတ္မွ စတင္ ထြက္ခြာရာတြင္  "တာခ်ီလိတ္ ရွမ္းအေရွ႕ စက္ဘီးအသင္း"က တာခ်ီလိတ္ ႏွင့္ တာေလအၾကာရွိ ေတာင္သံုးလံုးအထိ လိုက္ပါပို႔ေဆာင္ေပးမည္ျဖစ္ၿပီး၊ ဆက္လက္၍ တာေလစက္ဘီးစီးအဖြဲ႔က တာေလ နယ္နိမိတ္အစြန္အထိ လိုက္ပါပို႔ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္းအျပင္  Kyaing Tong Mountain Bike Group အဖြဲ႕က ပန္ကြဲေတာင္တြင္ လာေရာက္ ႀကိဳဆိုၾကမည္ျဖစ္ေၾကာင္း သိရသည္။

ခရီးစဥ္တစ္ေလွ်ာက္တြင္ အဆိုပါ (၇)ဦးအတြက္ ကုန္က်မႈမ်ားအျပင္ ကခ်င္ျပည္နယ္တြင္ တည္ခိုးရန္ ဟိုတယ္မ်ား ႏွင့္ ခရီးစဥ္အၿပီး အျပန္တြင္ ပူတာအို မွ ျမစ္ႀကီးနား၊ ျမစ္ႀကီးနား မွ မႏၱေလး၊ မႏၱေလး မွ တာခ်ီလိတ္ အတြက္ ေလယာဥ္ျဖင့္ ျပန္ႏိုင္ရန္ ေလယာဥ္လက္မွတ္မ်ား ႏွင့္ အျခား လိုအပ္မႈမ်ားအတြက္  Johnny Fitness Center ႏွင့္ လွ်ပ္စစ္ပစၥည္းအေရာင္းဆိုင္ ႏွင့္ J My King Hotel(တာခ်ီလိတ္) မွ ဦးစိုင္းဂြ်န္ရီ၊ မန္းရတနာပံုေလေၾကာင္းလိုင္းမွ ေဒၚနန္းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန္းသီတာဟိုတယ္ (ျမစ္ႀကီးနား)၊ ဟိုတယ္ပူတာအို၊ ဟိုတယ္ရန္ကုန္တို႔မွ ဦးစိုင္းဖီးလစ္ရီ ႏွင့္ ပ်ံလႊား လွ်ပ္စစ္ပစၥည္းအေရာင္းဆိုင္မွ ဦးစိုင္းေရာဘတ္ရီ စသည့္ လုပ္ငန္းရွင္ ေမာင္ႏွမတစ္စုမွ ပံ့ပိုး ေပးထားၿပီး မီဒီယာပိုင္းအေနျဖင့္ Tachileik News Agency ( တာခ်ီလိတ္သတင္းေအဂ်င္စီ )မွ ပံ့ပိုးေပးထားသည္။

"ကြ်န္ေတာ္တို႔အေနနဲ႔ လမ္းခရီးတစ္ေလွ်ာက္လံုးမွာ ေရႊႀတိဂံေဒသလူငယ္ျပန္လည္ထူေထာင္ေရး(ေဆးျဖတ္စခန္း) အတြက္ ပါ၀င္လွဴဒါန္းခ်င္သူေတြ အေနနဲ႔ လွဴဒါန္းႏိုင္ရန္ စီစဥ္ထားရွိပါတယ္၊ အျခားၿမိဳ႕ေတြ ကေနလည္း ဘဏ္ေတြကေန အလြယ္တကူ လႊဲၿပီး လွဴႏိုင္ရန္ အတြက္လည္း ဘဏ္ အေကာင့္ေတြ ဖြင့္ထားၿပီး ေန႔စဥ္ ရရွိလာမဲ့ အလွဴေငြေတြ ကို ပြင့္လင္းျမင္သာစြာနဲ႔ အြန္လိုင္းမွာ ေဖာ္ျပေပးဖို႔ပါ စီစဥ္ထားပါတယ္၊ နည္းနည္းမ်ားမ်ား ဘယ္ေလာက္ျဖစ္ျဖစ္ ရရွိလာမဲ့ အလွဴေငြေတြ အားလံုးကို အဲ့ဒီအတြက္ပဲ ျဖစ္ပါတယ္၊ ကြ်န္ေတာ္တို႔ ခရီးစဥ္အတြက္ အသံုးမျပဳပါဘူး"ဟု ကိုေနဇာ( Only Biker ) က ေျပာသည္။

ေရႊႀတိဂံေဒသလူငယ္ျပန္လည္ ထူေထာင္ေရး(ေဆးျဖတ္စခန္း)အတြက္ ရန္ပံုေငြမ်ားကို ေအာက္ေဖာ္ျပပါ ဘဏ္မ်ားမွ တဆင့္ လႊဲ၍ လွဴဒါန္းႏိုင္မည္ျဖစ္ၿပီး "ေရႊႀတိဂံေဒသ လူငယ္ျပန္လည္ ထူေထာင္ေရး - ရန္ပံုေငြခရီးစဥ္"ရွိ Facebook Page တြင္လည္း ၀င္ေရာက္ ၾကည့္ရႈႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

Bank Name: KBZ Bank ( KBZ TCL 1 )
Account No: 00630299906101102

Bank Name: CB Bank
Account No: 2023600500020966

Bank Name: AYA Bank ( ဧရာ၀တီဘဏ္ - တာခ်ီလိတ္ )
Account No: 0017202010038743


~~~~~~~~⊰❂ unicode ~~~~~~~~

ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး (ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေ ရှာဖွေရေး အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ စက်ဘီးသမား(၇)ဦးက ရှမ်းပြည်နယ်အရှေ့ပိုင်းမှစ၍ ကချင်ပြည်နယ်၊ ပူတာအိုအထိ ရက်ပေါင်း(၂၀)ကျော်ကြာမည့် မိုင်ရှည်ခရီး စက်ဘီးစီးနင်းမှုကို ဇန်နဝါရီလ(၂၀)ရက်နေ့တွင် စတင်မည်ဖြစ်ရာ အဆိုပါ ခရီးစဉ် မစတင်မီ ဇန်နဝါရီလ(၁၈)ရက်နှင့်(၁၉)ရက်နေ့များတွင် စေတနာရှင်များမှ လှူဒါန်းလာမှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။

စေတနာရှင်များမှ လှူဒါန်းလာရာတွင် ဇန်နဝါရီလ(၁၈)ရက်နေ့က CB Bank ၏ တာချီလိတ်ဘဏ်ခွဲမှ ၀န်ထမ်းများက ကျပ်(၅၀၀၀၀)၊  Tachileik Mountain Bike Group မှ ဦးကျင်လေးက ကျပ်(၁)သိန်း၊ ဇန်နဝါရီလ(၁၉)ရက်နေ့တွင် KBZ Bank ၏ တာချီလိတ်ဘဏ်ခွဲ(၁)မှ ၀န်ထမ်းများက ကျပ်(၁)သိန်း၊ တာချီလိတ်ဘဏ်ခွဲ(၂)မှ ၀န်ထမ်းများက ကျပ်(၅၀၀၀၀)၊ တာချီလိတ်ဘဏ်ခွဲ(၃)မှ ၀န်ထမ်းများက ကျပ်(၅၀၀၀၀)၊ တာချီလိတ်မြို့ "ပွင့်သစ်စ"ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းက ကျပ်(၁)သိန်း နှင့် တာချီလိတ်မြို့ Sun Far ပြည်တွင်းလေယာဉ်လက်မှတ်အရောင်းဌာနမှ ကျပ်(၁)သိန်း လှူဒါန်းလာကြရာ နှစ်ရက်အတွင်း၌ စုစုပေါင်း ကျပ်(၅)သိန်းခွဲရရှိထားပြီဖြစ်ကြောင်း နှင့် အထက(တာချီလိတ်)၏ ကျောင်းသား/သူဟောင်းကြီးများ မှလည်း ရန်ပုံငွေများ ကောက်ခံပေးနေရာ ကျပ်(၄)သိန်းကျော် ရရှိထားကြောင်း သိရသည်။

 ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေရှာဖွေရေးအနေဖြင့် မိုင်ရှည်စက်ဘီး စီးနင်းမည့် ခရီးစဉ်တစ်လျှောက်တွင် စေတနာရှင်များအနေဖြင့် ပါ၀င်လှူဒါန်းနိုင်ပြီး ရပ်နီးရပ်ဝေးမှ စေတနာရှင်များအနေဖြင့် ဘဏ်များမှ တဆင့်လည်း ငွေလွှဲ၍ လှူဒါန်းနိုင်ရန် ဘဏ်အကောင့်များ ဖွင့်လှစ်ထားရှိပြီး အလွယ်တကူ လွှဲ၍ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကချင်ပြည်နယ် ပူတာအိုမြို့အထိ မိုင်ပေါင်း(၁၁၀၀)ကျော်အား ရက်ပေါင်း (၂၀)ကျော် စက်ဘီးဖြင့် တာချီလိတ်မှ ကိုနေဇာ( Only Biker )၊ ကိုခမ်းရှဲန် အပါအဝင် Kyaing Tong Mountain Bike Group ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား နှင့်  ဦးချူးစိန်(ခ)ဦးရှီချွမ်ရှိန် တို့က ဇန်နဝါရီလ(၂၀)ရက်နေ့တွင် တာချီလိတ်မှ တဆင့် စတင်၍ ထွက်ခွာမည်ဖြစ်ပြီး ဇန်နဝါရီ(၂၁)ရက်နေ့တွင် ၎င်းတို့မှ ကျိုင်းတုံရှိ Kyaing Tong Mountain Bike Group မှ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူး၊  နှင့်  ဦးလောလူ တို့ တွေ့ဆုံကာ စုစုပေါင်း (၇)ဦးမှ ကချင်ပြည်နယ် ပူတာအိုအထိ စက်ဘီး စီးနင်းကြမည် ဖြစ်သည်။

တာချီလိတ်မှ စတင်ထွက်ခွာမည့် (၄)ဦးနှင့်အတူ တာချီလိတ် Old Star အဖွဲ့မှ စက်ဘီးစီးသမား ကိုစိုင်းလုံတစ်ကလည်း ကျိုင်းတုံအထိ လိုက်ပါစီးနင်းမည်ဖြစ်ကြောင်းနှင့် တာချီလိတ်မှ စတင် ထွက်ခွာရာတွင်  "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"က တာချီလိတ် နှင့် တာလေအကြာရှိ တောင်သုံးလုံးအထိ လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ပြီး၊ ဆက်လက်၍ တာလေစက်ဘီးစီးအဖွဲ့က တာလေ နယ်နိမိတ်အစွန်အထိ လိုက်ပါပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းအပြင်  Kyaing Tong Mountain Bike Group အဖွဲ့က ပန်ကွဲတောင်တွင် လာရောက် ကြိုဆိုကြမည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်တစ်လျှောက်တွင် အဆိုပါ (၇)ဦးအတွက် ကုန်ကျမှုများအပြင် ကချင်ပြည်နယ်တွင် တည်ခိုးရန် ဟိုတယ်များ နှင့် ခရီးစဉ်အပြီး အပြန်တွင် ပူတာအို မှ မြစ်ကြီးနား၊ မြစ်ကြီးနား မှ မန္တလေး၊ မန္တလေး မှ တာချီလိတ် အတွက် လေယာဉ်ဖြင့် ပြန်နိုင်ရန် လေယာဉ်လက်မှတ်များ နှင့် အခြား လိုအပ်မှုများအတွက်  Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နှင့် J My King Hotel(တာချီလိတ်) မှ ဦးစိုင်းဂျွန်ရီ၊ မန်းရတနာပုံလေကြောင်းလိုင်းမှ ဒေါ်နန်းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန်းသီတာဟိုတယ် (မြစ်ကြီးနား)၊ ဟိုတယ်ပူတာအို၊ ဟိုတယ်ရန်ကုန်တို့မှ ဦးစိုင်းဖီးလစ်ရီ နှင့် ပျံလွှား လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ ဦးစိုင်းရောဘတ်ရီ စသည့် လုပ်ငန်းရှင် မောင်နှမတစ်စုမှ ပံ့ပိုး ပေးထားပြီး မီဒီယာပိုင်းအနေဖြင့် Tachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ )မှ ပံ့ပိုးပေးထားသည်။

"ကျွန်တော်တို့အနေနဲ့ လမ်းခရီးတစ်လျှောက်လုံးမှာ ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) အတွက် ပါ၀င်လှူဒါန်းချင်သူတွေ အနေနဲ့ လှူဒါန်းနိုင်ရန် စီစဉ်ထားရှိပါတယ်၊ အခြားမြို့တွေ ကနေလည်း ဘဏ်တွေကနေ အလွယ်တကူ လွှဲပြီး လှူနိုင်ရန် အတွက်လည်း ဘဏ် အကောင့်တွေ ဖွင့်ထားပြီး နေ့စဉ် ရရှိလာမဲ့ အလှူငွေတွေ ကို ပွင့်လင်းမြင်သာစွာနဲ့ အွန်လိုင်းမှာ ဖော်ပြပေးဖို့ပါ စီစဉ်ထားပါတယ်၊ နည်းနည်းများများ ဘယ်လောက်ဖြစ်ဖြစ် ရရှိလာမဲ့ အလှူငွေတွေ အားလုံးကို အဲ့ဒီအတွက်ပဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့ ခရီးစဉ်အတွက် အသုံးမပြုပါဘူး"ဟု ကိုနေဇာ( Only Biker ) က ပြောသည်။

ရွှေတြိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေများကို အောက်ဖော်ပြပါ ဘဏ်များမှ တဆင့် လွှဲ၍ လှူဒါန်းနိုင်မည်ဖြစ်ပြီး "ရွှေတြိဂံဒေသ လူငယ်ပြန်လည် ထူထောင်ရေး - ရန်ပုံငွေခရီးစဉ်"ရှိ Facebook Page တွင်လည်း ၀င်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Bank Name: KBZ Bank ( KBZ TCL 1 )
Account No: 00630299906101102

Bank Name: CB Bank
Account No: 2023600500020966

Bank Name: AYA Bank ( ဧရာဝတီဘဏ် - တာချီလိတ် )
Account No: 0017202010038743

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~