တာခ်ီလိတ္တြင္ စာသင္ေနသည့္ဆရာမအား ဝင္ေရာက္ရိုက္ႏွက္သူကို ပုဒ္မသံုးခုျဖင့္ အမႈဖြင့္ထားၿပီး သက္ေသမ်ားစစ္ေဆးေန

တာခ်ီလိတ္တြင္ စာသင္ေနသည့္ဆရာမအား ဝင္ေရာက္ရိုက္ႏွက္သူကို ပုဒ္မသံုးခုျဖင့္ အမႈဖြင့္ထားၿပီး သက္ေသမ်ားစစ္ေဆးေန
ဇန်နဝါရီ 22, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း အေျခခံပညာအထက္တန္းေက်ာင္းတြင္ စာသင္ေနသည့္ ဆရာမအား စာသင္ခန္းတြင္ ဝင္ေရာက္ရိုက္ႏွက္ခဲ့သည့္ အမ်ိဳးသားကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ပုဒ္မသံုးခုျဖင့္ အမႈဖြင့္ဖမ္းဆီးထားၿပီး သက္ေသမ်ားကို စစ္ေဆးေနၿပီျဖစ္ေၾကာင္း သိရသည္။

“အမႈနဲ႔ပတ္သက္တဲ့ စစ္ေဆးမႈေတြ လုပ္ေနပါၿပီ။ ရမန္ႏွစ္ပတ္ယူထားတဲ့ကာလအတြင္း သက္ေသ စစ္ေဆးတာေတြ၊ ေဆးစာရယူတာေတြစတဲ့ အမႈစစ္လုပ္ငန္းေတြ ရဲလုပ္ငန္းေတြၿပီးျပတ္ေအာင္ လုပ္ရမွာေပါ့။ အမႈစစ္တာကုန္ၿပီဆိုတာနဲ႔ တရားရံုးတင္စစ္ေဆးမႈလုပ္ေဆာင္မွာပါ။ လက္ရိွမွာေတာ့ ေက်ာင္းအုပ္ႀကီးတို႔၊ ဆရာမေတြစတဲ့ ပတ္ဝန္းက်င္သက္ေသေတြ စစ္ေဆးေနသလို ေဆးစာလည္း ေစာင့္ေနပါတယ္။ ဥပေဒအႀကံေတာင္းထားလည္း ေစာင့္ေနပါတယ္။ ဒါေတြ ၿပီးတာနဲ႔ တရားရံုးတင္စစ္ေဆးမႈ လုပ္ေဆာင္မွာဆိုေတာ့ တစ္လအတြင္းေတာ့ လုပ္ေဆာင္ႏိုင္ပါလိမ့္မယ္”ဟု တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕ စခန္းမွဴး ဒုရဲမွဴး ၾကည္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အေျခခံပညာအထက္တန္းေက်ာင္း(ဆန္ဆိုင္း)တြင္ ဇန္နဝါရီလ (၁၈)ရက္ေန႔ နံနက္ (၁၁)နာရီခြဲခန္႔က မူလတန္းျပဆရာမျဖစ္သူမွာ စာသင္ေနစဥ္ ၂၀၁၇ ခုႏွစ္အတြင္းက ကြာရွင္းခဲ့သည့္ ခင္ပြန္းေဟာင္းျဖစ္သူက စာသင္ခန္းအတြင္း ဝင္ေရာက္ၿပီး ပါးရိုက္ျခင္း၊ စားပြဲေပၚတြင္ တင္ထားသည့္ ပုလင္းျဖင့္ ဦးေခါင္းအား ရိုက္ႏွက္ျခင္းႏွက္ျခင္းတို႔ေၾကာင့္ အဆိုပါ အမ်ိဳးသားအား ပုဒ္မသံုးခုျဖင့္ အမႈဖြင့္ကာ ဖမ္းဆီးစစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

စာသင္ခန္းတြင္ စာသင္ေနသည့္ ေက်ာင္းဆရာမအား ဝင္ေရာက္ရိုက္ႏွက္သည့္ ေဇာ္ကိုအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၂/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၃၃/၃၅၄/၂၉၄ တုိ႔ျဖင့္ အမႈဖြင့္စစ္ေဆး အေရးယူထားျခင္းျဖစ္ေၾကာင္းသိရသည္။

သတင္း #အင္မုိင္ခ

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် စာသင်နေသည့်ဆရာမအား ဝင်ရောက်ရိုက်နှက်သူကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားပြီး သက်သေများစစ်ဆေးနေ
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်နေသည့် ဆရာမအား စာသင်ခန်းတွင် ဝင်ရောက်ရိုက်နှက်ခဲ့သည့် အမျိုးသားကို တာချီလိတ်မြို့မရဲစခန်းတွင် ပုဒ်မသုံးခုဖြင့် အမှုဖွင့်ဖမ်းဆီးထားပြီး သက်သေများကို စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

“အမှုနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါပြီ။ ရမန်နှစ်ပတ်ယူထားတဲ့ကာလအတွင်း သက်သေ စစ်ဆေးတာတွေ၊ ဆေးစာရယူတာတွေစတဲ့ အမှုစစ်လုပ်ငန်းတွေ ရဲလုပ်ငန်းတွေပြီးပြတ်အောင် လုပ်ရမှာပေါ့။ အမှုစစ်တာကုန်ပြီဆိုတာနဲ့ တရားရုံးတင်စစ်ဆေးမှုလုပ်ဆောင်မှာပါ။ လက်ရှိမှာတော့ ကျောင်းအုပ်ကြီးတို့၊ ဆရာမတွေစတဲ့ ပတ်ဝန်းကျင်သက်သေတွေ စစ်ဆေးနေသလို ဆေးစာလည်း စောင့်နေပါတယ်။ ဥပဒေအကြံတောင်းထားလည်း စောင့်နေပါတယ်။ ဒါတွေ ပြီးတာနဲ့ တရားရုံးတင်စစ်ဆေးမှု လုပ်ဆောင်မှာဆိုတော့ တစ်လအတွင်းတော့ လုပ်ဆောင်နိုင်ပါလိမ့်မယ်”ဟု တာချီလိတ်မြို့မရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး ကြည်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)တွင် ဇန်နဝါရီလ (၁၈)ရက်နေ့ နံနက် (၁၁)နာရီခွဲခန့်က မူလတန်းပြဆရာမဖြစ်သူမှာ စာသင်နေစဉ် ၂၀၁၇ ခုနှစ်အတွင်းက ကွာရှင်းခဲ့သည့် ခင်ပွန်းဟောင်းဖြစ်သူက စာသင်ခန်းအတွင်း ဝင်ရောက်ပြီး ပါးရိုက်ခြင်း၊ စားပွဲပေါ်တွင် တင်ထားသည့် ပုလင်းဖြင့် ဦးခေါင်းအား ရိုက်နှက်ခြင်းနှက်ခြင်းတို့ကြောင့် အဆိုပါ အမျိုးသားအား ပုဒ်မသုံးခုဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

စာသင်ခန်းတွင် စာသင်နေသည့် ကျောင်းဆရာမအား ဝင်ရောက်ရိုက်နှက်သည့် ဇော်ကိုအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၂/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၃/၃၅၄/၂၉၄ တို့ဖြင့် အမှုဖွင့်စစ်ဆေး အရေးယူထားခြင်းဖြစ်ကြောင်းသိရသည်။

သတင်း #အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~