ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထိုင္သည့္ ျမန္မာႏိုင္ငံသား ေရႊ႕ေျပာင္းလုပ္သား (၆)ဦးအား ၂၀၁၈ ခုနွစ္အတြင္း ပထမဆံုးအႀကိမ္ လႊဲေျပာင္း

ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထိုင္သည့္ ျမန္မာႏိုင္ငံသား ေရႊ႕ေျပာင္းလုပ္သား (၆)ဦးအား ၂၀၁၈ ခုနွစ္အတြင္း ပထမဆံုးအႀကိမ္ လႊဲေျပာင္း
ဇန်နဝါရီ 3, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထိုင္သည့္ ျမန္မာႏိုင္ငံသား ေရႊ႕ေျပာင္းလုပ္သားမ်ားကို ျမန္မာႏုိင္ငံဘက္သို႔ လႊဲေျပာင္းေပးေနရာ ၂၀၁၈ ခုႏွစ္အတြင္း ပထမဆံုးအႀကိမ္အျဖစ္ ဇန္နဝါရီလ (၃)ရက္ေန႔က ျမန္မာႏုိင္ငံသား ေရႊ႕ေျပာင္းလုပ္သား (၆)ဦးအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ လာေရာက္ လႊဲေျပာင္းေပးေၾကာင္း သိရသည္။

ထုိင္းနိုင္ငံမွ တာဝန္ရိွသူမ်ားက ျမန္မာႏုိင္ငံသား အမ်ိဳးသား (၄)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦး စုစုေပါင္း (၆)ဦးအား ျမန္မာႏုိင္ငံမွ တာဝန္ရိွသူမ်ားထံ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၂) ျမန္မာႏိုင္ငံဘက္ျခမ္း တာခ်ီလိတ္ၿမိဳ႕တြင္ လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။

လႊဲေျပာင္းလာသည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားသည္ ၎တုိ႔ဆႏၵျဖင့္ ျပန္လာသူမ်ား မဟုတ္ၾကဘဲ ထုိင္းႏုိင္ငံတြင္ Border Pass သက္တမ္းလြန္ျခင္း၊ အေထာက္အထား မရွိဘဲ ေနထုိင္ျခင္း စသည္တုိ႕ေၾကာင့္ ထုိင္းႏုိင္ငံမွ ျမန္မာႏုိင္ငံသုိ႕ျပန္လည္ ေစလႊတ္ခဲ့သူမ်ားျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္  ၂၀၁၇ ခုႏွစ္ အတြင္းက တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံဘက္မွ လႊဲေျပာင္းလာသည့္  ျမန္မာေရႊ႕ေျပာင္းလုပ္သားဦးေရမွာ အမ်ိဳးသား (၇၆၂)ဦး ၊ အမ်ိဳးသမီး (၃၄၃)ဦးႏွင့္ ကေလး(၅၉)ဦး စုစုေပါင္း (၁၁၆၄) ဦးရွိခဲ့ေၾကာင္း သိရသည္။

ဓါတ္ပံု - #ၿမိဳ႕နယ္ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများကို မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးနေရာ ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ (၃)ရက်နေ့က မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား (၆)ဦးအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လာရောက် လွှဲပြောင်းပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာနိုင်ငံသား အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း (၆)ဦးအား မြန်မာနိုင်ငံမှ တာဝန်ရှိသူများထံ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) မြန်မာနိုင်ငံဘက်ခြမ်း တာချီလိတ်မြို့တွင် လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။

လွှဲပြောင်းလာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများသည်၎င်းတို့ဆန္ဒဖြင့် ပြန်လာသူများ မဟုတ်ကြဘဲ ထိုင်းနိုင်ငံတွင် Border Pass သက်တမ်းလွန်ခြင်း၊ အထောက်အထား မရှိဘဲ နေထိုင်ခြင်း စသည်တို့ကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည် စေလွှတ်ခဲ့သူများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အတွင်းက တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းလာသည့် မြန်မာရွှေ့ပြောင်းလုပ်သားဦးရေမှာ အမျိုးသား (၇၆၂)ဦး၊ အမျိုးသမီး (၃၄၃)ဦးနှင့် ကလေး(၅၉)ဦး စုစုပေါင်း (၁၁၆၄) ဦးရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - #မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~