ေတာင္ႀကီးၿမိဳ႕မေစ်း ေတာင္ဘက္ရွိ တပင္ေရႊထီးလမ္းအား စည္ပင္မွ ျပဳျပင္ေနမႈအေပၚ အိမ္ရွင္မ်ားက အျငင္းပြားကန္႔ကြက္လာ၍ ရပ္ဆိုင္းထား

ေတာင္ႀကီးၿမိဳ႕မေစ်း ေတာင္ဘက္ရွိ တပင္ေရႊထီးလမ္းအား စည္ပင္မွ ျပဳျပင္ေနမႈအေပၚ အိမ္ရွင္မ်ားက အျငင္းပြားကန္႔ကြက္လာ၍ ရပ္ဆိုင္းထား
ဇန်နဝါရီ 25, 2018
By Tachileik News Agency

ေတာင္ႀကီးၿမိဳ႕မေစ်းႀကီး၏ ေတာင္ဘက္ရွိ တပင္ေရႊထီးလမ္းအား ကြန္ကရစ္လမ္း ႏွင့္အတူ ေရေျမာင္း၊ ပလက္ေဖာင္း ျပဳလုပ္ေနစဥ္ ၎လမ္းရွိ အိမ္ရွင္မ်ားက အျငင္းပြားကာ ကန္႔ကြက္မႈမ်ား ရွိလာသည့္အတြက္ စည္ပင္သာယာေရးဌာန အေနျဖင့္ လုပ္ငန္းမ်ား ရပ္ဆိုင္းထားရေၾကာင္း သိရသည္။

"ၿမိဳ႕မေစ်းႀကီးနားက တပင္ေရႊထီးလမ္း ေတာင္ဘက္ျခမ္းကို ကြန္ကရစ္လမ္း၊ ေရေျမာင္း၊ ပလက္ေဖာင္း လုပ္ဖို႔ စည္ပင္က ေဆာင္ရြက္ေနတာကေန အဲဒီဘက္က အိမ္ရွင္ေတြက အျငင္းပြား ကန္႔ကြက္ ေနတာေၾကာင့္ လုပ္ငန္းေခတၱ ရပ္နားထားရပါတယ္။ စည္ပင္အေနနဲ႔ ရရွိတဲ့ ဂရန္ေျမပုံမ်ားအေပၚ မူတည္ ေဆာင္ရြက္တာျဖစ္ေပမယ့္ အိမ္ရွင္မ်ား သူတို႔ဘက္မွာ ေျမက်န္မ်ား မရွိေတာ့တာရယ္ ဂရန္အေပၚ အျငင္းပြါး တာရယ္ေၾကာင့္ အခုအတိုင္းဆို လမ္းကက်ဥ္းက်ဥ္း ဘဲရေတာ့မယ့္ပုံ ေပါက္ေနပါၿပီ။ အဲဒီလမ္းက အိမ္ေတြကို ဂရန္ထုတ္ေပးရတဲ့ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးက ကြင္းဆင္းညႇိႏွိုင္းေပးခ်က္ အေပၚ အစိုးရအဖဲြ႕ထံ တင္ျပလမ္းၫႊန္ခ်က္နဲ႕ရယူေဆာင္ရြက္ သြားမွာပါ။ အစိုးရအဖဲြ႕ရဲ႕ၫႊန္ၾကားခ်က္နဲ႔ စည္ပင္ကေန လိုက္နာေဆာင္ရြက္ေပးသြားမွာပါ။"ဟု ေတာင္ႀကီးၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကို က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ေျပာသည္။

၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၂၂)ရက္ေန႔တြင္ အဆိုပါ လမ္းအား ကြန္ကရစ္လမ္းခင္းျခင္း၊ ေရေျမာင္း ႏွင့္ ပလက္ေဖာင္း ေဖာ္ေဆာင္ျပဳလုပ္ျခင္း လုပ္ငန္းမ်ား ေဆာင္ရြက္ေနစဥ္ ေနအိမ္ အိမ္ရွင္မ်ားက အျငင္းပြား ကန္႔ကြက္လာသည့္အတြက္ ဇန္န၀ါရီလ(၂၃)ရက္ေန႔တြင္ လုပ္ငန္မ်ား ရပ္ဆိုင္းထားရသည့္အတြက္ စည္ပင္သာယာေရးဌာနမွ အစိုးရအဖြဲ႔၏ ညႊန္ၾကားခ်က္အတိုင္း လိုက္နာ ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

"လမ္းခင္းေပးတာက အရမ္းကို ေကာင္းပါတယ္။ မဟုတ္ရင္ ေရေျမာင္းေရဆိုးအနံ႔ေတြကလည္း နံတယ္။ ေရစီးအားလည္း မေကာင္းဘူး။ ကြန္ကရစ္ေတြနဲ႕ သပ္သပ္ရပ္ရပ္ ခင္းေပးရင္ေတာ့ အရမ္းေကာင္းပါတယ္။ ဒါေပမဲ႕ လမ္းပလက္ေဖာင္းေရေျမာင္းလုပ္မဲ့ေနရာက ဆိုင္ရွင္ေတြက ေရေျမာင္းလုပ္ရင္ သူတို႕ရဲ႕ ေျမဂရန္ပါ ပါသြားမယ္လို႕ေျပာေနႀကပါတယ္။"ဟု ညေစ်းေရာင္းခ်ေနသူတစ္ဦးျဖစ္သူ မခင္ က ေျပာသည္။

အဆိုပါ လမ္းအား ေရစီးေရလာ ေကာင္းမြန္ၿပီး သန္႔ရွင္းသပ္ရပ္ေစရန္ႏွင့္ ညေစ်းတန္းေနရာမ်ားတြင္လည္း ကြန္ကရစ္လမ္းခင္းက်င္းၿပီး ေစ်းေရာင္းခ်မႈပံုစံအသစ္ကိုပါ ေျပာင္းလဲသတ္မွတ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို
ဓါတ္ပံု - ေတာင္ႀကီး စည္ပင္


~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကြီးမြို့မဈေးကြီး၏ တောင်ဘက်ရှိ တပင်ရွှေထီးလမ်းအား ကွန်ကရစ်လမ်း နှင့်အတူ ရေမြောင်း၊ ပလက်ဖောင်း ပြုလုပ်နေစဉ်၎င်းလမ်းရှိ အိမ်ရှင်များက အငြင်းပွားကာ ကန့်ကွက်မှုများ ရှိလာသည့်အတွက် စည်ပင်သာယာရေးဌာန အနဖြေင့် လုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း သိရသည်။

"မြို့မဈေးကြီးနားက တပင်ရွှေထီးလမ်း တောင်ဘက်ခြမ်းကို ကွန်ကရစ်လမ်း၊ ရေမြောင်း၊ ပလက်ဖောင်း လုပ်ဖို့ စည်ပင်က ဆောင်ရွက်နေတာကနေ အဲဒီဘက်က အိမ်ရှင်တွေက အငြင်းပွား ကန့်ကွက် နေတာကြောင့် လုပ်ငန်းခေတ္တ ရပ်နားထားရပါတယ်။ စည်ပင်အနေနဲ့ ရရှိတဲ့ ဂရန်မြေပုံများအပေါ် မူတည် ဆောင်ရွက်တာဖြစ်ပေမယ့် အိမ်ရှင်များ သူတို့ဘက်မှာ မြေကျန်များ မရှိတော့တာရယ် ဂရန်အပေါ် အငြင်းပွား တာရယ်ကြောင့် အခုအတိုင်းဆို လမ်းကကျဉ်းကျဉ်း ဘဲရတော့မယ့်ပုံ ပေါက်နေပါပြီ။ အဲဒီလမ်းက အိမ်တွေကို ဂရန်ထုတ်ပေးရတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက ကွင်းဆင်းညှိနှိုင်းပေးချက် အပေါ် အစိုးရအဖွဲ့ထံ တင်ပြလမ်းညွှန်ချက်နဲ့ရယူဆောင်ရွက် သွားမှာပါ။ အစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်နဲ့ စည်ပင်ကနေ လိုက်နာဆောင်ရွက်ပေးသွားမှာပါ။"ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကို က တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့တွင် အဆိုပါ လမ်းအား ကွန်ကရစ်လမ်းခင်းခြင်း၊ ရေမြောင်း နှင့် ပလက်ဖောင်း ဖော်ဆောင်ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် နေအိမ် အိမ်ရှင်များက အငြင်းပွား ကန့်ကွက်လာသည့်အတွက် ဇန်နဝါရီလ(၂၃)ရက်နေ့တွင် လုပ်ငန်များ ရပ်ဆိုင်းထားရသည့်အတွက် စည်ပင်သာယာရေးဌာနမှ အစိုးရအဖွဲ့၏ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"လမ်းခင်းပေးတာက အရမ်းကို ကောင်းပါတယ်။ မဟုတ်ရင် ရေမြောင်းရေဆိုးအနံ့တွေကလည်း နံတယ်။ ရေစီးအားလည်း မကောင်းဘူး။ ကွန်ကရစ်တွေနဲ့ သပ်သပ်ရပ်ရပ် ခင်းပေးရင်တော့ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ လမ်းပလက်ဖောင်းရေမြောင်းလုပ်မဲ့နေရာက ဆိုင်ရှင်တွေက ရေမြောင်းလုပ်ရင် သူတို့ရဲ့ မြေဂရန်ပါ ပါသွားမယ်လို့ပြောနကြေပါတယ်။"ဟု ညဈေးရောင်းချနေသူတစ်ဦးဖြစ်သူ မခင် က ပြောသည်။

အဆိုပါ လမ်းအား ရေစီးရေလာ ကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စေရန်နှင့် ညဈေးတန်းနေရာများတွင်လည်း ကွန်ကရစ်လမ်းခင်းကျင်းပြီး ဈေးရောင်းချမှုပုံစံအသစ်ကိုပါ ပြောင်းလဲသတ်မှတ် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို
ဓာတ်ပုံ - တောင်ကြီး စည်ပင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~