ေတာင္ႀကီးတြင္ ယာဥ္အႏၱရာယ္ကင္းရွင္းေရး လက္ကမ္းစာေစာင္ႏွင့္အတူ ပညာေပးတီရွပ္မ်ားျဖန္႔ေဝ

ေတာင္ႀကီးတြင္ ယာဥ္အႏၱရာယ္ကင္းရွင္းေရး လက္ကမ္းစာေစာင္ႏွင့္အတူ ပညာေပးတီရွပ္မ်ားျဖန္႔ေဝ
ဇန်နဝါရီ 24, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ယာဥ္အႏၱရာယ္ကင္းရွင္းေရး အသိပညာေပး လႈပ္ရွားမႈအျဖစ္ လက္ကမ္းစာေစာင္ႏွင့္ ပညာေပးတီရွပ္မ်ား ျဖန္႔ေဝေပးျခင္းကို ရွမ္းျပည္နယ္အစိုးရ၏ ညြန္ၾကားခ်က္ျဖင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

“နိုင္ငံေတာ္အဆင့္ အမ်ဳိးသားယာဥ္အႏၱရာယ္ကင္းရွင္းေရးေကာင္စီကေန ယာဥ္ထိန္းတပ္ဖြဲ႕၊ ရဲတပ္ဖြဲေတြကေန ရွမ္းျပည္နယ္အစိုးရရဲ႕ ညြန္ၾကားခ်က္နဲ႔အညီ ဆိုင္ကယ္၊ ေမာ္ေတာ္ယာဥ္ အသံုးျပဳတဲ့ သူေတြ ယာဥ္အႏၱရာယ္ ကင္းရွင္းဖို႔အတြက္ ရည္ရြယ္ၿပီးေတာ့ ပူးေပါင္းအဖြဲ႕နဲ႕ပူးေပါင္းၿပီးေတာ့ ပညာေပး လုပ္ငန္းေဆာင္ရြက္ရတာျဖစ္ပါတယ္” ဟု အမွတ္ (၁၈)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲ( ရွမ္းေတာင္ ) မွ ရဲမွဴး မ်ဳိးေဇာ္ေအာင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

အမွတ္(၁၈)ယာဥ္ထိန္းရဲဒုရဲတပ္ဖြဲ႕ခြဲက ေတာင္ႀကီးၿမိဳ႕တြင္ ဇန္န၀ါရီလ (၂၃)ရက္ေန႔က လက္ကမ္း စာေစာင္ (၃၀၀၀)နွင့္ ပညာေပးတီရွပ္အထည္ (၂၀၀)ကို ျဖန္႔ေဝပညာေပးခဲ့ေၾကာင္း သိရသည္။

 “ရွမ္းေတာင္မွာ အမ်ားဆံုးျဖစ္ေပၚတာဆိုရင္ ဆိုင္ကယ္စီးရင္ ဦးထုပ္မေဆာင္းလို႔ ယာဥ္အႏၱရာယ္ ျဖစ္တာေတြ မ်ားတယ္။ ေမာ္ေတာ္ယာဥ္အသံုးျပဳတဲ့သူေတြကလည္း ထိုင္ခံုခါးပတ္မပတ္ဘဲ ေမာင္းႏွင္တာေတြ မ်ားတယ္။ ယာဥ္ထိန္းႀကီးၾကပ္မႈမရွိတဲ့ေနရာေတြမွာဆိုရင္ စည္းကမ္း မလိုက္နာတာေတြ မ်ားတယ္။ အဓိကကေတာ့ ငယ္ရြယ္တဲ့ ေက်ာင္းသားေက်ာင္းသူေတြ စည္းကမ္း မလိုက္နာတာေတြ ပိုမ်ားတယ္။ ကၽြန္ေတာ္တို႔က ဖမ္းဆီးျခင္း၊ အေရးယူျခင္းထက္ ပညာေပးမႈကို ပိုၿပီးေတာ့ လုပ္ေဆာင္ခ်င္ပါတယ္။ ယာဥ္အႏၱရာယ္ကင္းရွင္းဖို႔ဆိုတာကလည္း ျပည္သူေတြက စည္းကမ္းေတြကို ေသခ်ာလိုက္နာမွသာ ယာဥ္ျဖစ္ပြားမႈႏႈန္း ေလ်ာ့က်သြားမွာျဖစ္ပါတယ္”ဟု အမွတ္ (၁၈)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲ( ရွမ္းေတာင္ ) မွ ရဲမွဴးမ်ဳိးေဇာ္ေအာင္က ေျပာသည္။

၂၀၁၇ ခုႏွစ္ ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသအတြင္း ဆိုင္ကယ္နွင့္ပတ္သက္ေသာယာဥ္တိုက္မႈ (၄၃၆)မႈ၊ ကားနွင့္ပတ္သက္ေသာ ယာဥ္တုိက္မႈ၊ တရားစြဲဆိုမႈ(၂၉၄) ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ႏိုႏို



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လှုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်နှင့် ပညာပေးတီရှပ်များ ဖြန့်ဝေပေးခြင်းကို ရှမ်းပြည်နယ်အစိုးရ၏ ညွန်ကြားချက်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

“နိုင်ငံတော်အဆင့် အမျိုးသားယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီကနေ ယာဉ်ထိန်းတပ်ဖွဲ့၊ ရဲတပ်ဖွဲတွေကနေ ရှမ်းပြည်နယ်အစိုးရရဲ့ ညွန်ကြားချက်နဲ့အညီ ဆိုင်ကယ်၊ မော်တော်ယာဉ် အသုံးပြုတဲ့ သူတွေ ယာဉ်အန္တရာယ် ကင်းရှင်းဖို့အတွက် ရည်ရွယ်ပြီးတော့ ပူးပေါင်းအဖွဲ့နဲ့ပူးပေါင်းပြီးတော့ ပညာပေး လုပ်ငန်းဆောင်ရွက်ရတာဖြစ်ပါတယ်” ဟု အမှတ် (၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ( ရှမ်းတောင် ) မှ ရဲမှူး မျိုးဇော်အောင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

အမှတ်(၁၈)ယာဉ်ထိန်းရဲဒုရဲတပ်ဖွဲ့ခွဲက တောင်ကြီးမြို့တွင် ဇန်နဝါရီလ (၂၃)ရက်နေ့က လက်ကမ်း စာစောင် (၃၀၀၀)နှင့် ပညာပေးတီရှပ်အထည် (၂၀၀)ကို ဖြန့်ဝေပညာပေးခဲ့ကြောင်း သိရသည်။

 “ရှမ်းတောင်မှာ အများဆုံးဖြစ်ပေါ်တာဆိုရင် ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းလို့ ယာဉ်အန္တရာယ် ဖြစ်တာတွေ များတယ်။ မော်တော်ယာဉ်အသုံးပြုတဲ့သူတွေကလည်း ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်တာတွေ များတယ်။ ယာဉ်ထိန်းကြီးကြပ်မှုမရှိတဲ့နေရာတွေမှာဆိုရင် စည်းကမ်း မလိုက်နာတာတွေ များတယ်။ အဓိကကတော့ ငယ်ရွယ်တဲ့ ကျောင်းသားကျောင်းသူတွေ စည်းကမ်း မလိုက်နာတာတွေ ပိုများတယ်။ ကျွန်တော်တို့က ဖမ်းဆီးခြင်း၊ အရေးယူခြင်းထက် ပညာပေးမှုကို ပိုပြီးတော့ လုပ်ဆောင်ချင်ပါတယ်။ ယာဉ်အန္တရာယ်ကင်းရှင်းဖို့ဆိုတာကလည်း ပြည်သူတွေက စည်းကမ်းတွေကို သေချာလိုက်နာမှသာ ယာဉ်ဖြစ်ပွားမှုနှုန်း လျော့ကျသွားမှာဖြစ်ပါတယ်”ဟု အမှတ် (၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ( ရှမ်းတောင် ) မှ ရဲမှူးမျိုးဇော်အောင်က ပြောသည်။

၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ဆိုင်ကယ်နှင့်ပတ်သက်သောယာဉ်တိုက်မှု (၄၃၆)မှု၊ ကားနှင့်ပတ်သက်သော ယာဉ်တိုက်မှု၊ တရားစွဲဆိုမှု(၂၉၄) ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~