ျမန္မာႏိုင္ငံစာၾကည့္တိုက္မ်ား ေဖာင္ေဒးရွင္းက က်ိဳင္းတံုႏွင့္ တာခ်ီလိတ္တြင္ စာၾကည့္တုိက္ ေဖာင္ေဒးရွင္းမ်ား ဖြဲ႕မည္

ျမန္မာႏိုင္ငံစာၾကည့္တိုက္မ်ား ေဖာင္ေဒးရွင္းက က်ိဳင္းတံုႏွင့္ တာခ်ီလိတ္တြင္ စာၾကည့္တုိက္ ေဖာင္ေဒးရွင္းမ်ား ဖြဲ႕မည္
ဇန်နဝါရီ 14, 2018
By Tachileik News Agency

ျမန္မာႏိုင္ငံစာၾကည့္တိုက္မ်ား ေဖာင္ေဒးရွင္းက ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ ၿမိဳ႕နယ္ စာၾကည့္တုိက္မ်ား ေဖာင္ေဒးရွင္းကို ဇန္နဝါရီလ (၁၄)ရက္ေန႔က  ဖြဲ႕စည္းလုိက္ၿပီး တာခ်ီလိတ္ၿမိဳ႕ တြင္လည္း ဆက္လက္ဖြဲ႕စည္း သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ျမန္မာႏိုင္ငံစာၾကည့္တိုက္မ်ား ေဖာင္ေဒးရွင္းဟာ ၿပီးခဲ့တဲ့ႏွစ္ကစၿပီးေတာ့ အစိုးရ မဟုတ္ေသာ အဖြဲ႕အစည္း အျဖစ္ သီးျခား ရပ္တည္ေနၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံ စာၾကည့္တိုက္မ်ား ေဖာင္ေဒးရွင္းကို တိုင္းနဲ႕ျပည္နယ္ေတြမွာ ျပန္လည္ဖြဲ႕စည္းေနပါတယ္။ အဲဒီအထဲမွာ ရွမ္းျပည္နယ္ အေနနဲ႔လည္း ၿပီးခဲ့တဲ့ႏွစ္ ဇြန္လကဖြဲ႕စည္းခဲ့ၿပီး ျဖစ္ပါတယ္။ ရွမ္းအေရွ႕ အေနနဲ႔ကေတာ့ ပထမဆုံး က်ိဳင္းတုံၿမိဳ႕နယ္နဲ႕ တာခ်ီလိတ္ၿမိဳ႕နယ္ေတြမွာ စာၾကည့္တိုက္မ်ား ေဖာင္ေဒးရွင္းကို ဖြဲ႕စည္းသြားပါမယ္။ ေနာက္ပိုင္းမွာ က်ိဳင္းတုံခရိုင္နဲ႕ တာခ်ီလိတ္ခရိုင္ဆိုၿပီး အဆင့္တိုးျမႇင့္ဖြဲ႕စည္းၿပီး ေဆာင္ရြက္သြားပါမယ္"ဟု ရွမ္းျပည္နယ္ စာၾကည့္တိုက္မ်ားေဖာင္ေဒးရွင္း၏ ဒုဥကၠဌ ဦးစိုင္းဆမ္တစ္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ အေရွ႕ပိုင္းတြင္ က်ိဳင္းတုံၿမိဳ႕နယ္ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ စာၾကည့္တိုက္မ်ား ေဖာင္ေဒးရွင္း တို႕ကို ဦးစြာဖြဲ႕စည္းသြားမည္ျဖစ္ၿပီး အဖြဲ႕အစည္း၏သတ္မွတ္ခ်က္အရ အစိုးရဝန္ထမ္း မဟုတ္သူမ်ားႏွင့္သာ ဖြဲ႕စည္းရမည္ဟု ကန္႔သတ္ထားေသာ္လည္း လုပ္ငန္းသေဘာသဘာဝအရ ျပန္ၾကားေရးႏွင့္ ျပည္သူ႕ဆက္ဆံေရး ဦးစီးဌာနႏွင့္ အတူ ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"၂၀၁၈ခုႏွစ္အတြင္းမွာ ရွမ္းေတာင္က စာၾကည့္တိုက္ ႏွစ္တိုက္၊ ရွမ္းေျမာက္က စာၾကည့္တိုက္ ႏွစ္တိုက္နဲ႕ ကၽြန္ေတာ္တို႕ ရွမ္းအေရွ႕က စာၾကည့္တိုက္တစ္တုိက္ စုစုေပါင္းငါးတုိက္ဖြင့္ရမယ့္ တာ၀န္ေတြရိွပါတယ္။ ေနာက္ၿပီးေတာ့ ေဒသတြင္းမွာ အေျခခံစာၾကည့္တုိက္သင္တန္း သံုးႀကိမ္ဖြင့္လွစ္ဖို႕နဲ႕ ရန္ပုံေငြ ရွာေဖြဖို႕အတြက္ ဆိုၿပီးေတာ့ ညႊန္ၾကားထားပါတယ္"ဟု ရွမ္းျပည္နယ္ စာၾကည့္တိုက္မ်ားေဖာင္ေဒးရွင္း၏ ဒုဥကၠဌ ဦးစိုင္းဆမ္တစ္က ေျပာသည္။

အဆိုပါေဖာင္ေဒးရွင္းအေနျဖင့္ ေက်းရြာ၊ ရပ္ကြက္မ်ားတြင္ ဖြင့္လွစ္ထားသည့္ စာၾကည့္တိုက္မ်ား ပံုမွန္လုပ္ငန္း ေဆာင္ရြက္ႏုိင္ရန္၊ အေျခခံစာၾကည့္တိုက္သင္တန္းဖြင့္လွစ္ႏိုင္ရန္တို႔ကိုလည္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မြို့နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းကို ဇန်နဝါရီလ (၁၄)ရက်နေ့က ဖွဲ့စည်းလိုက်ပြီး တာချီလိတ်မြို့ တွင်လည်း ဆက်လက်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းဟာ ပြီးခဲ့တဲ့နှစ်ကစပြီးတော့ အစိုးရ မဟုတ်သော အဖွဲ့အစည်း အဖြစ် သီးခြား ရပ်တည်နပြေီဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းကို တိုင်းနဲ့ပြည်နယ်တွေမှာ ပြန်လည်ဖွဲ့စည်းနေပါတယ်။ အဲဒီအထဲမှာ ရှမ်းပြည်နယ် အနေနဲ့လည်း ပြီးခဲ့တဲ့နှစ် ဇွန်လကဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ ရှမ်းအရှေ့ အနေနဲ့ကတော့ ပထမဆုံး ကျိုင်းတုံမြို့နယ်နဲ့ တာချီလိတ်မြို့နယ်တွေမှာ စာကြည့်တိုက်များ ဖောင်ဒေးရှင်းကို ဖွဲ့စည်းသွားပါမယ်။ နောက်ပိုင်းမှာ ကျိုင်းတုံခရိုင်နဲ့ တာချီလိတ်ခရိုင်ဆိုပြီး အဆင့်တိုးမြှင့်ဖွဲ့စည်းပြီး ဆောင်ရွက်သွားပါမယ်"ဟု ရှမ်းပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း၏ ဒုဥက္ကဌ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း တို့ကို ဦးစွာဖွဲ့စည်းသွားမည်ဖြစ်ပြီး အဖွဲ့အစည်း၏သတ်မှတ်ချက်အရ အစိုးရဝန်ထမ်း မဟုတ်သူများနှင့်သာ ဖွဲ့စည်းရမည်ဟု ကန့်သတ်ထားသော်လည်း လုပ်ငန်းသဘောသဘာဝအရ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"၂၀၁၈ခုနှစ်အတွင်းမှာ ရှမ်းတောင်က စာကြည့်တိုက် နှစ်တိုက်၊ ရှမ်းမြောက်က စာကြည့်တိုက် နှစ်တိုက်နဲ့ ကျွန်တော်တို့ ရှမ်းအရှေ့က စာကြည့်တိုက်တစ်တိုက် စုစုပေါင်းငါးတိုက်ဖွင့်ရမယ့် တာဝန်တွေရှိပါတယ်။ နောက်ပြီးတော့ ဒေသတွင်းမှာ အခြေခံစာကြည့်တိုက်သင်တန်း သုံးကြိမ်ဖွင့်လှစ်ဖို့နဲ့ ရန်ပုံငွေ ရှာဖွေဖို့အတွက် ဆိုပြီးတော့ ညွှန်ကြားထားပါတယ်"ဟု ရှမ်းပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း၏ ဒုဥက္ကဌ ဦးစိုင်းဆမ်တစ်က ပြောသည်။

အဆိုပါဖောင်ဒေးရှင်းအနဖြေင့် ကျေးရွာ၊ ရပ်ကွက်များတွင် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များ ပုံမှန်လုပ်ငန်း ဆောင်ရွက်နိုင်ရန်၊ အခြေခံစာကြည့်တိုက်သင်တန်းဖွင့်လှစ်နိုင်ရန်တို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~