ရွမ္းျပည္နယ္တြင္းမွ ေက်ာင္းသားေက်ာင္းသူ တစ္သိန္းေက်ာ္အား စားသံုးသူအကာအကြယ္ေပးေရးဆုိင္ရာ အသိပညာေပးထား

ရွမ္းျပည္နယ္တြင္းမွ ေက်ာင္းသားေက်ာင္းသူ တစ္သိန္းေက်ာ္အား စားသံုးသူအကာအကြယ္ေပးေရးဆုိင္ရာ အသိပညာေပးထား
ဇန်နဝါရီ 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္တြင္း အေျခခံပညာေက်ာင္းေပါင္း (၅၃၃)ေက်ာင္းႏွင့္ တကၠသိုလ္၊ ေကာလိပ္ စုစုေပါင္း (၁၈)ခုုတို႔မွ ေက်ာင္းသားေပါင္း (၁၅၉၆၆၀)အား စားသံုးသူကာကြယ္ေရးဥပေဒႏွင့္ စားသံုးသူ အကာအကြယ္ ေပးေရးဆိုင္ရာမ်ားကို ရွမ္းျပည္နယ္ စားသံုးသူူေရးရာဦးစီးဌာနက ၂၀၁၇ ခုႏွစ္အတြင္း အသိပညာေပး ေဟာေျပာမႈမ်ား လုပ္ေဆာင္ထားေၾကာင္း သိရသည္။

“အထူးသျဖင့္ေတာ့ စားသံုးသူ အကာအကြယ္ေပးေရး လုပ္ငန္းဆိုတာ လက္ရိွ ကၽြန္ေတာ္တုိ႔ တုိင္းျပည္မွာ အမ်ိဳးသားထု တစ္ရပ္လံုးမွာ ႀကံဳေတြ႔ေနရတဲ့ ျပႆနာႀကီးတစ္ခု ျဖစ္ေနပါတယ္။ ဒါေၾကာင့္ ဒီတကၠသိုလ္က ေက်ာင္းသူေက်ာင္းသားေတြ အေနနဲ႔ စားသံုးသူရပိုင္ခြင့္ေတြကို သူတို႔သိဖို႔လိုတယ္။ တကၠသိုလ္တက္ေနတဲ့ ေက်ာင္းသားေတြရဲ႕ အသိုင္းအဝန္းကေနတစ္ဆင့္ စားသံုးသူ အကာကြယ္ေပးေရး၊ အခြင့္အေရးေတြကို သိရိွနားလည္ေအာင္အတြက္ အခုလို ေဟာေျပာပြဲေတြ လုပ္ေပးတာျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာ ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

စားသံုးသူ အကာအကြယ္ေပးေရးႏွင့္ပတ္သက္၍ စားသံုးသူေရးရာဦးစီးဌာနႏွင့္ သက္ဆုိင္ရာဌာနမ်ား တာဝန္ယူေဆာင္ရြက္ေနေသာ္လည္း ျပည္သူလူထု၏ ပူးေပါင္းပါဝင္မႈရမွသာ ေအာင္ျမင္ႏုိင္မည္ျဖစ္သျဖင့္ အမ်ားျပည္သူအား အသိပညာေပး လုပ္ငန္းမ်ားအျပင္ ေက်ာင္းသားလူငယ္မ်ားကိုလည္း အဓိကဦးတည္၍ အသိပညာေပးလုပ္ငန္းမ်ား ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

“စားသံုးသူအခြင့္အေရးနဲ႔ပတ္သက္လို႔ အမ်ားႀကီး မသိခ်င္ေနပါေစ အနည္းဆံုးေတာ့ စားေသာက္ကုန္ေတြရဲ႕ ထုတ္လုပ္ရက္၊ ကုန္ဆံုးရက္စြဲၾကည့္မယ္။ ထုတ္လုပ္တဲ့ လုပ္ငန္းေတြရဲ႕ လိပ္စာ၊ ဖုန္းနံပါတ္၊ ေနာက္တစ္ခ်က္က ကုန္ပစၥည္းထုတ္လုပ္မႈခြင့္ျပဳခ်က္၊ ဘယ္က ဒီဟာကို ခြင့္ျပဳေပးထားသလဲ ဆိုတာေလးေတြ ၾကည့္မယ္ဆုိရင္ အမ်ားႀကီး ေအာင္ျမင္ပါတယ္။ ကၽြန္ေတာ္တုိ႔ ဒီဘက္မွာဆိုရင္ သက္တမ္းကုန္ေနတဲ့ ကုန္ပစၥည္း (၂၀)ရာခိုင္ႏႈန္းကေန (၂၅)ရာခုိင္ႏႈန္းေလာက္အထိက ေရာေႏွာ ေရာင္းခ်ေနၾကတယ္။ ဒါေၾကာင့္ စားေသာက္ကုန္ သက္တမ္းကို ၾကည့္ဝယ္တယ္ဆိုရင္ပဲ ၅၀ ရာခုိင္ႏႈန္းေလာက္ ေအာင္ျမင္တယ္လုိ႔ ေျပာလုိ႔ရပါတယ္”ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာ ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

အသိပညာေပးေဟာေျပာမႈမ်ားအား ရွမ္းျပည္နယ္(ေတာင္ပိုင္း)ရိွ အေျခခံပညာေက်ာင္း (၈၈)ေက်ာင္းႏွင့္ တကၠသိုလ္၊ ေကာလိပ္ (၃)ခု၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ရိွ အေျခခံပညာေက်ုာင္း (၁၈၅)ေက်ာင္းနွင့္ တကၠသိုလ္၊ေကာလိပ္ (၄)ခုႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)ရိွ အေျခခံပညာေက်ာင္း (၂၆၀)ႏွင့္ တကၠသိုလ္၊ ေကာလိပ္ (၁၁)ခုတို႔တြင္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်တွင်း အခြေခံပညာကျောင်းပေါင်း (၅၃၃)ကျောင်းနှင့် တက္ကသိုလ်၊ ကောလိပ် စုစုပေါင်း (၁၈)ခုတို့မှ ကျောင်းသားပေါင်း (၁၅၉၆၆၀)အား စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူ အကာအကွယ် ပေးရေးဆိုင်ရာများကို ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနက ၂၀၁၇ ခုနှစ်အတွင်း အသိပညာပေး ဟောပြောမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

“အထူးသဖြင့်တော့ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းဆိုတာ လက်ရှိ ကျွန်တော်တို့ တိုင်းပြည်မှာ အမျိုးသားထု တစ်ရပ်လုံးမှာ ကြုံတွေ့နေရတဲ့ ပြဿနာကြီးတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ဒီတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ အနေနဲ့ စားသုံးသူရပိုင်ခွင့်တွေကို သူတို့သိဖို့လိုတယ်။ တက္ကသိုလ်တက်နေတဲ့ ကျောင်းသားတွေရဲ့ အသိုင်းအဝန်းကနေတစ်ဆင့် စားသုံးသူ အကာကွယ်ပေးရေး၊ အခွင့်အရေးတွေကို သိရှိနားလည်အောင်အတွက် အခုလို ဟောပြောပွဲတွေ လုပ်ပေးတာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

စားသုံးသူ အကာအကွယ်ပေးရေးနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ တာဝန်ယူဆောင်ရွက်နေသော်လည်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုရမှသာ အောင်မြင်နိုင်မည်ဖြစ်သဖြင့် အများပြည်သူအား အသိပညာပေး လုပ်ငန်းများအပြင် ကျောင်းသားလူငယ်များကိုလည်း အဓိကဦးတည်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နခြေင်းဖြစ်ကြောင်း၎င်းက ဆိုသည်။

“စားသုံးသူအခွင့်အရေးနဲ့ပတ်သက်လို့ အများကြီး မသိချင်နေပါစေ အနည်းဆုံးတော့ စားသောက်ကုန်တွေရဲ့ ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်စွဲကြည့်မယ်။ ထုတ်လုပ်တဲ့ လုပ်ငန်းတွေရဲ့ လိပ်စာ၊ ဖုန်းနံပါတ်၊ နောက်တစ်ချက်က ကုန်ပစ္စည်းထုတ်လုပ်မှုခွင့်ပြုချက်၊ ဘယ်က ဒီဟာကို ခွင့်ပြုပေးထားသလဲ ဆိုတာလေးတွေ ကြည့်မယ်ဆိုရင် အများကြီး အောင်မြင်ပါတယ်။ ကျွန်တော်တို့ ဒီဘက်မှာဆိုရင် သက်တမ်းကုန်နေတဲ့ ကုန်ပစ္စည်း (၂၀)ရာခိုင်နှုန်းကနေ (၂၅)ရာခိုင်နှုန်းလောက်အထိက ရောနှော ရောင်းချနကြေတယ်။ ဒါကြောင့် စားသောက်ကုန် သက်တမ်းကို ကြည့်ဝယ်တယ်ဆိုရင်ပဲ ၅၀ ရာခိုင်နှုန်းလောက် အောင်မြင်တယ်လို့ ပြောလို့ရပါတယ်”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

အသိပညာပေးဟောပြောမှုများအား ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အခြေခံပညာကျောင်း (၈၈)ကျောင်းနှင့် တက္ကသိုလ်၊ ကောလိပ် (၃)ခု၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အခြေခံပညာကျောုင်း (၁၈၅)ကျောင်းနှင့် တက္ကသိုလ်၊ကောလိပ် (၄)ခုနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အခြေခံပညာကျောင်း (၂၆၀)နှင့် တက္ကသိုလ်၊ ကောလိပ် (၁၁)ခုတို့တွင် ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~