တနသၤာရီတိုင္းေဒသႀကီး တတိယေျမာက္ ၿမိဳ႕ဝင္ဘီးခြန္ကင္းလြတ္ေဒသျဖစ္ေတာ့မည္

တနသၤာရီတိုင္းေဒသႀကီး တတိယေျမာက္ ၿမိဳ႕ဝင္ဘီးခြန္ကင္းလြတ္ေဒသျဖစ္ေတာ့မည္
ဇန်နဝါရီ 22, 2018
By 🌸
တနသၤာရီတုိင္းေဒသႀကီးအတြင္း ၿမိဳ႕ဝင္ဘီးခြန္ေကာက္လိုင္စင္မ်ားအား ၂၀၁၈ - ၂၀၁၉ ဘ႑ာေရးႏွစ္မွစ၍ ရပ္နားေတာ့မည္ျဖစ္ရာ ၿမိဳ႕ဝင္ဘီးခြန္ေၾကးေကာက္ခံျခင္းမရိွသည့္ တတိယေျမာက္တုိင္းေဒသႀကီး ျဖစ္လာသည္။

တိုင္းေဒသႀကီး/ျပည္နယ္အစိုးရအဖြဲ႔မ်ား၏ ေပါင္းစပ္ညႇိႏႈိင္းခ်က္မ်ားအရ ကယားျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ၿမိဳ႕ဝင္ဘီးခြန္ေကာက္ခံျခင္းအား ဖ်က္သိမ္းထားၿပီးျဖစ္၍ ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္မွစ၍ တနသၤာရီတုိင္းေဒသႀကီးသည္ ဘီးခြန္ကင္းလြတ္သည့္ တတိယေျမာက္တုိင္းေဒသႀကီးျဖစ္လာျခင္းျဖစ္သည္။

တုိင္းေဒသႀကီးအတြင္း ၿမိဳ႕ဝင္ဘီးခြန္ေကာက္ခံျခင္းမ်ားအား ပိုမိုသင့္ေလ်ာ္သည့္နည္းလမ္းမ်ားျဖင့္ စီမံေဆာင္ရြက္ေပးရန္ ရိွ၊မရိွ ေလးမ်က္ႏွာမဲဆႏၵနယ္မွ ဦးေဇာ္မင္းသိန္းက ေမးျမန္းမႈအား ဇန္နဝါရီလ (၂၂) ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ ေနျပည္ေတာ္ကာင္စီဝင္ ဦးေအာင္ျမင္ထြန္းက ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ၿမိဳ႕ဝင္ဘီးခြန္ကင္းလြတ္သည့္ေဒသအျဖစ္ ကခ်င္ျပည္နယ္အေနျဖင့္္လည္း ၿမိဳ႕ဝင္ဘီးေကာက္လိုင္စင္အား ဖ်က္သိမ္းျခင္းႏွင့္ ပတ္သက္၍ ညႊန္ၾကားေဆာင္ရြက္သြားရန္ရိွေနၿပီး က်န္တိုင္းေဒသႀကီး/ ျပည္နယ္မ်ားအေနျဖင့္ ၿမိဳ႕ဝင္ဘီးေကာက္လိုင္စင္မ်ားအား ဖ်က္သိမ္းေပးရန္ အစီအစဥ္မရွိေသးေၾကာင္း သက္ဆိုင္ရာတိုင္းေဒသႀကီး/ျပည္နယ္အစုိးရအဖြဲ႔မ်ားမွ ေပးပို႔လာမႈမ်ားအရ ျပန္လည္ေျဖၾကားခဲ့ေၾကာင္း သိရသည္။

တိုင္းေဒသႀကီး/ ျပည္နယ္အစုိးရအဖြဲ႔မ်ား၏ ကြပ္ကဲမႈေအာက္ရွိ ၿမိဳ႕နယ္/ၿမိဳ႕မ်ားတြင္ သက္ဆိုင္ရာ စည္ပင္သာယာေရးအဖြဲ႔မ်ား၏ ဥပေဒ၊ လုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီ ၿမိဳ႕ဝင္ဘီးေကာက္လိုင္စင္ႏွင့္ အရပ္ရပ္အခြင့္အေရးလိုင္စင္မ်ားအား ႏွစ္စဥ္ေလလံစနစ္ျဖင့္ ခ်ထားေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ျပည္သူ႔လႊတ္ေတာ္

~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီး တတိယမြောက် မြို့ဝင်ဘီးခွန်ကင်းလွတ်ဒေသဖြစ်တော့မည်
*****************
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့ဝင်ဘီးခွန်ကောက်လိုင်စင်များအား ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ ရပ်နားတော့မည်ဖြစ်ရာ မြို့ဝင်ဘီးခွန်ကြေးကောက်ခံခြင်းမရှိသည့် တတိယမြောက်တိုင်းဒေသကြီး ဖြစ်လာသည်။

တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ပေါင်းစပ်ညှိနှိုင်းချက်များအရ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြို့ဝင်ဘီးခွန်ကောက်ခံခြင်းအား ဖျက်သိမ်းထားပြီးဖြစ်၍ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ တနင်္သာရီတိုင်းဒေသကြီးသည် ဘီးခွန်ကင်းလွတ်သည့် တတိယမြောက်တိုင်းဒေသကြီးဖြစ်လာခြင်းဖြစ်သည်။

တိုင်းဒေသကြီးအတွင်း မြို့ဝင်ဘီးခွန်ကောက်ခံခြင်းများအား ပိုမိုသင့်လျော်သည့်နည်းလမ်းများဖြင့် စီမံဆောင်ရွက်ပေးရန် ရှိ၊မရှိ လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းက မေးမြန်းမှုအား ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် နေပြည်တော်ကာင်စီဝင် ဦးအောင်မြင်ထွန်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြို့ဝင်ဘီးခွန်ကင်းလွတ်သည့်ဒေသအဖြစ် ကချင်ပြည်နယ်အနေဖြင့််လည်း မြို့ဝင်ဘီးကောက်လိုင်စင်အား ဖျက်သိမ်းခြင်းနှင့် ပတ်သက်၍ ညွှန်ကြားဆောင်ရွက်သွားရန်ရှိနေပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် မြို့ဝင်ဘီးကောက်လိုင်စင်များအား ဖျက်သိမ်းပေးရန် အစီအစဉ်မရှိသေးကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ပေးပို့လာမှုများအရ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ကွပ်ကဲမှုအောက်ရှိ မြို့နယ်/မြို့များတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြို့ဝင်ဘီးကောက်လိုင်စင်နှင့် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား နှစ်စဉ်လေလံစနစ်ဖြင့် ချထားဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်သူ့လွှတ်တော်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~