တာခ်ီလိတ္ၿမိဳ႕ ပါခုတ္ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ အမ်ဳိးသားသံုးဦးထံက ဘိန္းျဖဴဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ပါခုတ္ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ အမ်ဳိးသားသံုးဦးထံက ဘိန္းျဖဴဖမ္းဆီးရမိ
ဇန်နဝါရီ 12, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုရွိ ပါခုတ္ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ အမ်ဳိးသားသံုးဦးထံက ဘိန္းျဖဴ (၇၀၀)ဂရမ္ခန္႔အား ဇန္န၀ါရီလ(၁၂)ရက္ေန႔ ညေန(၄)နာရီ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ဘက္မွ ၀မ္ပံုဘက္သို႔ စိုင္းျမင့္ေအာင္ ေမာင္းႏွင္ၿပီး သက္ဟိန္းစိုး(ခ)စေမာ ႏွင့္ အားဖို႔တို႔ လိုက္ပါလာေသာ ေမာ္ေတာ္ယာဥ္သည္  ပါခုတ္ပူးေပါင္းစစ္ေဆးေရးဂိတ္ အေရာက္တြင္ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား ပါ၀င္ေသာ ပူးေပါင္းအဖြဲ႔မွ ရပ္တန္႔ရွာေဖြစစ္ေဆးရာ မူးယစ္ ေဆး၀ါးမ်ားအား ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔ျဖင့္ ရွာေဖြရာတြင္ စိုင္းျမင့္ေအာင္၏ ခါးၾကားအတြင္း၌ အၾကည္ေရာင္ ပလပ္စတစ္ျဖင့္ တစ္ထပ္၊ မိုင္းကိုင္စကၠဴျဖင့္ တစ္ထပ္ထုတ္ထားသည့္ တစ္တံုးလွ်င္ အေလးခ်ိန္(၃၅၀)ဂရမ္ခန္႔ရွိ ဘိန္းျဖဴဘေလာက္တံုး (၂)တံုးအား ရွာေဖြေတြ႔ရွိရသည့္အတြက္ ၎ႏွင့္အတူ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္  သက္ဟိန္းစိုး(ခ)စေမာ ႏွင့္ အားဖို႔တို႔ (၃)ဦးအား ၀မ္ပံုနယ္ေျမရဲစခန္းတြင္ မယ(ပ)၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုရှိ ပါခုတ်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အမျိုးသားသုံးဦးထံက ဘိန်းဖြူ (၇၀၀)ဂရမ်ခန့်အား ဇန်နဝါရီလ(၁၂)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်ဘက်မှ ဝမ်ပုံဘက်သို့ စိုင်းမြင့်အောင် မောင်းနှင်ပြီး သက်ဟိန်းစိုး(ခ)စမော နှင့် အားဖို့တို့ လိုက်ပါလာသော မော်တော်ယာဉ်သည် ပါခုတ်ပူးပေါင်းစစ်ဆေးရေးဂိတ် အရောက်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ရပ်တန့်ရှာဖွေစစ်ဆေးရာ မူးယစ် ဆေးဝါးများအား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေရာတွင် စိုင်းမြင့်အောင်၏ ခါးကြားအတွင်း၌ အကြည်ရောင် ပလပ်စတစ်ဖြင့် တစ်ထပ်၊ မိုင်းကိုင်စက္ကူဖြင့် တစ်ထပ်ထုတ်ထားသည့် တစ်တုံးလျှင် အလေးချိန်(၃၅၀)ဂရမ်ခန့်ရှိ ဘိန်းဖြူဘလောက်တုံး (၂)တုံးအား ရှာဖွေတွေ့ရှိရသည့်အတွက်၎င်းနှင့်အတူ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် သက်ဟိန်းစိုး(ခ)စမော နှင့် အားဖို့တို့ (၃)ဦးအား ဝမ်ပုံနယ်မြေရဲစခန်းတွင် မယ(ပ)၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~