ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ ႏွီးဘုရားေက်ာင္းတြင္ က်င္းပျပဳလုပ္မည့္ တရားပြဲသို႔ ၾကြေရာက္ေဟာၾကားမည့္ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးအား ထီးေတာ္မိုးေပးရန္ ထိုင္းဘတ္ေငြ(၂)သိန္းခြဲတန္ ေရႊထီးျပဳလုပ္ထား

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ ႏွီးဘုရားေက်ာင္းတြင္ က်င္းပျပဳလုပ္မည့္ တရားပြဲသို႔ ၾကြေရာက္ေဟာၾကားမည့္ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးအား ထီးေတာ္မိုးေပးရန္ ထိုင္းဘတ္ေငြ(၂)သိန္းခြဲတန္ ေရႊထီးျပဳလုပ္ထား
ဇန်နဝါရီ 1, 2018
By Tachileik News Agency

ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕ မြန္ဒဲန္းႏြဲ႔ရပ္ကြက္ရွိ ႏွီးဘုရားေက်ာင္းတိုက္တြင္ ႏိုင္ငံေတာ္ သံဃမဟာနာယက အဖြဲ႔ဥကၠဌ နဝမေျမာက္ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး၏ ဇန္နဝါရီလ (၂)ရက္ေန႔ တရားပြဲအတြက္ ထိုင္းဘတ္ေငြ(၂)သိန္းခြဲတန္ ေရႊထီးႏွင့္အတူ ျပင္ဆင္ထားမႈမ်ား ျပဳလုပ္ေနလ်က္ရွိၿပီး တာခ်ီလိတ္မွ လာမည့္ တရားနာပရိတ္သတ္(၅၀၀)၀န္းက်င္အတြက္ ညအိပ္ရန္အတြက္ပါ ျပင္ဆင္ထားသည့္အျပင္ ကားႀကိဳပို႔ စီစဥ္ေပးထားေၾကာင္း သိရသည္။

ႏိုင္ငံေတာ္ သံဃမဟာနာယက အဖြဲ႔ဥကၠဌ နဝမေျမာက္ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး တရားေတာ္ေဟာၾကားမည့္ အခ်ိန္  ဓမၼပလႅင္သို႔ သြားရာ ေလွ်ာက္လမ္းတစ္ေလွ်ာက္တြင္ ထီးေတာ္မိုးေပးရန္အတြက္ ေရႊသားပါ၀င္ၿပီး ထိုင္းဘတ္ေငြ(၂၅၀၀၀၀)တန္ဖိုးရွိသည့္ ေရႊထီးအား ျပဳလုပ္ထားရွိကာ ဆရာေတာ္ဘုရားႀကီး မယ္ဆိုင္ၿမိဳ႕ ႏွီးဘုရားေက်ာင္းတိုက္တြင္ သီတင္းသံုးေတာ္မူစဥ္ တစ္ရက္တာကာလအတြင္း အသံုးအေဆာင္ပစၥည္းမ်ားအား မယ္ဆိုင္ၿမိဳ႕ ႏွီးဘုရားေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၱဓမၼစာရမွ ကုန္က်ခံကာ ျပဳလုပ္ထားေပးေၾကာင္း သိရသည္။

"ထီးက ေရႊလည္းပါတယ္။ တန္ဖိုးက ဘတ္(၂)သိန္းခြဲက်တယ္၊ ဆရာေတာ္ႀကီးၾကြတဲ့အခါမွာ မိုးေပးဖို႔ သီးသန္႔လုပ္ထားတာ၊ တရားပြဲၿပီးသြားရင္ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး သံုးေဆာင္ခဲ့၊ ထိကိုင္ခဲဲ့တဲ့ အသံုးအေဆာင္ေတြ၊ အခု လုပ္ထားတဲ့ ေရႊထီး ေနာက္ဆံုး ဆရာေတာ္ႀကီး အခန္းအတြင္း စီးတဲ့ ဖိနပ္က အစေပါ့၊ အဲ့ဒီအျပင္ ဆရာေတာ္ႀကီး ေက်ာင္းတိုက္ထဲ ၀င္တာနဲ႔ ေျခေတာ္ရာကအစ ယူထားၿပီး ႏွီးဘုရားေက်ာင္းတိုက္မွာ ျပတိုက္အေနနဲ႔ ျပဳလုပ္ၿပီး ျပသထားမွာ၊ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးကို အရမ္းၾကည္ညိဳလို႔ အခုလို နွီးဘုရားေက်ာင္းတိုက္ဆရာေတာ္က စီစဥ္လိုက္တာပါ၊ ေနာက္တစ္ခုက မယ္ဆိုင္မွာ ရွိတဲ့ ျမန္မာႏိုင္ငံသားေတြက ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႔ ဥကၠဌ ဆရာေတာ္ႀကီးကိုေတာင္ ပင့္ဖိတ္ၿပီး ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွာ တရားပြဲျပဳလုပ္ႏိုင္ခဲ့တယ္ဆိုတာကို ဂုဏ္ယူတဲ့အေနနဲ႔ ထိုင္းလူမ်ဳိးေတြကို ျပသခ်င္တာလဲပါတာေပါ့"ဟု တရားပြဲျဖစ္ေျမာက္ေရးအဖြဲ႔မွ ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၂)ရက္ေန႔ ည (၈)နာရီတြင္ က်င္းပမည့္ တရားပြဲသို႔ တာခ်ီလိတ္မွ လာေရာက္မည့္ တရားနာပရိသတ္ အေယာက္(၅၀၀)၀န္းက်င္အတြက္ မယ္ဆိုင္ဘက္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားထိပ္တြင္ ႀကိဳပို႔ကားမ်ားႏွင့္ ႏွီးဘုရားေက်ာင္းတုိက္တြင္ ညအိပ္ရန္ ေနရာမ်ားကို ပြဲက်င္းပေရးေကာ္မတီက စီစဥ္ေပးထားမည္ျဖစ္ၿပီး တရားပြဲ လံုၿခံဳေရးအတြက္ မယ္ဆိုင္ၿမိဳ႕ပိုင္ရံုးႏွင့္ မယ္ဆိုင္ရဲတပ္ဖြဲ႔တို႔က တာဝန္ယူထားကာ တရားနာလာသူမ်ားအား ဖမ္းဆီးစစ္ေဆးျခင္းမ်ား လုပ္ေဆာင္မည္ မဟုတ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႔ ဥကၠဌ၊ သက်သီဟသဋံသကာ၊ ပါဠိသိေရာမဏိ(BA)၊ အဂၢမဟာဂႏၱ၀ါစပ႑ိတ၊ အဂၢမဟာပ႑ိတ၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိကဓဇ၊ အဘိဓဇမဟာရ႒ဂုရု၊ ဗန္းေမာ္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၱကုမာရာဘိဝံသသည္ မယ္ဆိုင္ၿမိဳ႕ မြန္ဒဲန္းႏြဲ႔ရပ္ကြက္ရွိ ႏွီးဘုရားေက်ာင္းတိုက္တြင္ က်င္းပမည့္တရားပြဲအတြက္ တာခ်ီလိတ္ၿမိဳ႕သို႔ ဇန္န၀ါရီလ(၂)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ၾကြေရာက္မည္ျဖစ္ၿပီး ယင္းမွတစ္ဆင့္ မယ္ဆိုင္သို႔ ၾကြေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ ႏွင့္ မယ္ဆိုင္ၿမိဳ႕တြင္းမွ တရားနာလိုသူမ်ားအတြင္ တရားပြဲသြားရန္ ႀကိဳပို႔ယာဥ္ လိုအပ္သူမ်ား အေနျဖင့္ ပြဲက်င္းပေရးအဖြဲ႔ဝင္မ်ားျဖစ္သည့္ ကိုေက်ာ္သူလတ္ ၀၆၂ ၀၃၀ ၁၂၈၂၊ ကိုေနမ်ိဳးဦး ၀၆၂ ၉၂၇ ၂၀၁၇၊ ပီလံု ၀၈၁ ၆၇၁ ၇၀၈၈၊ အႀကီးေကာင္ ၀၉၄ ၆၃၆ ၅၈၄၉ႏွင့္ ကိုဝင္းေက်ာ္ ၀၈၉ ၄၂၉ ၉၃၁၀ တို႔သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ မွန်ဒဲန်းနွဲ့ရပ်ကွက်ရှိ နှီးဘုရားကျောင်းတိုက်တွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဌ နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဇန်နဝါရီလ (၂)ရက်နေ့ တရားပွဲအတွက် ထိုင်းဘတ်ငွေ(၂)သိန်းခွဲတန် ရွှေထီးနှင့်အတူ ပြင်ဆင်ထားမှုများ ပြုလုပ်နေလျက်ရှိပြီး တာချီလိတ်မှ လာမည့် တရားနာပရိတ်သတ်(၅၀၀)ဝန်းကျင်အတွက် ညအိပ်ရန်အတွက်ပါ ပြင်ဆင်ထားသည့်အပြင် ကားကြိုပို့ စီစဉ်ပေးထားကြောင်း သိရသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဌ နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး တရားတော်ဟောကြားမည့် အချိန် ဓမ္မပလ္လင်သို့ သွားရာ လျှောက်လမ်းတစ်လျှောက်တွင် ထီးတော်မိုးပေးရန်အတွက် ရွှေသားပါဝင်ပြီး ထိုင်းဘတ်ငွေ(၂၅၀၀၀၀)တန်ဖိုးရှိသည့် ရွှေထီးအား ပြုလုပ်ထားရှိကာ ဆရာတော်ဘုရားကြီး မယ်ဆိုင်မြို့ နှီးဘုရားကျောင်းတိုက်တွင် သီတင်းသုံးတော်မူစဉ် တစ်ရက်တာကာလအတွင်း အသုံးအဆောင်ပစ္စည်းများအား မယ်ဆိုင်မြို့ နှီးဘုရားကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဓမ္မစာရမှ ကုန်ကျခံကာ ပြုလုပ်ထားပေးကြောင်း သိရသည်။

"ထီးက ရွှေလည်းပါတယ်။ တန်ဖိုးက ဘတ်(၂)သိန်းခွဲကျတယ်၊ ဆရာတော်ကြီးကြွတဲ့အခါမှာ မိုးပေးဖို့ သီးသန့်လုပ်ထားတာ၊ တရားပွဲပြီးသွားရင် ဗန်းမော်ဆရာတော်ဘုရားကြီး သုံးဆောင်ခဲ့၊ ထိကိုင်ခဲ့တဲ့ အသုံးအဆောင်တွေ၊ အခု လုပ်ထားတဲ့ ရွှေထီး နောက်ဆုံး ဆရာတော်ကြီး အခန်းအတွင်း စီးတဲ့ ဖိနပ်က အစပေါ့၊ အဲ့ဒီအပြင် ဆရာတော်ကြီး ကျောင်းတိုက်ထဲ ဝင်တာနဲ့ ခြေတော်ရာကအစ ယူထားပြီး နှီးဘုရားကျောင်းတိုက်မှာ ပြတိုက်အနေနဲ့ ပြုလုပ်ပြီး ပြသထားမှာ၊ ဗန်းမော်ဆရာတော်ဘုရားကြီးကို အရမ်းကြည်ညိုလို့ အခုလို နှီးဘုရားကျောင်းတိုက်ဆရာတော်က စီစဉ်လိုက်တာပါ၊ နောက်တစ်ခုက မယ်ဆိုင်မှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေက မြန်မာနိုင်ငံရဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဆရာတော်ကြီးကိုတောင် ပင့်ဖိတ်ပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ တရားပွဲပြုလုပ်နိုင်ခဲ့တယ်ဆိုတာကို ဂုဏ်ယူတဲ့အနေနဲ့ ထိုင်းလူမျိုးတွေကို ပြသချင်တာလဲပါတာပေါ့"ဟု တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့ ည (၈)နာရီတွင် ကျင်းပမည့် တရားပွဲသို့ တာချီလိတ်မှ လာရောက်မည့် တရားနာပရိသတ် အယောက်(၅၀၀)ဝန်းကျင်အတွက် မယ်ဆိုင်ဘက် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်တွင် ကြိုပို့ကားများနှင့် နှီးဘုရားကျောင်းတိုက်တွင် ညအိပ်ရန် နေရာများကို ပွဲကျင်းပရေးကော်မတီက စီစဉ်ပေးထားမည်ဖြစ်ပြီး တရားပွဲ လုံခြုံရေးအတွက် မယ်ဆိုင်မြို့ပိုင်ရုံးနှင့် မယ်ဆိုင်ရဲတပ်ဖွဲ့တို့က တာဝန်ယူထားကာ တရားနာလာသူများအား ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်မည် မဟုတ်ကြောင်း သိရသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ သကျသီဟသဋံသကာ၊ ပါဠိသိရောမဏိ(BA)၊ အဂ္ဂမဟာဂန္တဝါစပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသသည် မယ်ဆိုင်မြို့ မွန်ဒဲန်းနွဲ့ရပ်ကွက်ရှိ နှီးဘုရားကျောင်းတိုက်တွင် ကျင်းပမည့်တရားပွဲအတွက် တာချီလိတ်မြို့သို့ ဇန်နဝါရီလ(၂)ရက်နေ့ နေ့လယ်ပိုင်းတွင် ကြွရောက်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် မယ်ဆိုင်သို့ ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ် နှင့် မယ်ဆိုင်မြို့တွင်းမှ တရားနာလိုသူများအတွင် တရားပွဲသွားရန် ကြိုပို့ယာဉ် လိုအပ်သူများ အနဖြေင့် ပွဲကျင်းပရေးအဖွဲ့ဝင်များဖြစ်သည့် ကိုကျော်သူလတ် ဝ၆၂ ဝ၃၀ ၁၂၈၂၊ ကိုနေမျိုးဦး ဝ၆၂ ၉၂၇ ၂၀၁၇၊ ပီလုံ ဝ၈၁ ၆၇၁ ၇၀၈၈၊ အကြီးကောင် ဝ၉၄ ၆၃၆ ၅၈၄၉နှင့် ကိုဝင်းကျော် ဝ၈၉ ၄၂၉ ၉၃၁၀ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~