ေရႊႀတိဂံေဒသ ေဆးျဖတ္လူငယ္မ်ား ျပန္လည္ထူေထာင္ေရး ရန္ပံုေငြရွာေဖြေရးအတြက္ တာခ်ီလိတ္မွ ကခ်င္ျပည္နယ္ ပူတာအို အထိ ခရီးရွည္ စက္ဘီးစီးနင္းမည့္ ရွမ္း(အေရွ႕)မွ စက္ဘီးစီးသမားမ်ား စတင္ထြက္ခြာ

ေရႊႀတိဂံေဒသ ေဆးျဖတ္လူငယ္မ်ား ျပန္လည္ထူေထာင္ေရး ရန္ပံုေငြရွာေဖြေရးအတြက္ တာခ်ီလိတ္မွ ကခ်င္ျပည္နယ္ ပူတာအို အထိ ခရီးရွည္ စက္ဘီးစီးနင္းမည့္ ရွမ္း(အေရွ႕)မွ စက္ဘီးစီးသမားမ်ား စတင္ထြက္ခြာ
ဇန်နဝါရီ 20, 2018
By Tachileik News Agency

ေရႊႀတိဂံေဒသ ေဆးျဖတ္စခန္းမွ လူငယ္မ်ားျပန္လည္ထူေထာင္ေရးရန္ပံုေငြ တာခ်ီလိတ္ - ပူတာအို ခရီးစဥ္ကို ၂၀၁၈ခုႏွစ္ ဇန္နဝါရီလ (၂၀)ရက္ေန႔ နံနက္ပိုင္းတြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွ စတင္လုိက္ၿပီး ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ စက္ဘီးစီးနင္းသူ (၇)ဦးအဖြဲ႔က မူးယစ္ေဆးျဖတ္လူငယ္မ်ား ျပန္လည္ ထူေထာင္ေရး ရံပံုေငြရွာေဖြေရး လႈပ္ရွားမႈအျဖစ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွ ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕အထိ မိုင္ေပါင္း (၁၁၀၀)ေက်ာ္အား ရက္ေပါင္း(၂၀)ေက်ာ္ၾကာမည့္ မိုင္ရွည္ခရီး စက္ဘီးစီးနင္းမႈကို ယေန႔ စတင္လုိက္ျခင္းျဖစ္ရာ စက္ဘီးစီးအဖြဲ႕အား တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊ၊ ခရိုင္စီမံခန္႔ခြဲမႈ ေကာ္မတီအတြင္းေရးမွဴး တာခ်ီလိတ္ခရုိင္လ၀ကဦးစီးမွဴး၊ ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ အပါအဝင္ တာခ်ီလိတ္ ရွမ္းအေရွ႕ စက္ဘီးအသင္း၊ တာခ်ီလိတ္ Old Star အဖြဲ႔ ႏွင့္ စက္ဘီးစီး၀ါသနာရွင္မ်ားႏွင့္ အထက(တာခ်ီလိတ္)၏ ေက်ာင္းသား/သူေဟာင္းႀကီးမ်ားက  အားေပး ႏႈတ္ဆက္ခဲ့ၾကသည္။

ရန္ပံုေငြရွာေဖြေရးခရီးစဥ္အား တာခ်ီလိတ္ၿမိဳ႕မွ ကိုေနဇာ( Only Biker )ႏွင့္ ကိုခမ္းရွဲန္၊ Kyaing Tong Mountain Bike Group မွ ဦးစိုင္းဆန္(ခ)ဦးစိုင္း၀န္းမားႏွင့္ ဦးခ်ဴးစိန္(ခ)ဦးရွီခြ်မ္ရွိန္တို႔က ဇန္န၀ါရီလ (၂၀)ရက္ေန႔ နံနက္တြင္ တာခ်ီလိတ္မွ စတင္ထြက္ခြာသြားၿပီး ဇန္န၀ါရီ(၂၁)ရက္ေန႔တြင္ Kyaing Tong Mountain Bike Group မွ ဦးစိုင္းရီဆိုင္(ခ)ပီနန္၊ ဦးလွျမင့္မိုး(ခ)ကိုတူးႏွင့္ ဦးေလာလူတို႔ႏွင့္ပူးေပါင္း၍ စုစုေပါင္း  (၇)ဦးအဖြဲ႕ျဖင့္ က်ိဳင္းတံုၿမိဳ႕မွ ဆက္လက္ထြက္ခြာၾကမည္ျဖစ္သည္။

တာခ်ီလိတ္မွ စတင္ထြက္ခြာသြားသည့္ စက္ဘီးစီးအဖြဲ႕မွ (၄)ဦးႏွင့္အတူ တာခ်ီလိတ္ Old Star အဖြဲ႔မွ စက္ဘီးစီးသမား ကိုစိုင္းလံုတစ္ကလည္း က်ဳိင္းတံုအထိ လိုက္ပါစီးနင္းသြားၿပီး တာခ်ီလိတ္ ရွမ္းအေရွ႕ စက္ဘီးအသင္းက တာခ်ီလိတ္ၿမိဳ႕နယ္ႏွင့္ တာေလၿမိဳ႕နယ္ၾကား ေတာင္သံုးလံုးအထိလည္းေကာင္း၊ တာေလစက္ဘီးစီးအဖြဲ႔က တာေလၿမိဳ႕၏ နယ္နိမိတ္အစြန္အထိလည္းေကာင္း အတူလိုက္ပါ စီးနင္းၾကၿပီး  Kyaing Tong Mountain Bike Group အဖြဲ႕က ပန္ကြဲေတာင္တြင္ လာေရာက္ ႀကိဳဆိုၾကမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စက္ဘီးစီးခရီးစဥ္ အတြင္း ရရိွသည့္ အလွဴေငြအားလံုးကို ေရႊႀတိဂံေဒသ ေဆးျဖတ္လူငယ္မ်ား ျပန္လည္ထူေထာင္ေရးအတြက္ တာခ်ီလိတ္ၿမိဳ႕ ရန္ကုန္ရြာရိွ မုိင္းကိုးေဆးျဖတ္စခန္းသို႔ လွဴဒါန္းသြားမည္ျဖစ္ရာ ရန္ပံုေငြထည့္ဝင္လွဴဒါန္းလိုသူမ်ားအေနျဖင့္ ရန္ပံုေငြဘဏ္စာရင္းမ်ားျဖစ္သည့္ KBZ Bank Account No: 00630299906101102၊ CB Bank Account No: 2023600500020966 ႏွင့္ AYA Bank Account No: 0017202010038743 မ်ားသို႔ ထည့္ဝင္လွဴဒါန္းႏုိင္ၿပီး ေန႔စဥ္ လွဴဒါန္းေငြမ်ားကိုလည္း ေရႊႀတိဂံေဒသ လူငယ္ျပန္လည္ ထူေထာင္ေရး - ရန္ပံုေငြခရီးစဥ္ Facebook Page ႏွင့္ Tachileik News Agency တို႔တြင္ ေဖၚျပေပးသြားမည္ျဖစ္ပါသည္။

အဆိုပါ စက္ဘီးစီးအဖြဲ႔၏ လမ္းတစ္ေလွ်ာက္ ကုန္က်စရိတ္မ်ားႏွင့္ တည္းခိုေနထုိင္ရန္၊ အျပန္ခရီး ကုန္က်မႈမ်ား အတြက္ တာခ်ီလိတ္ၿမိဳ႕ရိွ Johnny Fitness Center ႏွင့္ လွ်ပ္စစ္ပစၥည္း အေရာင္းဆိုင္၊ J My King Hotel(တာခ်ီလိတ္) မွ ဦးစိုင္းဂြ်န္ရီ၊ မန္းရတနာပံုေလေၾကာင္းလိုင္းမွ ေဒၚနန္းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန္းသီတာဟိုတယ္ (ျမစ္ႀကီးနား)၊ ဟိုတယ္ပူတာအို၊ ဟိုတယ္ရန္ကုန္တို႔မွ ဦးစိုင္းဖီးလစ္ရီ ႏွင့္ ပ်ံလႊားလွ်ပ္စစ္ပစၥည္းအေရာင္းဆိုင္မွ ဦးစိုင္းေရာဘတ္ရီတို႔က ပံ့ပိုးေပးထားၿပီး မီဒီယာပိုင္းအတြက္ Tachileik News Agency ( တာခ်ီလိတ္သတင္းေအဂ်င္စီ )မွ ကူညီပံ့ပိုးေပးထားျခင္းျဖစ္သည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရွှတြေိဂံဒေသ ဆေးဖြတ်စခန်းမှ လူငယ်များပြန်လည်ထူထောင်ရေးရန်ပုံငွေ တာချီလိတ် - ပူတာအို ခရီးစဉ်ကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ စတင်လိုက်ပြီး ဖြစ်စ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ စက်ဘီးစီးနင်းသူ (၇)ဦးအဖွဲ့က မူးယစ်ဆေးဖြတ်လူငယ်များ ပြန်လည် ထူထောင်ရေး ရံပုံငွေရှာဖွေရေး လှုပ်ရှားမှုအဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ကချင်ပြည်နယ်၊ ပူတာအိုမြို့အထိ မိုင်ပေါင်း (၁၁၀၀)ကျော်အား ရက်ပေါင်း(၂၀)ကျော်ကြာမည့် မိုင်ရှည်ခရီး စက်ဘီးစီးနင်းမှုကို ယနေ့ စတင်လိုက်ခြင်းဖြစ်ရာ စက်ဘီးစီးအဖွဲ့အား တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး တာချီလိတ်ခရိုင်လဝကဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း နှင့် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် အပါအဝင် တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း၊ တာချီလိတ် Old Star အဖွဲ့ နှင့် စက်ဘီးစီးဝါသနာရှင်များနှင့် အထက(တာချီလိတ်)၏ ကျောင်းသား/သူဟောင်းကြီးများက အားပေး နှုတ်ဆက်ခဲ့ကြသည်။

ရန်ပုံငွေရှာဖွေရေးခရီးစဉ်အား တာချီလိတ်မြို့မှ ကိုနေဇာ( Only Biker )နှင့် ကိုခမ်းရှဲန်၊ Kyaing Tong Mountain Bike Group မှ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမားနှင့် ဦးချူးစိန်(ခ)ဦးရှီချွမ်ရှိန်တို့က ဇန်နဝါရီလ (၂၀)ရက်နေ့ နံနက်တွင် တာချီလိတ်မှ စတင်ထွက်ခွာသွားပြီး ဇန်နဝါရီ(၂၁)ရက်နေ့တွင် Kyaing Tong Mountain Bike Group မှ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူးနှင့် ဦးလောလူတို့နှင့်ပူးပေါင်း၍ စုစုပေါင်း (၇)ဦးအဖွဲ့ဖြင့် ကျိုင်းတုံမြို့မှ ဆက်လက်ထွက်ခွာကြမည်ဖြစ်သည်။

တာချီလိတ်မှ စတင်ထွက်ခွာသွားသည့် စက်ဘီးစီးအဖွဲ့မှ (၄)ဦးနှင့်အတူ တာချီလိတ် Old Star အဖွဲ့မှ စက်ဘီးစီးသမား ကိုစိုင်းလုံတစ်ကလည်း ကျိုင်းတုံအထိ လိုက်ပါစီးနင်းသွားပြီး တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်းက တာချီလိတ်မြို့နယ်နှင့် တာလမြေို့နယ်ကြား တောင်သုံးလုံးအထိလည်းကောင်း၊ တာလေစက်ဘီးစီးအဖွဲ့က တာလမြေို့၏ နယ်နိမိတ်အစွန်အထိလည်းကောင်း အတူလိုက်ပါ စီးနင်းကြပြီး Kyaing Tong Mountain Bike Group အဖွဲ့က ပန်ကွဲတောင်တွင် လာရောက် ကြိုဆိုကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ဘီးစီးခရီးစဉ် အတွင်း ရရှိသည့် အလှူငွေအားလုံးကို ရွှတြေိဂံဒေသ ဆေးဖြတ်လူငယ်များ ပြန်လည်ထူထောင်ရေးအတွက် တာချီလိတ်မြို့ ရန်ကုန်ရွာရှိ မိုင်းကိုးဆေးဖြတ်စခန်းသို့ လှူဒါန်းသွားမည်ဖြစ်ရာ ရန်ပုံငွေထည့်ဝင်လှူဒါန်းလိုသူများအနဖြေင့် ရန်ပုံငွေဘဏ်စာရင်းများဖြစ်သည့် KBZ Bank Account No: 00630299906101102၊ CB Bank Account No: 2023600500020966 နှင့် AYA Bank Account No: 0017202010038743 များသို့ ထည့်ဝင်လှူဒါန်းနိုင်ပြီး နေ့စဉ် လှူဒါန်းငွေများကိုလည်း ရွှတြေိဂံဒေသ လူငယ်ပြန်လည် ထူထောင်ရေး - ရန်ပုံငွေခရီးစဉ် Facebook Page နှင့် Tachileik News Agency တို့တွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အဆိုပါ စက်ဘီးစီးအဖွဲ့၏ လမ်းတစ်လျှောက် ကုန်ကျစရိတ်များနှင့် တည်းခိုနေထိုင်ရန်၊ အပြန်ခရီး ကုန်ကျမှုများ အတွက် တာချီလိတ်မြို့ရှိ Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်၊ J My King Hotel(တာချီလိတ်) မှ ဦးစိုင်းဂျွန်ရီ၊ မန်းရတနာပုံလေကြောင်းလိုင်းမှ ဒေါ်နန်းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန်းသီတာဟိုတယ် (မြစ်ကြီးနား)၊ ဟိုတယ်ပူတာအို၊ ဟိုတယ်ရန်ကုန်တို့မှ ဦးစိုင်းဖီးလစ်ရီ နှင့် ပျံလွှားလျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ ဦးစိုင်းရောဘတ်ရီတို့က ပံ့ပိုးပေးထားပြီး မီဒီယာပိုင်းအတွက် Tachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ )မှ ကူညီပံ့ပိုးပေးထားခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~