နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ ကာလရှည်ကျန်းမာရေးမကောင်းသည့် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံး

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ ကာလရှည်ကျန်းမာရေးမကောင်းသည့် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံး
ဇနျနဝါရီ 2, 2018
By Tachileik News Agency

နေပြည်တော်နယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်တွင် ကာလရှည်ကျန်းမာရေးမကောင်းဖြစ်နေသည့် အမျိုးသမီးတစ်ဦး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့က မီးလောင်သေဆုံးသွားပြီး မိမိကိုယ်ကို မီးရှို့သည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ နံနက် (၉)နာရီခွဲခန့်က နေအိမ်နှင့် အုတ်တံတိုင်းကြား၌ အမျိုးသမီး တစ်ဦး မိမိကိုယ်ကို မီးရှို့သေဆုံးနေကြောင်း သတင်းအရ ထုံးဖိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ မီးလောင်ကျွမ်းသေဆုံးနေသည့် အသက် (၄၇)နှစ်အရွယ် ဒေါ်သင်းသင်းအေးအား တွေ့ရှိ၍ နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ခဲ့ကာ ညနေ (၄)နာရီခွဲခန့်တွင် ထုံးဖိုမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၈)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။


သေဆုံးသည့်နေ့က မိခင်နှင့် အစ်မဖြစ်သူက အိမ်ရှေ့တွင် ဈေးရောင်းနေစဉ် အိမ်အနောက်ဘက်မှ ညှော်နံ့ရ၍ သွားရောက်ကြည့်ရှုရာ ဒေါ်သင်းသင်းအေးမှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေပြီး ၎င်းဘေးတွင် ဓာတ်ဆီ ၁ ပုလင်းခန့်ကျန်ရှိသည့် ၅ ဂါလံ ပလပ်စတစ်ပုံးတစ်ပုံးအား တွေ့ရှိခဲ့ရကြောင်း သိရသည်

သတင်း - ဇာနှင်း


~~~~~~~~⊰❂ unicode ~~~~~~~~

နပြေည်တော်နယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်တွင် ကာလရှည်ကျန်းမာရေးမကောင်းဖြစ်နေသည့် အမျိုးသမီးတစ်ဦး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့က မီးလောင်သေဆုံးသွားပြီး မိမိကိုယ်ကို မီးရှို့သည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ နံနက် (၉)နာရီခွဲခန့်က နေအိမ်နှင့် အုတ်တံတိုင်းကြား၌ အမျိုးသမီး တစ်ဦး မိမိကိုယ်ကို မီးရှို့သေဆုံးနေကြောင်း သတင်းအရ ထုံးဖိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ မီးလောင်ကျွမ်းသေဆုံးနေသည့် အသက် (၄၇)နှစ်အရွယ် ဒေါ်သင်းသင်းအေးအား တွေ့ရှိ၍ နပြေည်တော်ခုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ခဲ့ကာ ညနေ (၄)နာရီခွဲခန့်တွင် ထုံးဖိုမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၈)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မီးလောင်သေဆုံးနေသူမှာ လွန်ခဲ့သော (၆) လခန့်ကတည်းက အစာအိမ်ရောဂါဖြစ်နေ၍ အစာမစားနိုင်ဘဲ နွားနို့နှင့် ရေသာသောက်နေရသူဖြစ်ပြီး ကျန်းမာရေး မကောင်း၍ သေချင်သည်ဟု မကြာခဏ ပြောဆို လေ့ရှိကာ၎င်း၏ခင်ပွန်းဖြစ်သူ ခရီးထွက်ချိန်၌ မိခင် ဒေါ်ခင်ဝင်းနှင့် အစ်မဖြစ်သူ ဒေါ်ခင်မျိုးအေးတို့ထံ လာရောက်နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသည့်နေ့က မိခင်နှင့် အစ်မဖြစ်သူက အိမ်ရှေ့တွင် ဈေးရောင်းနေစဉ် အိမ်အနောက်ဘက်မှ ညှော်နံ့ရ၍ သွားရောက်ကြည့်ရှုရာ ဒေါ်သင်းသင်းအေးမှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနပြေီး၎င်းဘေးတွင် ဓာတ်ဆီ ၁ ပုလင်းခန့်ကျန်ရှိသည့် ၅ ဂါလံ ပလပ်စတစ်ပုံးတစ်ပုံးအား တွေ့ရှိခဲ့ရကြောင်း သိရသည်

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~