ျမန္မာ - တရုတ္နယ္စပ္ မိုင္းယုၿမိဳ႕ရွိ အမက(ေကာ္ဆမ္မိန္း)တြင္ ပညာေရးစံုညီပြဲေတာ္ ျပဳလုပ္

ျမန္မာ - တရုတ္နယ္စပ္ မိုင္းယုၿမိဳ႕ရွိ အမက(ေကာ္ဆမ္မိန္း)တြင္ ပညာေရးစံုညီပြဲေတာ္ ျပဳလုပ္
ဇန်နဝါရီ 27, 2018
By Tachileik News Agency

ျမန္မာ - တရုတ္နယ္စပ္ရွိ မိုင္းယုၿမိဳ႕ရွိ အေျခခံပညာမူလတန္းလြန္ေက်ာင္း(ေကာ္ဆမ္မိန္း)တြင္ ပညာေရး စံုညီပြဲေတာ္ႏွင့္ ပညာရည္ခြ်န္ဆုေပးပြဲအား  ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၂၇)ရက္ေန႔ နံနက္ပိုင္းက က်င္းပ ျပဳလုပ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္၊ မိုင္းယုၿမိဳ႕၊ ၀မ္တာၾကန္႔ေက်းရြာအုပ္စု၊ ေကာ္ဆမ္မိန္းေက်းရြာရွိ အေျခခံပညာ မူလတန္းလြန္ေက်ာင္းတြင္ ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္၏ ပညာေရးစံုညီပြဲေတာ္ႏွင့္ ပညာရည္ခြ်န္ ဆုေပးအပ္ခ်ီးျမႇင့္ပြဲအား ဇန္န၀ါရီလ(၂၇)ရက္ေန႔ နံနက္(၉)နာရီက စတင္က်င္းပျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

အခမ္းအနားတြင္ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားမွ ျပည္ျမန္မာသီခ်င္းျဖင့္ သီဆို ဖြင့္လွစ္ေပးကာ မိုင္းေယာင္းၿမိဳ႕နယ္မွ ၿမိဳ႕နယ္ပညာေရးမွဴး ဦးသိန္းလြင္က ေက်းလက္ေနေက်ာင္းသား ေက်ာင္းသူေလးမ်ား အတြက္ ၂၀၁၇ -၂၀၁၈ ပညာသင္ႏွစ္ ပညာေရးစုံညီပြဲေတာ္ က်င္းပျပဳလုပ္ေပးရျခင္းႏွင့္ စပ္လ်ဥ္း၍ အဖြင့္ အမွာစကားေျပာၾကားၿပီး ဝမ္ေပါ့ေက်းရြာ အေျခခံပညာမူလတန္ေက်ာင္းမွ အုပ္စု(၁)၊ အုပ္စုမွဴး ဦးေစာသိန္းဝင္းက ေက်းဇူတင္စကားျပန္လည္ ေျပာၾကားခဲ့သည္။

အခမ္းအနားတြင္ ၂၀၁၆ - ၂၀၁၇ ပညာသင္ႏွစ္၏ ပညာရည္ခြ်န္ဆု ႏွင့္ ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္ ပညာရည္ခြ်န္ဆု အျပင္ အားကစားၿပိဳင္ပြဲတြင္ ဆုရ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား မိုင္းေယာင္းၿမိဳ႕နယ္ ပညာေရးမွဴး၊ အ.ထ.က(မိုင္းယု)ေက်ာင္းအုပ္ႀကီး ဦးစိုင္းတင့္ဆန္းႏွင့္ ဆရာ/ ဆရာမမ်ား၊ ေကာ္ဆမ္မိန္း အုပ္ခ်ဳပ္ေရးမွဴး ဦးအီဆဲႏွင့္ ရြာမိရြာဖမ်ားက ဂုဏ္ျပဳဆုမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

ျမန္မာ - တရုတ္နယ္စပ္ မိုင္းယုၿမိဳ႕တြင္း၌ အေျခခံပညာစာသင္ေက်ာင္းမ်ား အေနျဖင့္ မူလတန္းႏွင့္ မူလတန္းလြန္ အဆင့္ (၇)ေက်ာင္း၊ အထက္တန္းအဆင့္ (၁)ေက်ာင္း စုစုေပါင္း အေျခခံပညာ စာသင္ေက်ာင္း (၉)ေက်ာင္းရွိေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ကိုနိုင္(MYu)



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - တရုတ်နယ်စပ်ရှိ မိုင်းယုမြို့ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း(ကော်ဆမ်မိန်း)တွင် ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအား ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ကော်ဆမ်မိန်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးအပ်ချီးမြှင့်ပွဲအား ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်(၉)နာရီက စတင်ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများမှ ပြည်မြန်မာသီချင်းဖြင့် သီဆို ဖွင့်လှစ်ပေးကာ မိုင်းယောင်းမြို့နယ်မှ မြို့နယ်ပညာရေးမှူး ဦးသိန်းလွင်က ကျေးလက်နေကျောင်းသား ကျောင်းသူလေးများ အတွက် ၂၀၁၇ -၂၀၁၈ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ပေးရခြင်းနှင့် စပ်လျဉ်း၍ အဖွင့် အမှာစကားပြောကြားပြီး ဝမ်ပေါ့ကျေးရွာ အခြေခံပညာမူလတန်ကျောင်းမှ အုပ်စု(၁)၊ အုပ်စုမှူး ဦးစောသိန်းဝင်းက ကျေးဇူတင်စကားပြန်လည် ပြောကြားခဲ့သည်။

အခမ်းအနားတွင် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်၏ ပညာရည်ချွန်ဆု နှင့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် ပညာရည်ချွန်ဆု အပြင် အားကစားပြိုင်ပွဲတွင် ဆုရ ကျောင်းသား၊ ကျောင်းသူများအား မိုင်းယောင်းမြို့နယ် ပညာရေးမှူး၊ အ.ထ.က(မိုင်းယု)ကျောင်းအုပ်ကြီး ဦးစိုင်းတင့်ဆန်းနှင့် ဆရာ/ ဆရာမများ၊ ကော်ဆမ်မိန်း အုပ်ချုပ်ရေးမှူး ဦးအီဆဲနှင့် ရွာမိရွာဖများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မြန်မာ - တရုတ်နယ်စပ် မိုင်းယုမြို့တွင်း၌ အခြေခံပညာစာသင်ကျောင်းများ အနဖြေင့် မူလတန်းနှင့် မူလတန်းလွန် အဆင့် (၇)ကျောင်း၊ အထက်တန်းအဆင့် (၁)ကျောင်း စုစုပေါင်း အခြေခံပညာ စာသင်ကျောင်း (၉)ကျောင်းရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုနိုင်(MYu)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~