မိုင်းယောင်းမှ ရွှေဆိုင်နှင့်၊မီနီမတ်ဆိုင်ရှင်များအား ရဲတပ်ဖွဲ့က လုံခြုံရေး အသိပညာပေး

မိုင်းယောင်းမှ ရွှေဆိုင်နှင့်၊မီနီမတ်ဆိုင်ရှင်များအား ရဲတပ်ဖွဲ့က လုံခြုံရေး အသိပညာပေး
ဇနျနဝါရီ 27, 2018
By Tachileik News Agency



ဆိုင်ပိုင်ရှင်များ အနေဖြင့် CCTV ကင်မရာများအား သင့်လျော်သည့် နေရာတွင် တပ်ဆင်ရေး၊ CCTV ရှိပြီး ဖြစ်သော်လည်း ထပ်မံ တပ်ဆင်ရန် လိုအပ်ပါက ထပ်မံတပ်ဆင်ရေး၊ လုံခြုံရေးဝန်ထမ်းများ မရှိက ခန့်အပ် ထားရှိရေး၊ ဆိုင်တွင်းသို့ မသင်္ကာဖွယ် ဝင်လာပါက မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနှင့် နယ်ထိန်းအရာရှိတို့၏ ရုံးဖုန်းနှင့် လက်ကိုင်ဖုန်းနံပါတ်များကို အမြန်ဆက်သွယ်နိုင်ရေးတို့အတွက် အသိပေးဟောပြောခဲ့ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းမှ ရွှေဆိုင်၊ မီနီမတ်များအား လုံခြုံရေး အသိပညာပေးမှုကို ဇန်နဝါရီလ (၂၇)ရက်နေ့က လုပ်ဆောင်နေကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ (KBZ)ဘဏ်ခွဲ(၁)တွင် ငွေကျပ်သိန်း(၉၂၀)လုယူမှုဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် ဒေသတွင်းမှ လုပ်ငန်းများအား လုံခြုံရေး အသိပေးမှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း မိုင်းယောင်းမြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နိုင်ဝင်းထံမှ သိရသည်။

ဆိုင်ပိုင်ရှင်များ အနဖြေင့် CCTV ကင်မရာများအား သင့်လျော်သည့် နေရာတွင် တပ်ဆင်ရေး၊ CCTV ရှိပြီး ဖြစ်သော်လည်း ထပ်မံ တပ်ဆင်ရန် လိုအပ်ပါက ထပ်မံတပ်ဆင်ရေး၊ လုံခြုံရေးဝန်ထမ်းများ မရှိက ခန့်အပ် ထားရှိရေး၊ ဆိုင်တွင်းသို့ မသင်္ကာဖွယ် ဝင်လာပါက မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနှင့် နယ်ထိန်းအရာရှိတို့၏ ရုံးဖုန်းနှင့် လက်ကိုင်ဖုန်းနံပါတ်များကို အမြန်ဆက်သွယ်နိုင်ရေးတို့အတွက် အသိပေးဟောပြောခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အားချာ(မိုင်းယောင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~