ျမန္မာ - တရုတ္နယ္စပ္ မိုင္းယုၿမိဳ႕တြင္ လြတ္လပ္ေရးေန႔အထိမ္းအမွတ္အႀကိဳ အမ်ိဳးသား(အလြတ္တန္း) ေဘာလံုးပြဲ က်င္းပေန

ျမန္မာ - တရုတ္နယ္စပ္ မိုင္းယုၿမိဳ႕တြင္ လြတ္လပ္ေရးေန႔အထိမ္းအမွတ္အႀကိဳ အမ်ိဳးသား(အလြတ္တန္း) ေဘာလံုးပြဲ က်င္းပေန
ဇန်နဝါရီ 3, 2018
By Tachileik News Agency

ျမန္မာ - တရုတ္နယ္စပ္၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းယုၿမိဳ႕တြင္ ႏွစ္(၇၀)ျပည့္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ အႀကိဳ အမ်ဳိးသား(အလြတ္တန္း)ေဘာလုံးၿပိဳင္ပြဲကို ဇန္နဝါရီလ (၂) ရက္၊ ညေန (၃) နာရီက စတင္ယွဥ္ၿပိဳင္ကစားၾကရာ ဝန္ထမ္းေပါင္းစုံအသင္းက ပညာေရးအသင္းကို သုံးဂိုးသုညျဖင့္ လည္းေကာင္း၊ ၿမိဳ႕မလူငယ္အသင္းက ရဲတပ္ဖြဲ႔အသင္းကို တစ္ဂိုး သုညျဖင့္ လည္းေကာင္း ယွဥ္ၿပိဳင္ကစားခဲ့ေၾကာင္း သိရသည္။

ၿပိဳင္ပြဲတြင္ ဝန္ထမ္းေပါင္းစုံအသင္း၊ ပညာေရးအသင္း၊ ရဲတပ္ဖြဲ႕အသင္း၊ အမွတ္ (၁၀၀၈) နယ္ျခားတပ္ အသင္း၊ ၿမိဳ႕မလူငယ္အသင္းႏွင့္ ခါဆမ္မိန္းအသင္းဟူ၍ အသင္း (၆) သင္း ပါဝင္ယွဥ္ၿပိဳင္ကစားၾကၿပီး ဗိုလ္လုပြဲႏွင့္ ဆုခ်ီးျမႇင့္ေပးအပ္ပြဲကို ဇန္နဝါရီလ (၄) ရက္ေန႔တြင္ က်ေရာက္မည့္ ႏွစ္(၇၀)ျပည့္ လြတ္လပ္ေရးေန႔ ညေနပိုင္းတြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု/သတင္း #ကိုနိုင္(MYu)


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - တရုတ်နယ်စပ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ (၂) ရက်၊ ညနေ (၃) နာရီက စတင်ယှဉ်ပြိုင်ကစားကြရာ ဝန်ထမ်းပေါင်းစုံအသင်းက ပညာရေးအသင်းကို သုံးဂိုးသုညဖြင့် လည်းကောင်း၊ မြို့မလူငယ်အသင်းက ရဲတပ်ဖွဲ့အသင်းကို တစ်ဂိုး သုညဖြင့် လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဝန်ထမ်းပေါင်းစုံအသင်း၊ ပညာရေးအသင်း၊ ရဲတပ်ဖွဲ့အသင်း၊ အမှတ် (၁၀၀၈) နယ်ခြားတပ် အသင်း၊ မြို့မလူငယ်အသင်းနှင့် ခါဆမ်မိန်းအသင်းဟူ၍ အသင်း (၆) သင်း ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ/သတင်း #ကိုနိုင်(MYu)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~