မိုင်းယောင်းမြို့တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

မိုင်းယောင်းမြို့တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ
ဇနျနဝါရီ 25, 2018
By Tachileik News Agency


မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအား စတင်ဖွင့်လှစ်ခြင်း အနေဖြင့် ကျောင်းသား/သူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုခဲ့ကြပြီး မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးမင်းနိုင်အောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးသိန်းလွင်က ဘက်စုံထူးချွန် ထက်မြတ်သည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

အခမ်းအနားတွင် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွင်း ကာယစွမ်းရည်၊ ဥာဏစွမ်းရည်နှင့် ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ မြို့နယ်အတွင်းရှိ ကျောင်းအုပ်စု ဆယ်အုပ်စုမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အကပဒေသာများဖြင့် ကပြ ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးပွဲအား ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက မိုင်းယောင်းမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း(တပ်တွင်း)၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအား စတင်ဖွင့်လှစ်ခြင်း အနဖြေင့် ကျောင်းသား/သူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုခဲ့ကြပြီး မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးသိန်းလွင်က ဘက်စုံထူးချွန် ထက်မြတ်သည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

အခမ်းအနားတွင် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွင်း ကာယစွမ်းရည်၊ ဉာဏစွမ်းရည်နှင့် ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ မြို့နယ်အတွင်းရှိ ကျောင်းအုပ်စု ဆယ်အုပ်စုမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အကပဒေသာများဖြင့် ကပြ ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ကျောင်းသားမိဘများ၊ ဆရာ/မများအပါအဝင် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အားချာ(မိုင်းယောင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~