စိတ္ၾကြေဆးျပား(၄)သိန္းနီးပါး သယ္လာသည့္ အမ်ိဳးသား ၇ ဦးကို လက္နက္မ်ားႏွင့္အတူ ဖမ္းမိ

စိတ္ၾကြေဆးျပား(၄)သိန္းနီးပါး သယ္လာသည့္ အမ်ိဳးသား ၇ ဦးကို လက္နက္မ်ားႏွင့္အတူ ဖမ္းမိ
ဇန်နဝါရီ 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕နယ္ လြယ္လန္းေက်းရြာအုပ္စု၊ လြယ္လတ္တန္ႏွင့္ ေခ်ာင္းဆုံ တပ္စခန္းၾကားတြင္  စိတ္ၾကြရူးသြပ္ေဆးျပားေလးသိန္းနီးပါးသယ္လာသည့္ အမ်ိဳးသား (၇)ဦးအား လက္နက္ခဲယမ္းမ်ားႏွင့္အတူ တပ္မေတာ္မွ နယ္ေျမရွင္းလင္းစဥ္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းဆတ္ၿမိဳ႕နယ္၊ လြယ္လန္းေက်းရြာအုပ္စု၊ လြယ္လတ္တန္ႏွင့္ ေခ်ာင္းဆုံတပ္စခန္းၾကားတြင္ ၂၀၁၈ခုႏွစ္ ဇန္နဝါရီလ (၈) ရက္ေန႔ နံနက္ (၂)နာရီဝန္းက်င္က နယ္ေျမလုံၿခဳံေရးေဆာင္ရြက္ေနသည့္ နယ္ေျမခံတပ္မွ ဗိုလ္မင္းသန္းထိုက္ေဇာ္ ဦးစီးေသာ တပ္မေတာ္သားမ်ားက အမ်ိဳးသား(၇)ဦးအားေတြ႕ရ၍ စစ္ေဆးရာမွ ၎တို႔၏ အစိမ္းေရာင္ ေက်ာပိုးအိတ္(၄)လုံးအတြင္းမွ စိတ္ၾကြ႐ူးသြပ္ေဆးျပား(၃၉၁,၁၀၀) ျပား ၊ M-22 ေသနတ္(၃)လက္၊ က်ည္အိမ္(၃)ခု၊ ၎က်ည္(၆၃)ေတာင့္တို႔အား ရွာေဖြေတြ႔ရိွရသျဖင့္ ၿမိဳ႕မရဲစခန္းသို႔ လာေရာက္လႊဲ ေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။

စိတ္ၾကြ႐ူးသြပ္ေဆးျပားမ်ားႏွင့္ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ေတြ႔ရသည့္ ယားသိ ၊ က်ဗူး၊ က်ဟဲ၊ ေဇာ္မိႈင္း၊ က်ေဖး၊ က်ခတ္ပယ္ႏွင့္ ပါလဲတို႔အား မိုင္းဆတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃/၂၀၁၈၊ မူး/စိတ္ဥပေဒပုဒ္မ ၁၅/၁၉(က)/၂၁/၂၂(ခ)အရ ဇန္န၀ါရီ (၉)ရက္ေန႔ ည (၁၁)နာရီခဲြ၀န္းက်င္က အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရိွေၾကာင္း သိရသည္။

ဓါတ္ပံု/သတင္း #သန္းေဇာ္(မိုင္းဆတ္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် လွယ်လန်းကျေးရွာအုပ်စု၊ လွယ်လတ်တန်နှင့် ချောင်းဆုံ တပ်စခန်းကြားတွင် စိတ်ကြွရူးသွပ်ဆေးပြားလေးသိန်းနီးပါးသယ်လာသည့် အမျိုးသား (၇)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်မှ နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်၊ လွယ်လန်းကျေးရွာအုပ်စု၊ လွယ်လတ်တန်နှင့် ချောင်းဆုံတပ်စခန်းကြားတွင် ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့ နံနက် (၂)နာရီဝန်းကျင်က နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် နယ်မြေခံတပ်မှ ဗိုလ်မင်းသန်းထိုက်ဇော် ဦးစီးသော တပ်မတော်သားများက အမျိုးသား(၇)ဦးအားတွေ့ရ၍ စစ်ဆေးရာမှ၎င်းတို့၏ အစိမ်းရောင် ကျောပိုးအိတ်(၄)လုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား(၃၉၁,၁၀၀) ပြား၊ M-22 သေနတ်(၃)လက်၊ ကျည်အိမ်(၃)ခု၊၎င်းကျည်(၆၃)တောင့်တို့အား ရှာဖွေတွေ့ရှိရသဖြင့် မြို့မရဲစခန်းသို့ လာရောက်လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရသည့် ယားသိ၊ ကျဗူး၊ ကျဟဲ၊ ဇော်မှိုင်း၊ ကျဖေး၊ ကျခတ်ပယ်နှင့် ပါလဲတို့အား မိုင်းဆတ်မြို့မရဲစခန်းတွင် မယ(ပ)၃/၂၀၁၈၊ မူး/စိတ်ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁/၂၂(ခ)အရ ဇန်နဝါရီ (၉)ရက်နေ့ ည (၁၁)နာရီခွဲဝန်းကျင်က အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဓာတ်ပုံ/သတင်း #သန်းဇော်(မိုင်းဆတ်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~