တရုတ္ႏိုင္ငံမွ မူဆယ္သို႔ ဟိုက္ဒရိုကလိုရစ္အက္စစ္ဂါလန္ ၁၆၀၀ တင္သြင္းသည့္ တရုတ္ႏုိင္ငံသားအား ျပည္ႏွင္ဒဏ္ေပး

တရုတ္ႏိုင္ငံမွ မူဆယ္သို႔ ဟိုက္ဒရိုကလိုရစ္အက္စစ္ဂါလန္ ၁၆၀၀ တင္သြင္းသည့္ တရုတ္ႏုိင္ငံသားအား ျပည္ႏွင္ဒဏ္ေပး
ဇန်နဝါရီ 26, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕တြင္ တရုတ္ႏိုင္ငံဘက္မွ ဟိုက္ဒရိုကလိုရစ္အက္စစ္ ဂါလန္ (၁၆၀၀) တင္သြင္းလာသျဖင့္ ၂၀၁၇ ခုႏွစ္အတြင္းက မူးယစ္မႈျဖင့္ ဖမ္းဆီးခံထားရသည့္ တရုတ္ႏုိင္ငံသားအား ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၂၅)ရက္ေန႔တြင္ ျပည္ႏွင္ဒဏ္ေပးလုိက္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔ အင္အားဦးစီးဌာနက ဇန္နဝါရီလ (၂၅)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ျပည္ႏွင္ဒဏ္အေပးခံရသည့္အဆိုပါ တရုတ္ႏုိင္ငံသား လ်ဴရီခ်င္အား  ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ ဝင္/ထြက္ေပါက္ (မန္ဝိန္းဂိတ္)မွတစ္ဆင့္ တရုတ္ႏုိင္ငံသို႔ ျပည္ႏွင္ေစလႊတ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ တ႐ုတ္ နိုင္ငံသားသည္ ၂၀၁၇ ခုႏွစ္၊ ဇူလိုင္လ (၂၇) ရက္ေန႔ ညေန (၄) နာရီအခ်ိန္တြင္ မူဆယ္ၿမိဳ႕၊ စြမ္ေစာ္ရပ္ကြက္၊ ျမန္မာ-တ႐ုတ္နယ္စပ္ဝင္/ထြက္ေပါက္ မန္ဝိန္းစစ္ေဆးေရးစခန္းေရွ႕လမ္းမေပၚ တြင္ တ႐ုတ္နိုင္ငံ ၾကယ္ေခါင္မွ ျမန္မာနိုင္ငံ မူဆယ္သို႔ ၎ေမာင္းႏွင္လာသည့္ (၆)ဘီးယာဥ္ေပၚမွ ဟိုက္ဒရိုကလိုရစ္ အက္စစ္ ပီပါ(၃၂) လုံး၊ စုစုေပါင္း(၁၆၀၀) ဂါလန္အား ေတြ႕ရွိသျဖင့္ မူဆယ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၁၀/၂၀၁၇၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား ဆိုင္ရာဥပေဒပုဒ္မ ၁၅/၁၆(ခ)ျဖင့္ တရားစြဲတင္ပို႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါအမႈအား ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ (၁၂) ရက္ေန႔တြင္ ၿမိဳ႕နယ္တရား႐ုံးမွ က်င့္ ၂၅၈(၁)အရ အမႈၿပီးျပတ္ေစလႊတ္ခဲ့ကာ လဝကအက္ပုဒ္မ ၇(၁)အရ ျပည္ႏွင္မိန္႔ေတာင္းခံေနစဥ္ ဇန္နဝါရီလ (၁၂) ရက္ေန႔မွ (၂၆) ရက္ေန႔အထိ မူဆယ္ၿမိဳ႕မရဲစခန္း၌ ေခတၱခ်ဳပ္ေႏွာင္ထားခဲ့သူျဖစ္ေၾကာင္း သိရသည္။

သတင္း #ဇာႏွင္း
~~~~~~~~⊰❂ unicode ~~~~~~~~
တရုတ်နိုင်ငံမှ မူဆယ်သို့ ဟိုက်ဒရိုကလိုရစ်အက်စစ်ဂါလံ ၁၆၀၀ တင်သွင်းသည့် တရုတ်နိုင်ငံသားအား ပြည်နှင်ဒဏ်ပေး
*********

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် တရုတ်နိုင်ငံဘက်မှ ဟိုက်ဒရိုကလိုရစ်အက်စစ် ဂါလန် (၁၆၀၀) တင်သွင်းလာသဖြင့် ၂၀၁၇ ခုနှစ်အတွင်းက မူးယစ်မှုဖြင့် ဖမ်းဆီးခံထားရသည့် တရုတ်နိုင်ငံသားအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနက ဇန်နဝါရီလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းတွင် ပြည်နှင်ဒဏ်အပေးခံရသည့်အဆိုပါ တရုတ်နိုင်ငံသား လျူရီချင်အား  မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်/ထွက်ပေါက် (မန်ဝိန်းဂိတ်)မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြည်နှင်စေလွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ် နိုင်ငံသားသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့ ညနေ (၄) နာရီအချိန်တွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မြန်မာ-တရုတ်နယ်စပ်ဝင်/ထွက်ပေါက် မန်ဝိန်းစစ်ဆေးရေးစခန်းရှေ့လမ်းမပေါ် တွင် တရုတ်နိုင်ငံ ကြယ်ခေါင်မှ မြန်မာနိုင်ငံ မူဆယ်သို့ ၎င်းမောင်းနှင်လာသည့် (၆)ဘီးယာဉ်ပေါ်မှ ဟိုက်ဒရိုကလိုရစ် အက်စစ် ပီပါ(၃၂) လုံး၊ စုစုပေါင်း(၁၆၀၀) ဂါလန်အား တွေ့ရှိသဖြင့် မူဆယ်မြို့မရဲစခန်းတွင် မယ(ပ)၁၁၀/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ခ)ဖြင့် တရားစွဲတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် မြို့နယ်တရားရုံးမှ ကျင့် ၂၅၈(၁)အရ အမှုပြီးပြတ်စေလွှတ်ခဲ့ကာ လဝကအက်ပုဒ်မ ရ(၁)အရ ပြည်နှင်မိန့်တောင်းခံနေစဉ် ဇန်နဝါရီလ (၁၂) ရက်နေ့မှ (၂၆) ရက်နေ့အထိ မူဆယ်မြို့မရဲစခန်း၌ ခေတ္တချုပ်နှောင်ထားခဲ့သူဖြစ်ကြောင်း သိရသည်။

သတင်း #ဇာနှင်း
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~