မိုးရေစီမံခန့်ခွဲခြင်း လုပ်ငန်း မြို့သစ်မြို့နယ်အတွင်း ဆောင်ရွက်နေ
မိုးရေစီမံခန့်ခွဲခြင်း လုပ်ငန်း မြို့သစ်မြို့နယ်အတွင်း ဆောင်ရွက်နေ
ဇနျနဝါရီ 26, 2018
By Tachileik News Agency
မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာအုပ်စု၊ သန်းကုန်းကျေးရွာရှိ တောင်သူဒေါ်မြင့်မြင့်မူ၏ မိုးကောင်း ​သောက်ယာမြေအတွင်း အလျားပေ(၆၀)၊ အနံ ပေ (၃၀)အနက် (၁၀)ပေ မြေသား ရေစုကန်တစ်ခုကို တူးဖော်ထားရှိပြီး မိသားစုဟင်းသီးဟင်းရွက်စိုက်ခင်းများ နှင့် ငါးမွေးမြူရေး လုပ်ငန်းတို့ကို တွဲဖက် လုပ်ကိုင်လျက် ရှိ​ကြောင်း သိရသည်။
"မိုးတွင်းကာလမှာ သဘာဝ အလျောက် စီးဆင်းတဲ့ မိုးရေတွေကို ရေစုကန်သဖွယ် စုဆောင်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှာ တစ်နိုင်တစ်ပိုင် ရေရှည်လုပ်ကိုင်နိုင်ရေး အထောက်အကူပြု ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်"ဟု မြို့သစ်မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်လင်း က တာချီလိတ်​​သတင်းအေဂျင်​စီသို့ ပြောသည်။
Organic Farming အထောက်အကူ ပြုလုပ်ငန်းများတွင်​ စိုက်ပျိုးရေးဦးစီးဌာန အ​နေဖြင့်​ ဒေသခံ တောင်သူများ ပေါင်းစပ်၍ စိုက်ပျိုးရေး သင်တန်းများ ၊ နေပြည်တော်မှ အဆင့်မြင့်စိုက်ပျိုးရေးနှင့်​ ​မွေးမြူရေးလုပ်ငန်းခွင် လေ့လာရေးများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့ အထောက်အပံ့များ ​ဆောင်​ရွက်​​ပေး လျှက်​ရှိ​ကြောင်း သိရသည်။
ဇန်န၀ါရီလ(၁၇)ရက်နေ့က ကျေးရွာအုပ်စု(၈) စုမှ တောင်သူ(၃၅)ဦးအား ရေအသုံးချမှုဆိုင်ရာ သရုပ်ပြနှင့် သင်တန်းပေးခြင်းများ လုပ်​ဆောင်နိုင်ခဲ့ပြီး နှမ်းရိတ်သိမ်းချိန်လွန်နည်းပညာ နှင့် စပါးမျိုးသန့်ဇုန် မျိုးစေ့ထုတ် လုပ်ငန်းတို့အား မျှဝေနိုင်ခဲ့ကြောင်းနှင့်​ နောက်ထပ်နေရာတစ်ခုအား ရွေးချယ်ပြီး သရုပ်ပြ ပညာပေး နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ထံက သိရှိရသည်။
သတင်း/ဓါတ်ပုံ -  ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မိုးရေစီမံခန့်ခွဲခြင်း လုပ်ငန်းတစ်ရပ်အား ( Green Water Management ) အာရှဖွံဖြိုးရေးဘဏ်(ADB)၏ အထောက်အပံ့ဖြင့် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း၌ စတင်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်၊ မြပြေင်သာကျေးရွာအုပ်စု၊ သန်းကုန်းကျေးရွာရှိ တောင်သူဒေါ်မြင့်မြင့်မူ၏ မိုးကောင်း ​သောက်ယာမြေအတွင်း အလျားပေ(၆၀)၊ အနံ ပေ (၃၀)အနက် (၁၀)ပေ မြေသား ရေစုကန်တစ်ခုကို တူးဖော်ထားရှိပြီး မိသားစုဟင်းသီးဟင်းရွက်စိုက်ခင်းများ နှင့် ငါးမွေးမြူရေး လုပ်ငန်းတို့ကို တွဲဖက် လုပ်ကိုင်လျက် ရှိ​ကြောင်​း သိရသည်။
"မိုးတွင်​းကာလမှာ သဘာဝ အလျောက် စီးဆင်းတဲ့မိုးရေတွေကို ရေစုကန်သဖွယ် စုဆောင်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှာ တစ်နိုင်တစ်ပိုင် ရေရှည်လုပ်ကိုင်နိုင်ရေး အထောက်အကူပြု ဆောင်ရွက်နခြေင်း ဖြစ်ပါတယ်"ဟု မြို့သစ်မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်လင်း က တာချီလိတ်​​သတင်းအေဂျင်​စီသို့ ပြောသည်။
Organic Farming အထောက်အကူ ပြုလုပ်ငန်းများတွင်​ စိုက်ပျိုးရေးဦးစီးဌာန အ​နဖြေင်​့ ဒေသခံ တောင်သူများ ပေါင်းစပ်၍ စိုက်ပျိုးရေး သင်တန်းများ၊ နပြေည်တော်မှ အဆင့်မြင့်စိုက်ပျိုးရေးနှင်​့ ​မွေးမြူရေးလုပ်ငန်းခွင် လေ့လာရေးများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့ အထောက်အပံ့များ ​ဆောင်​ရွက်​​ပေး လျှက်​ရှိ​ကြောင်း သိရသည်။
"လုပ်ငန်းစဉ်တွေကို လယ်ယာမြေ ဥပဒေနဲ့အညီ အဆင့်ဆင့် တင်ပြဆောင်ရွက်ခဲ့တာပါ။ သဘာဝကပေးတဲ့ မိုးရေကို အကျိုး ရှိရှိစီမံခန့်ခွဲအသုံးချပြီး စိုက်ပျိုးရေးနဲ့မွေးမြူ ရေးလုပ်ငန်းတွေ တွဲဖက် လုပ်ကိုင်စေနိုင်ဖို့ အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေတာပါ"ဟု နပြေည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ ​မြေအသုံးချရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းကြည် က ပြောသည်။
ဇန်နဝါရီလ(၁၇)ရက်နေ့က ကျေးရွာအုပ်စု(၈) စုမှ တောင်သူ(၃၅)ဦးအား ရေအသုံးချမှုဆိုင်ရာ သရုပ်ပြနှင့် သင်တန်းပေးခြင်းများ လုပ်​ဆောင်နိုင်ခဲ့ပြီး နှမ်းရိတ်သိမ်းချိန်လွန်နည်းပညာ နှင့် စပါးမျိုးသန့်ဇုန် မျိုးစေ့ထုတ် လုပ်ငန်းတို့အား မျှေဝနိုင်ခဲ့ကြောင်းနှင်​့ နောက်ထပ်နေရာတစ်ခုအား ရွေးချယ်ပြီး သရုပ်ပြ ပညာပေး နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ထံက သိရှိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်​
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~