လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် နိုင်ငံတော်သမ္မတမှ ဆရာတော်ကြီးများ၊ ဂန္တဓုရပရိယတ္တိ ၀န်ဆောင် စာချဆရာတော်များ၊ ၀ိပဿနာဓုရ ပဋိပတ္တိဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်များ၊ နယ်လှည့် ဓမ္မကထိကနှင့် ပြည်တွင်းပြည်ပ သာသနာပြုပုဂ္ဂိုလ်များအပြင် ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရာတွင် ၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့ လွတ်လပ်ရေးနေ့တွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွယ်လိန်းစေတီကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော်(မိုင်းဖုန်းဆရာတော်) သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥာဏသံဝရသည် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆပ်ကပ်လှူဒါန်းခံရခြင်း ဖြစ်သည်။
နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့က နိုင်ငံတော်သမ္မတမှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် စုစုပေါင်း (၆)ခု ဆက်ကပ်လှူဒါန်းရာတွင် ရန်ကုန်တိုင်း ဒေသကြီးမှ သင်္ဃန်းကျွန်းမြို့နယ် မဟာစည်မြ၀တီသာသနာ့ရိပ်သာဆရာတော် ဘဒ္ဒန္တအဏ္ဍ၀ံသ မှ လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် ရတနာမာန်အောင်တောရဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တ၀ါယာမိန္ဒ မှ လည်းကောင်း၊ တိုက်ကြီးမြို့နယ် မြစိမ်းတောင်ဝိပဿနာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာနေယျ မှ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ပဏ္ဍိတာရာမဓမ္မရိပ်သာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတဘိဝံသမှ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ၀ိရောစန မှ လည်းကောင်း၊ တာချီလိတ်မြို့ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရ မှ လည်းကောင်း အသီးသီး ပါဝင်ကြောင်း နှင့် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် စုစုပေါင်း (၆)ခုဆက်ကပ်ရာတွင် တာချီလိတ်မှ (၂)ခု ဆက်ကပ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရ၏ ဘ၀ တစ်စေ့ တစ်စောင်းနှင့် ပတ်သက်၍ တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း)မှ မိုင်းဖုန်းဆရာတော်အတွက် ၂၀၁၇ခုနှစ်က မွေးနေ့သ၀ဏ်အဖြင့် ရေးသားထားသော အကြောင်းအရာများကို မူရင်းအတိုင်း တင်ပြလိုက်ပါသည်။
နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့က နိုင်ငံတော်သမ္မတမှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် စုစုပေါင်း (၆)ခု ဆက်ကပ်လှူဒါန်းရာတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ ဆရာတော်ကြီး နှစ်ပါး ပါဝင်ရာ၌ မိုင်းဖုန်းဆရာတော်လည်း ပါဝင်ကြောင်း သိရသည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် နိုင်ငံတော်သမ္မတမှ ဆရာတော်ကြီးများ၊ ဂန္တဓုရပရိယတ္တိ ဝန်ဆောင် စာချဆရာတော်များ၊ ဝိပဿနာဓုရ ပဋိပတ္တိဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်များ၊ နယ်လှည့် ဓမ္မကထိကနှင့် ပြည်တွင်းပြည်ပ သာသနာပြုပုဂ္ဂိုလ်များအပြင် ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့လှူဒါန်းနကြေသည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရာတွင် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့ လွတ်လပ်ရေးနေ့တွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွယ်လိန်းစေတီကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော်(မိုင်းဖုန်းဆရာတော်) သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရသည် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆပ်ကပ်လှူဒါန်းခံရခြင်း ဖြစ်သည်။
နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့က နိုင်ငံတော်သမ္မတမှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် စုစုပေါင်း (၆)ခု ဆက်ကပ်လှူဒါန်းရာတွင် ရန်ကုန်တိုင်း ဒေသကြီးမှ သင်္ဃန်းကျွန်းမြို့နယ် မဟာစည်မြဝတီသာသနာ့ရိပ်သာဆရာတော် ဘဒ္ဒန္တအဏ္ဍဝံသ မှ လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် ရတနာမာန်အောင်တောရဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒ မှ လည်းကောင်း၊ တိုက်ကြီးမြို့နယ် မြစိမ်းတောင်ဝိပဿနာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာနေယျ မှ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ပဏ္ဍိတာရာမဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတဘိဝံသမှ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တဝိရောစန မှ လည်းကောင်း၊ တာချီလိတ်မြို့ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ မှ လည်းကောင်း အသီးသီး ပါဝင်ကြောင်း နှင့် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် စုစုပေါင်း (၆)ခုဆက်ကပ်ရာတွင် တာချီလိတ်မှ (၂)ခု ဆက်ကပ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ ဘဝ တစ်စေ့ တစ်စောင်းနှင့် ပတ်သက်၍ တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း)မှ မိုင်းဖုန်းဆရာတော်အတွက် ၂၀၁၇ခုနှစ်က မွေးနေ့သဝဏ်အဖြင့် ရေးသားထားသော အကြောင်းအရာများကို မူရင်းအတိုင်း တင်ပြလိုက်ပါသည်။
မိုင်းဖုန်းဆရာတော်အတွက် မွေးနေ့သဝဏ်
မင်္ဂလာရှိတဲ့ လွတ်လပ်ရေးနေ့ အလွန်တစ်ရက်ဟာ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏသံဝရ (သဒ္ဓမ္မဇောတိကဓဇ)ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒီနှစ်ကတော့ ဆရာတော်ရဲ့ ၅၅ နှစ်မွေးနေ့ဖြစ်ပါတယ်။ စာရေးသူ သိသလောက် ဆရာတော်ရဲ့ အကြောင်းကို ကြည်ညိုသဒ္ဓာပွားနိုင်အောင် ပူဇော်ရေးသားလိုက်ပါတယ်။
( ၂၀၁၇ခုနှစ်က ရေးသားခဲ့ရာတွင် သက်တော်(၅၄)နှစ်ဖြစ်သည်မှာ မှန်သော်လည်း ယခု ၂၀၁၈ခုနှစ်တွင် ပြန်လည်ဖော်ပြသည့်အတွက် (၅၅)နှစ်ဟု ပြင်ထားပါသည်။ )
မိုင်းဖုန်းဆရာတော်ဟာ ထူးခြားတဲ့ ပါရမီရှင် တစ်ပါးဖြစ်ပါတယ်။ မွေးဖွားစဉ်က မိုးတွေအဆက်မပြတ် ရွာသွန်းဖြိုး ခဲ့တာကြောင့် အဖွားဖြစ်သူက ဘုန်းကံထူးတဲ့ ကလေးကို ရှမ်း ဘာသာအားဖြင့် "ပုခေ်းrဝုမ့်" အဆက်မပြတ်သော မိုးစက်ကဲ့သို့ ပုညကောင်းမှုရှိတဲ့သူဟု အမည်ပေးခဲ့ပါတယ်။ အသံဖလှယ်စနစ်ဖြင့် "ပ"ကို "မ"သို့ပြောင်း၊ "မ"မှ "ဝ"သို့ပြောင်းကာ ရှမ်းလို "ကျောက်ဝုမ်းစုမ့်"ဟု ခေါ်တွင်ပါတယ်။ နေထိုင်သီတင်းသုံးတဲ့ ဒေသကို အစွဲပြုပြီး "မိုင်းဖုန်းဆရာတော်""""""""" ""ဟု လည်း ခေါ်ကြပါတယ်။
ပါရမီရှင်ရဲ့ ဘဝနိဒါန်းကတော့ ညိုးနွမ်းတာနဲ့ စခဲ့ရပါတယ်။ တစ်ဝမ်းတစ်ခါးအတွက် ရိုးသားစွာ တောင်းစား ခဲ့ရရှာတယ်။ မုဆိုးမ မိခင်ကြီးကိုရော အရွယ်မရောက်သေးတဲ့ ညီမလေးကိုရော အရွယ်နဲ့မမျှအောင် ပြုစုစောင့်ရှောက်လာခဲ့ရတယ်။
- ကိုရင်ဘဝ ထူးခြားလှ -
နောက်ပိုင်း ပါရမီရဲ့ အရှိန်ကြောင့် သာမဏေဘောင်ကို ရောက်လာပါတယ်။ ၁၁ နှစ်သား သာမဏေလေးဘဝကပင် ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ "ပါရမီရှင် ကိုရင်လေး"ဆိုပြီး လူသိများ လာခဲ့တယ်။ လူသိများတဲ့ အကြောင်းရင်းက ကိုရင်လေးဘဝနဲ့ ကျောင်းတော်ကြီးကို ဦးဆောင် ဆောက်လုပ်လှူဒါန်းနိုင်ခြင်း၊ ရလာသမျှ အလှူပစ္စည်းများကို တွယ်တာမှု အလျဉ်းမရှိဘဲ ပြန်လည် စွန့်လွှတ်လှူဒါန်းခြင်း၊ ကိုရင်လေးဘဝကပင် ဝါတွင်း ၃ လပါတ်လုံး ဂူအောင်း တရားကျင့်ခြင်း၊ ယခုလို လူသိမများသေးတဲ့ အချိန် မိမိရဲ့ မွေးနေ့မှာ သက်ကြီးရွယ်အိုများကို ဝတ်စင်ဖြူများ လှူဒါန်းခြင်း သီလပေးခြင်း တရားဟောခြင်းများ ပြုလုပ်ခဲ့ပါတယ်။
အထူးသဖြင့် ဆရာတော်လောင်းလျာ ကိုရင်လေး ဉာဏသံဝရရဲ့ သီလဂုဏ်၊ ရဲရင့်ရက်ရောတဲ့ဂုဏ်အပြင် ဖြူစင်တဲ့ မေတ္တာစိတ်ရင်းကြောင့် လူချစ်လူခင် ရှင်ချစ်၊ ရဟန်းချစ် ဆရာတော်ကြီးများပါမကျန် ကိုရင်လေးကို မေတ္တာရောင်ပြန်ဓာတ် ထင်ဟပ်ခဲ့ပါတယ်။ ကိုရင်လေး တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကို ရောက်လာရင် လာရောက်ဖူးမျှော်တဲ့ ပရိသတ်များလွန်းတာကြောင့် ကိုရင်လေးကို အများမြင်အောင်ဆိုပြီး မဟာမြတ်မုနိ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာသာမိက မိမိရဲ့ ရင်ဝယ်သားကဲ့သို့ ပွေ့ချီပြီး ပရိသတ်ဖူးမြင်နိုင်အောင် လုပ်ခဲ့သလို တာချီလိတ် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးလည်း သားတပည့်လို အမြဲတမ်း သွန်သင်ဆုံးမခဲ့ပါတယ်။
ဆရာတော်လောင်းလျာဟာ ကိုရင်ဘဝကပင် သီရိလင်္ကာ အိနိ္ဒယသို့ ဘုရားဖူးကြွခဲ့တယ်။ အိနိ္ဒယ နီပေါ ဟိမဝန္တာတောမှာလည်း တစ်ပါတည်း တရားသွားကျင့်ခဲ့သေးတယ်။ အဲဒီအချိန်က သက်တော် ၁၈နှစ် လောက်ရှိနေပါပြီ။ တရားသွားကျင့်ချိန် အခက်အခဲ အနှောင့်အယှက်တွေကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ရေခဲတောင်ကျား အစရှိတဲ့ သားရဲတိရစ္ဆာန်တွေနဲ့လည်း ကြုံခဲ့ပါတယ်။ လူဆိုးတွေ ဖမ်းဆီးရိုက်နှက်ပြီး နတ်ပူဇော်ရန် အကျဉ်းချထားခြင်းလည်း ခံရပါသေးတယ်။ ခေါင်းကွဲတဲ့အထိ အရိုက်ခံရလို့ ခုထက်ထိ ဆရာတော်ရဲ့ ဦးခေါင်းမှာ ဒဏ်ရာအမာရွတ်တွေ ကျန်နေပါသေးတယ်။ ဖမ်းထားချိန်မှာ လက်ပြန်ကြိုးတုပ်ပြီး ကျွဲချီး အပြည့်ရှိတဲ့ ကျွဲ ခြံထဲမှာ တစ်ညလုံး ပစ်ထားခဲ့ပါတယ်။ မနက်လင်းမှ လူသတ်ပြီး ယဇ်ပူဇော်မယ်လို့ ဆိုတယ်။
ဆရာတော်လောင်းလျာလည်း တစ်ညလုံး ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာ့ဂုဏ်တော်တွေ နမော တေ ဂါထာတော်တွေ ရွတ်ဖတ်တဲ့အပြင် လူဆိုးတွေကိုလည်း မေတ္တာပို့ပါတယ်။ နံနက် အရုဏ်လင်းခါနီးမှာ ချည်ထားတဲ့ကြိုးတွေ အကုန်လုံး ပြတ်ကုန်ပါတယ်။ ပိတ်ထားတဲ့ တံခါးတွေလည်း ဝုန်းကနဲ ပွင့်ထွက်ကုန်တယ်။ တာဝန်ကျ အစောင့်က လန့်ပြီး သူတို့ခေါင်းဆောင်ကို သွားခေါ်လာတယ်။ ချည်ထားတဲ့ကြိုးတွေ ပြတ်သွားတာ ခိုင်ခန့်တဲ့ တံခါးတွေ ပွင့်ထွက်သွားတာကို မြင်ရတော့သူတို့တတွေ အနားမှာ မကပ်ရဲကြပါ။ ဆရာတော် လောင်းလျာက နီပေါစကားနဲ့ "ဘာကြောင့် သူ့ကို ဒီလိုဖမ်းရတာလဲ ငါ့မှာ နီပေါ သံဃာ့ဥသျှောင် ပေးလာတဲ့ စာတစ်စောင်ရှိတယ် ရော့ဖတ်ကြည့်" ဆိုပြီး သူတို့က အဲဒီစာကိုယူဖတ်ကြည့် ပါတယ်။
(ဆရာတော်သည် ရှမ်း၊ ထိုင်း၊ လော၊ နီပေါ၊ တိဗက် စကားတွေကို ပြောတတ်ပါတယ် )
စာဖတ်ပြီးတာနဲ့ သူတို့မှားတဲ့ အကြောင်း သူတို့ကို အပြစ်မယူဖို့ တောင်းပန်ကြပါတယ်။ အဲဒီစာက "ကိုရင်လေး ရောက်တဲ့နေရာမှာ ကူညီကြဖို့" နီပေါသံဃာ့ဥသျှောင်ကြီးရဲ့ မေတ္တာရပ်ခံစာပဲဖြစ်ပါတယ်။
နောက်ပိုင်း သူတို့လည်း လိုအပ်တာ ပြန်လည် ကူညီခဲ့ကြပါတယ်။
- သတို့သားလောင်းဘဝ -
ဟိမဝန္တာမှာ တရားသွားကျင့်စဉ် တစ်ခါတစ်လေ ရွာထဲသွားပြီး ဆွမ်းခံကြွရပါတယ်။ တစ်ရွာဝင် တစ်ရွာ ထွက်ပါ။ တစ်နေ့တော့ ရွာတစ်ရွာ ဆွမ်းခံကြွသွားချိန် အမျိုးသမီးကြီး တစ်ယောက်က ကိုရင်ဉာဏသံဝရကို မြင်တာနဲ့ သားအရင်းလို သံယောဇဉ်ဖြစ်မိတယ်။ နောက်တစ်နေ့ သူမ သဘောနဲ့သူ ကြံစီပြီး ကိုရင်ကို အိမ်သို့ ပင့်ပါတယ်။ ရွာထဲက လူတွေကိုလည်း အားလုံး ဖိတ်လိုက်ပါသေးတယ်။ ကိုရင်အထင်ကတော့ တစ်ရွာလုံး ကျွေးမွေးတဲ့ အလှူလို့ ထင်ထားမိတယ်။ အချိန်တန်လာတော့ သူမရဲ့သမီးလေးကို သတို့သမီးဝတ်စုံနဲ့ မင်္ဂလာဆောင်ပေးပါတော့တယ်။ ကိုရင်လည်း အတန်တန် ငြင်းဆိုခဲ့တယ်။
အများနဲ့ တစ်ယောက်ဆိုတော့ ထလို့လည်း မနိုင် ထိုင်လို့လည်း မဖြစ် ကုလားမင်္ဂဆောင်ပွဲကို မနွဲချင်ပေမယ့် နွဲခဲ့ရပါတယ်။ သတို့သမီးနဲ့ အတူထမင်းစားခိုင်းသော်လည်း ကိုရင် မစားခဲ့ပါဘူး။ မိမိသပိတ်ထဲမှာသာ ဆွမ်းဘုဉ်းပေးခဲ့ပါတယ်။ နေ့လည်စာကျွေး ပရိသတ်တွေလည်း ပြန်သွားကြပါပြီ။ ကိုရင်လည်း သပိတ်ဆေးဖို့ ထွက်လာရင်း နမော တေ ဂါထာတော်ကို ရွတ်ဖတ်ပြီး ရွာကနေ ထွက်လာခဲ့တယ်။ တစ်ယောက်တစ်လေမှ သူ့ကို မြင်ခဲ့ဟန်မတူ။ သတို့သားဘဝကနေ ကိုရင်လွှတ်မြှောက် လာခဲ့ပါတယ်။
နောင်ပိုင်း ကျန်းမာရေး ချို့တဲ့ခဲ့တာကြောင့် ဟိမဝန္တာကနေ ထွက်ခွာပြီး ထိုင်းနိုင်ငံကို ပြန်ရောက်လာပါတော့တယ်။ သက်တော် ၂၀ မှာ ရဟန်းဘဝသို့ ရောက်ရှိခဲ့ပါတယ်။
- ရဟန်းဘဝ -
စာရေးသူက မိုင်းဖုန်းဆရာတော်ကို ၁၉၉၃ ခုက ရန်ကုန်် ခေမရဌ်ကျောင်းမှာ စတင်ဖူးတွေ့ရပါတယ်။ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးကြောင့် တွေ့ခွင့်ရတာပါ။ မိုင်းဖုန်းဆရာတော်ကို စတွေ့တော့ ဆရာတော်က နူးညံ့သိမ်မွေ့တယ်။ ဂါရဝတရား လွန်စွာ အလေးထားတာတွေ့ရတယ်။ စာရေးသူတို့ အဖွဲ့ မိုင်းဖုန်းဆရာတော်နဲ့အတူ ဓာတ်ပုံရိုက်ခွင့်လဲ ရခဲ့တယ်။ အဲဒီခေတ်တုံးက ဖလင်ခေတ်ပါ။
(တချို့ ဓာတ်ပုံဆရာတွေ ခွင့်မရဘဲ မိုင်းဖုန်းဆရာတော်ရဲ့ ပုံကို ရိုက်ယူပေမယ့် ပုံမထွက်ဘူးလို့ ဆိုကြတယ်)
၁၉၉၆ ခု မိုင်းဖုန်းဆရာတော်ရဲ့ မွေးနေ့ကိုကြွခဲ့တယ်။
တိုက်ဆိုင်မှု တစ်ခုပြောပြပါရစေ။ စာရေးသူ မိုင်းဖုန်းကို မသွားခင် တာချီလိတ်ကနေ မန်တုံ ဖတ်ဟိရွာကျောင်းမှာ သွားတည်းခဲ့တယ်။ မန်တုံဖတ်ဟိဆရာတော်က မိုင်းဖုန်းဆရာတော်ရဲ့ ငယ်သူငယ်ချင်းပါ။ ဖတ်ဟိ ဆရာတော်ကလည်း ထိုင်းနိုင်ငံကနေ အလည်ပြန်ရောက်လာတဲ့ အချိန်ဖြစ်တယ်။ ညစာရေးသူနဲ့ စကားပြောရင်း မိုင်းဖုန်းဆရာတော် အကြောင်း ပါလာတယ်။ မန်တုန်ဖတ်ဟိဆရာတော်က ထိုင်းကိုယ်တော် တစ်ပါးနဲ့တွေ့ပြီး အဲဒီထိုင်းကိုယ်တော်ကလည်း ဟိမဝန္တာတောင်ကနေ ပြန်လာတာ သိပ်မကြာသေးဘူးလို့ ဆိုတယ်။ သူက မိုင်းဖုန်း ဆရာတော် တရားကျင့်သွားတဲ့ နေရာတွေကို လိုက်ပြီး တရားသွားကျင့်ခဲ့တယ်လို့ ဆိုတယ်။
ရွာတစ်ရွာရောက်တော့ ကျောင်းဟောင်းတစ်ကျောင်းထဲမှာ သူတရားသွားထိုင်နေချိန် ရွာသားတစ်ယောက် လာဖူးပါတယ်။ နောက်ပြီးတော့ ပစ္စည်း တစ်ခု တယုတယ လာပေးပါတယ်။ အဲဒီပစ္စည်းက မိုင်းဖုန်း ဆရာတော်ရဲ့ ပစ္စည်းမေ့ကျန်ခဲ့တာ လို့ပြောပြီး ပိုင်ရှင်ထံ ကြုံရင် ပြန်အပ်ပေးဖို့ ပြောပါတယ်။ ထိုင်းကိုယ်တော်လည်း အဲဒီပစ္စည်းကို လက်ခံပြီး ထိုင်းကို ပြန်လာခဲ့တယ်။ ဘန်ကောက်မှာ ဝမ်တုံဖတ်ဟိဆရာတော် ခူးဝါးခမ်းလှိုင်းနဲ့တွေ့တော့ အဲဒီပစ္စည်းလေး ပေးလာကြောင်း သိရပါတယ်။
စာရေးသူက အဲဒီပစ္စည်းလေး ကြည့်ပါရစေဆိုပြီး တောင်းဆိုတော့ ခူးဝါးခမ်းလှိုင်းက အဖုံးပါတဲ့ ဝါးဆစ်ဗူးလေး တစ်ခုကို ယူလာပြတယ်။ ဖွင့်ကြည့်တော့ တောကြက်ဥအရွယ် ကြည်လင်တဲ့ ပယင်းကျောက်တစ်လုံးဖြစ်နေတယ်။ ဝမ်တုံဖတ်ဟိဆရာတော်က မွေးနေ့ရောက်ရင် မိုင်းဖုန်းဆရာတော်ကို သွားကပ်ပေးမယ်လို့ ပြောပါတယ်။ နောက်တစ်နေ့ စာရေးသူ တစ်ပါးတည်း မိုင်းဖုန်းထံကို ရောက်သွားတယ်။ ရောက်ရောက်ချင်းပဲ မိုင်းဖုန်းဆရာတော်ကမေးတယ်။
"နောင်တော် စဝ်ပီဆုခမ်း တပည့်တော်ရဲ့ လွန်ခဲ့တဲ့ ၁၄ နှစ်က ပျောက်သွားတဲ့ ကျောက် မယူခဲ့ ဘူးလားဘုရား"တဲ့။
(စာရေးသူဟာ မိုင်းဖုန်း ဆရာတော်ထက် ဝါရော သက်တော်ရော ၂ နှစ်ကြီးပါတယ်။ ဒါကြောင့် စာရးသူကို နောင်တော်လို့ပဲ အမြဲခေါ်တယ်)။ စာရေးသူ စဉ်းစားတယ်။ မနေ့ညက ဖတ်ဟိဆရာတော်နဲ့ ၂ ဦးသား ပြောခဲ့တဲ့စကား မိုင်းဖုန်းဆရာတော် ဘယ်လိုလို့ သိသလဲပေါ့။
"အရှင်ဘုရား ဘယ်လိုလို့ သိသလဲဘုရား တပည့်တော် မယူခဲ့ပါဘူး ခူးဝါးခမ်းလှိုင် လာမှပဲ ယူလာမှာတဲ့ ဘုရား"
"သိတာပေါ့ဘုရား ကိုယ့်ပစ္စည်းမှန်ဆိုတာ ကိုယ့်ထံပြန်ရောက်စမြဲပါဘုရား"
နောက်ပိုင်း မိုင်းဖုန်းဆရာတော် မွေးနေ့ကို မကြာမကြာ ရောက်ဖြစ်ပါတယ်။ ၂၀၀၂ ခုတုံးက ဆရာတော်နဲ့အတူ တရုတ်ပြည် ဆစ်ဆောင်ပန်းနားဒေသနဲ့ လောနိုင်ငံကို ရောက်သွားသေးတယ်။ သာသနာပြု ခရီးတစ်လျှောက်လုံး ဆရာတော်ကို လာရောက်ဖူးမျှော်ကြတဲ့သူတွေ တောရောမြို့ပါမကျန် နေရာတိုင်းမှာ လူတွပြေည့်လျှံနေတာ တွေ့ရတော့ ဆရာတော်ရဲ့ မေတ္တာဓာတ်ကို ပိုကြည်ညိုလေးစားမိတယ်။ ဆရာတော်နဲ့အတူ လိုက်လေ့ရှိတော့ ဆရာတော် ဘာကြောင့် ဘုန်းကြီးသလဲဆိုတာ သိသာပါတယ်။
ဗုဒ္ဓဿ ပူဇံ မဟာတေဇဝန္တော ဘုရားပူဇော် တန်ခိုးကျော် ဆိုတဲ့အတိုင်း မိုင်းဖုန်းဆရာတော် ဘုရားရှိခိုးတာ မနက်ရော နေ့ခင်းရော ညနေ ညပိုင်းရောဆိုရင် တစ်နေ့ကို အနည်းဆုံး ၆ နာရီရှိပါတယ်။ ကားစီး ခရီးထွက်နေတာတောင်မှ ဆင်းတုတော်ကို ထုတ်ပြီး ပွေ့ထားကာ ဘုရားဝတ်တက် မပျက်ခဲ့ပါဘူး။ ရောက်တဲ့နေရာ သွားတဲ့ခရီး လမ်းတစ်လျှောက်မှာ မေတ္တာပို့တယ် အမျှဝေပါတယ်။ အလှူဒါန အမြဲလုပ်ပါတယ်။ ဆွမ်းစားတာတောင်မှ နီးစပ်တဲ့ ဆရာတော် သံဃာတော်များကို ဆွမ်းတွေ ဆွမ်းဟင်းတွေ စေတနာပါပါနဲ့ အမြဲတမ်း ခူးထည့်ပေးပါတယ်။ ဆရာတော်ကတော့ ဧကာသနိက် တစ်နေ့ကို ဆွမ်းတစ်ထပ်ပဲ ဘုဉ်းပေးပါတယ်။
ဇန်နဝါရီ ၅ ရက် မွေးနေ့မှာ အစာရေစာ မသုံးဆောင်ဘဲ စကားမပြောဘဲ နေသွားပါတယ်။ ငယ်စဉ်ကတည်းက အသားငါး စားချင်စိတ်မရှိခဲ့လို့ သက်သတ်လွှတ်ပဲ ဘုဉ်းပေးပါတယ်။ ဝါတွင်း ၃ လပတ်လုံး တစ်ပါတည်း ဂူထဲမှာပဲ သီတင်းသုံးပြီး ကိုယ်ပိုင် လုပ်ငန်းအတွက် တရားကျင့်ပါတယ်။ ဝါပ ၉ လကတော့ အများအကျိုး သာသနာအကျိုးအတွက် သာသနာပြု ခရီးထွက်ပါတယ်။ စာရေးသူကို ဆရာတော်က ပြောဖူးတယ်။
"တချို့လူတွေက မိုင်းဖုန်းဆရာတော်ဟာ ငွေတွေ အများကြီးရှိပြီး ဘဏ်မှာ အများကြီး စုထားမယ်လို့ထင်ကြတယ်။ တပည့်တော်က ဘဏ်မှာ ငွေမစုပါဘူး ဘုရား။ ဒါပေမယ့် ဘဏ်တစ်ခုတော့ ရှိထားတယ်။ အမြဲလည်းစုတယ် နေရာတိုင်းလည်း အချိန်မရွေး စုပါတယ်။ အဲဒီဘဏ်က နောင်ဘဝအထိ အာမခံချက်ရှိတဲ့ ကုသိုလ်ဘဏ်ပါ ဘုရား"တဲ့။
တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒ စဝ်ဆုခမ်း