ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ဆန္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္တြင္းမွ တိုက္ပြဲေရွာင္ ေဒသခံ ၄၀၀ နီးပါး ေက်ာက္မဲၿမိဳ႕တြင္ ခိုလံႈေန

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ဆန္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္တြင္းမွ တိုက္ပြဲေရွာင္ ေဒသခံ ၄၀၀ နီးပါး ေက်ာက္မဲၿမိဳ႕တြင္ ခိုလံႈေန
ဇန်နဝါရီ 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ဆန္ၿမိဳ႕နယ္၊ ေက်ာက္ျဖဴေလးေက်းရြာအုပ္စုရိွ ေက်ာက္ျဖဴေလးေက်းရြာႏွင့္ ေက်ာက္မဲၿမိဳ႕နယ္ မန္ေခါက္ေက်းရြာအုပ္စု၊ အာေျပာင္ေက်းရြာမွ ေဒသခံမ်ားသည္ ေဒသတြင္း တုိက္ပြဲမ်ားေၾကာင့္ ေက်ာက္မဲတြင္ ခိုလံႈေနရၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးႏွင့္ ရပ္မိရပ္ဖမ်ားက ေနထုိင္စားေသာက္ေရး စီစဥ္ေပးေနေၾကာင္း သိရသည္။

မန္ေခါက္ေက်းရြာအစပ္ႏွင့္ နမ့္ဆန္ၿမိဳ႕နယ္ၾကားတြင္ TNLA တပ္ႏွင့္ တပ္မေတာ္အၾကား ဒီဇင္ဘာလ (၂၉)ရက္ေန႔က တုိက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့သျဖင့္ ေဒသခံ (၄၀၀)နီးပါးသည္ ေက်ာက္မဲၿမိဳ႕ အမွတ္ (၈)ရပ္ကြက္ရိွ သႏၱိသုခဓမၼာရံုႏွင့္ ပိႏၷဲကုန္းေက်းရြာရိွ ဝါဆိုဘုန္းႀကီးေက်ာင္းမ်ားတြင္ ခိုလံႈ ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ေရာက္တာကေတာ့ ဒီဇင္ဘာ (၂၈) ရက္ေန႔ညေနက စေရာက္တာ။ တစ္ျဖည္းျဖည္းနဲ႔ လာၾကတာေပ့ါ။ မိုင္းေငါ့ ၿမိဳ႕နယ္ခြဲ၊ အာေျပာင္ရြာနဲ႔ နမ့္ဆန္ၿမိဳ႕နယ္ ေက်ာက္ျဖဴေက်းရြာေတြက လာၾကတာ။ တိုက္ပြဲ ျဖစ္ေနတာေတာ့ မဟုတ္ဘူး။ ျဖစ္လာႏိုင္တယ္ဆိုၿပီး ႀကိဳေရွာင္လာၾကတာလို႔ သိရတယ္။ လူဦးေရက စုစုေပါင္း(၄၀၀) ေက်ာ္ ရွိသြားၿပီ။ ေနေရး စားေရး အဆင္ေျပဖို႔အတြက္ေတာ့ သက္ဆိုင္ရာဌာနေတြန႔ဲ ပူးေပါင္းလုပ္ေဆာင္ ေပးထားပါတယ္။ လတ္တေလာေတာ့ အခက္အခဲသိပ္မရွိေသးဘူး”ဟု ေက်ာက္မဲ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ခ်ိဳဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သႏၱိသုခဓမၼာရံုတြင္ စုစုေပါင္း (၁၉၉)ဦးႏွင့္ ဝါဆိုဘုန္းႀကီးေက်ာင္းတြင္ စုစုေပါင္း (၁၉၃)ဦးတို႔ ခိုလံႈေနၾကၿပီး ေက်ာက္မဲခရိုင္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရး ဦးစီးဌာနႏွင့္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီတို႔က ရိကၡာေထာက္ပံ့ေပးထားေၾကာင္း သိရသည္။

 “သူတို႔လာခဲ့တဲ့ေနရာေတြမွာလည္း အႏၱရာယ္ကင္းတဲ့ေနရာမွာ တစ္စုတစ္စည္းတည္းေနထိုင္ႏိုင္ဖို႔အတြက္ ေဆာင္ရြက္ေပးဖုိ႔ေတာ့ စီစဥ္ထားတယ္လို႔သိရတယ္။ ေက်ာက္မဲမွာလည္း ေနေရး စားေရး အဆင္ေျပေအာင္ လုပ္ေဆာင္ေပးထားပါတယ္။ အခက္အခဲမရွိပါဘူး။ စားေသာက္စရာေတြ လာလွဴဒါန္းၾကတာေတြလည္း ရွိတယ္။ စစ္ေဘးေရွာင္ေတြအတြက္ ေကာ္မတီဖြဲ႔ၿပီး ေသေသခ်ာခ်ာ လုပ္ေဆာင္ေပးေနပါတယ္” ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ ဦးတင္ဝင္းက ေျပာသည္။

တိုက္ပဲြေရွာင္ ေဒသခံမ်ားလံုၿခံဳေရးအတြက္ ရပ္/ေက်းအဖြဲ႕ႏွင့္ ရဲတပ္ဖြဲ႕ပူးေပါင္း၍ လံုၿခံဳေရး ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာအုပ်စုရှိ ကျောက်ဖြူလေးကျေးရွာနှင့် ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာအုပ်စု၊ အာပြောင်ကျေးရွာမှ ဒေသခံများသည် ဒေသတွင်း တိုက်ပွဲများကြောင့် ကျောက်မဲတွင် ခိုလှုံနေရပြီး မြို့နယ်အုပ်ချုပ်ရေးနှင့် ရပ်မိရပ်ဖများက နေထိုင်စားသောက်ရေး စီစဉ်ပေးနေကြောင်း သိရသည်။

မန်ခေါက်ကျေးရွာအစပ်နှင့် နမ့်ဆန်မြို့နယ်ကြားတွင် TNLA တပ်နှင့် တပ်မတော်အကြား ဒီဇင်ဘာလ (၂၉)ရက်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် ဒေသခံ (၄၀၀)နီးပါးသည် ကျောက်မဲမြို့ အမှတ် (၈)ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံနှင့် ပိန္နဲကုန်းကျေးရွာရှိ ဝါဆိုဘုန်းကြီးကျောင်းများတွင် ခိုလှုံ နကြခြေင်းဖြစ်ကြောင်း သိရသည်။

“ရောက်တာကတော့ ဒီဇင်ဘာ (၂၈) ရက်နေ့ညနေက စရောက်တာ။ တစ်ဖြည်းဖြည်းနဲ့ လာကြတာပေါ့။ မိုင်းငေါ့ မြို့နယ်ခွဲ၊ အာပြောင်ရွာနဲ့ နမ့်ဆန်မြို့နယ် ကျောက်ဖြူကျေးရွာတွေက လာကြတာ။ တိုက်ပွဲ ဖြစ်နေတာတော့ မဟုတ်ဘူး။ ဖြစ်လာနိုင်တယ်ဆိုပြီး ကြိုရှောင်လာကြတာလို့ သိရတယ်။ လူဦးရေက စုစုပေါင်း(၄၀၀) ကျော် ရှိသွားပြီ။ နေရေး စားရေး အဆင်ပြေဖို့အတွက်တော့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင် ပေးထားပါတယ်။ လတ်တလောတော့ အခက်အခဲသိပ်မရှိသေးဘူး”ဟု ကျောက်မဲ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သန္တိသုခဓမ္မာရုံတွင် စုစုပေါင်း (၁၉၉)ဦးနှင့် ဝါဆိုဘုန်းကြီးကျောင်းတွင် စုစုပေါင်း (၁၉၃)ဦးတို့ ခိုလှုံနကြပြေီး ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့က ရိက္ခါထောက်ပံ့ပေးထားကြောင်း သိရသည်။

 “သူတို့လာခဲ့တဲ့နေရာတွေမှာလည်း အန္တရာယ်ကင်းတဲ့နေရာမှာ တစ်စုတစ်စည်းတည်း နေထိုင်နိုင်ဖို့အတွက် ဆောင်ရွက်ပေးဖို့တော့ စီစဉ်ထားတယ်လို့သိရတယ်။ ကျောက်မဲမှာလည်း နေရေး စားရေး အဆင်ပြေအောင် လုပ်ဆောင်ပေးထားပါတယ်။ အခက်အခဲမရှိပါဘူး။ စားသောက်စရာတွေ လာလှူဒါန်းကြတာတွေလည်း ရှိတယ်။ စစ်ဘေးရှောင်တွေအတွက် ကော်မတီဖွဲ့ပြီး သေသေချာချာ လုပ်ဆောင်ပေးနေပါတယ်” ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးတင်ဝင်းက ပြောသည်။

တိုက်ပွဲရှောင် ဒေသခံများလုံခြုံရေးအတွက် ရပ်/ကျေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်ပေးနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~