
ဇနျနဝါရီ 22, 2018
By 🌸
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရွှေတြိဂံဒေသ မဲခေါင်မြစ်ကြောင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရန် တရုတ်နိုင်ငံက ထောက်ပံ့ကူညီသည့် အမြန်ရေယာဉ်သုံးစီးအား ဇန်နဝါရီလ (၂၂)ရက်နေ့တွင် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးကြောင်း သိရသည်။


တရုတ်နိုင်ငံမှ လွှဲပြောင်းပေးလာသည့် အမြန်ရေယာဉ်သုံးစီးအား ရေချပွဲအခမ်းအနားအား ယနေ့ကျင်းပခဲ့ပြီး အဆိုပါ ရေယာဉ်သုံးစီးအပါအဝင် ရေယာဉ် (၈)စီးဖြင့် ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့က မဲခေါင်မြစ်ကြောင်း တစ်လျှောက် လုံခြုံရေးလုပ်ငန်းများအား ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #အင်မိုင်ခ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

~~~~~~~~⊰❂ unicode ~~~~~~~~
ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့သို့ တရုတ်နိုင်ငံက အမြန်ရေယာဉ်သုံးစီးထောက်ပံ့
*****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရွှေတြိဂံဒေသ မဲခေါင်မြစ်ကြောင်းလုံံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရန် တရုတ်နိုင်ငံက ထောက်ပံ့ကူညီသည့် အမြန်ရေယာဉ်သုံးစီးအား ဇန်နဝါရီလ (၂၂)ရက်နေ့တွင် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးကြောင်း သိရသည်။
“သူတို့အဓိကလွှဲပေးတာက မယ်ခေါင်မြစ်ကြောင်း တစ်လျှောက်မူးယစ်ဆေးနှိမ်နှင်းရေးအတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ကို လွှဲပြောင်းပေးတာပါ။ လွှဲပြောင်းပေးရာမှာ ရေယာဉ်ပါတဲ့အတွက် ကျွန်တော်တို့ ရေကြောင်းရဲတပ်ဖွဲ့ကနေ ပြန်လက်ခံရတာပါ”ဟု ရေကြောင်းရဲတပ်ဖွဲ့(ခွဲ) ဝမ်ပုံ၏ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး လှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တရုတ်နိုင်ငံမှ လွှဲပြောင်းပေးလာသည့် အမြန်ရေယာဉ်သုံးစီးအား ရေချပွဲအခမ်းအနားအား ယနေ့ကျင်းပခဲ့ပြီး အဆိုပါ ရေယာဉ်သုံးစီးအပါအဝင် ရေယာဉ် (၈)စီးဖြင့် ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့က မဲခေါင်မြစ်ကြောင်း တစ်လျှောက် လုံခြံုရေးလုပ်ငန်းများအား ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း #အင်မိုင်ခ
ဓါတ်ပုံ #ရဲတပ်ဖွဲ့
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~