ႏွစ္ႏုိင္ငံသေဘာတူ စာခ်ဳပ္အရ ေမာင္ေတာေဒသမွ ေနရပ္စြန္႔မ်ား ျပန္လည္လက္ခံေရး ျမန္မာဘက္က အဆင့္သင့္ျဖစ္ေသာ္လည္း ေနရပ္ျပန္မ်ား ေရာက္ရိွလာျခင္း မရိွ

ႏွစ္ႏုိင္ငံသေဘာတူ စာခ်ဳပ္အရ ေမာင္ေတာေဒသမွ ေနရပ္စြန္႔မ်ား ျပန္လည္လက္ခံေရး ျမန္မာဘက္က အဆင့္သင့္ျဖစ္ေသာ္လည္း ေနရပ္ျပန္မ်ား ေရာက္ရိွလာျခင္း မရိွ
ဇန်နဝါရီ 25, 2018
By Tachileik News Agency

ႏွစ္ႏိုင္ငံ သေဘာတူစာခ်ဳပ္အရ ေမာင္ေတာေဒသမွ ေနရပ္စြန္႔ခြာ တိမ္းေရွာင္သူမ်ား ျပန္လည္ လက္ခံေရးအတြက္ ရက္သတ္မွတ္သည့္ ဇန္နဝါရီလ (၂၃) ရက္ေန႔တြင္ ျမန္မာႏိုင္ငံဘက္မွ အဆင္သင့္ ျဖစ္ေသာ္လည္း ျပန္လာမည့္သူမ်ား ေရာက္မလာေၾကာင္း သတင္းထုတ္ျပန္ေရးေကာ္မတီထံမွ သိရသည္။

“ဇန္နဝါရီ ၂၃ ရက္မွာ ကၽြန္ေတာ္တို႔ ႏိုင္ငံအေနနဲ႔ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္အရ အဆင္သင့္ျဖစ္ဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ ျပင္ဆင္ခဲ့ပါတယ္။ အဆင္သင့္ျဖစ္ပါတယ္။ အဆင္သင့္ျဖစ္ေတာ့ ဇန္နဝါရီ ၂၃ ရက္ေန႔မွာ ကၽြန္ေတာ္တို႔ လက္ခံဖို႔ အဆင္သင့္ျဖစ္တယ္။ ဒါေပမယ့္ ႏွစ္ႏိုင္ငံ သေဘာ တူညီခ်က္ထဲမွာပဲ ျပန္လည္လက္ခံဖို႔အတြက္ လူေတြကို ပို႔တဲ့အခါမွာ ကၽြန္ေတာ္တို႔မွာ အစီအစဥ္ ႏွစ္မ်ိဳးရွိပါတယ္။ တစ္မ်ိဳးကေတာ့ တကယ္ပုံမွန္လုပ္မယ့္ အဓိကလုပ္တဲ့ ကိစၥက တစ္ဖက္ႏိုင္ငံကို ေရာက္သြားတဲ့ သူေတြကို ဘဂၤလားေဒ့ရွ္ ႏိုင္ငံကေနၿပီးေတာ့ ျပန္ခ်င္ေသာသူမ်ားကို စိစစ္တယ္။ စိစစ္တယ္ဆိုတာ ျပန္ခ်င္တဲ့သူမ်ားကို စာရင္းေကာက္ရမယ္။ စာရင္း ေကာက္တဲ့အခါမွာ ပုံစံျဖည့္ရမယ္။ အဲဒီအတြက္ ပုံစံေတြ ျမန္မာႏိုင္ငံဘက္က ေပးပို႔ၿပီးသားျဖစ္ပါတယ္။ အဲဒီပုံစံကို ျဖည့္ၿပီးရင္ အဲဒီကေန ျမန္မာႏိုင္ငံဘက္ကို ပုံစံေတြ ပို႔ရပါမယ္။ ပို႔ၿပီးတဲ့ပုံစံေတြကို ျမန္မာႏိုင္ငံဘက္ကေနၿပီးေတာ့ စိစစ္ရပါမယ္။ စိစစ္တယ္ဆိုတာ သူတို႔သည္ ျမန္မာႏိုင္ငံမွာ ေနသြားတဲ့သူေတြ ဟုတ္၊ မဟုတ္၊ အၾကမ္းဖက္သမားမ်ား ပါ မပါ စသည္ျဖင့္ စိစစ္စရာေတြ ရွိပါတယ္။ အဲဒီ စိစစ္စရာေတြ အကုန္လုံးကို ဒီက စိစစ္ပါတယ္။ စိစစ္ၿပီးတဲ့ စာရင္းကို တစ္ဖက္ႏိုင္ငံကို ျပန္ပို႔ပါမယ္။ ျပန္ပို႔တဲ့ အခါက်ေတာ့ ဘဂၤလားေဒ့ရွ္ကေနၿပီးေတာ့ ဒီစာရင္းကို ရၿပီ ဆိုတဲ့အခါ စိစစ္ၿပီးသားျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ဒီဘက္ကို ျပန္ေစလႊတ္လို႔ရၿပီ ဆိုၿပီးေတာ့ သူတို႔ အသုတ္လိုက္ အသုတ္လိုက္ လႊတ္မယ္ေပါ့”ဟု လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေျပာသည္။

ရခိုင္ျပည္နယ္ ေမာင္ေတာေဒသမွ ေနရပ္စြန္႔ခြာ တိမ္းေရွာင္သူမ်ား ျပန္လည္လက္ခံေရးအတြက္ ျမန္မာႏိုင္ငံဘက္မွ ေတာင္ၿပိဳလက္ဝဲ စိစစ္ျပန္လည္ လက္ခံေရးစခန္း၊ ငါးခူရ စိစစ္ျပန္လည္ လက္ခံေရးစခန္းႏွင့္ ယာယီေနထိုင္မည့္ လွဖိုးေခါင္ၾကားစခန္းတို႔တြင္ အဆင္သင့္ျပင္ဆင္ ေဆာင္႐ြက္ထားၿပီး ဝန္ထမ္းမ်ား အသင့္ေရာက္ရွိေနၾကၿပီ ျဖစ္ေၾကာင္း သိရသည္။

“ ကၽြန္ေတာ္တို႔ လက္ခံႏိုင္တဲ့ အေျခအေနက လက္ခံေရးစခန္း ႏွစ္ခုရွိပါတယ္။ ေတာင္ၿပိဳလက္ဝဲ ကုန္းလမ္းနဲ႔ ငါးခူရ ေရလမ္းပါ။ အဲဒီ ႏွစ္ေနရာမွာ လက္ခံစခန္းမွာ တစ္ေနရာကို ၁၅၀ စီနဲ႔ တစ္ေန႔ကို ၃၀၀ လက္ခံလို႔ရပါတယ္။ တစ္ပတ္ကို ငါးရက္ လက္ခံပါမယ္။ ၁၅၀၀ ပါ။ အဲဒီေတာ့ ဒါ လက္ခံလို႔ ရတယ္ဆိုေတာ့ ကၽြန္ေတာ္တို႔ စာရင္းပို႔ထားတဲ့ ၇၅၀ နဲ႔ ၅၀၈ ေယာက္ပါ။ ဒီပို႔ထားတဲ့သူေတြက တကယ္လို႔ ဟိုဘက္ကေနၿပီးေတာ့ ဒီစာရင္းကို ျပန္ခ်င္တဲ့သူေတြ စာရင္းျဖည့္မယ္။ ဒီထဲကေနၿပီးေတာ့ ျပန္ဖို႔ ဒါက ကၽြန္ေတာ္တို႔ဘက္က စိစစ္ၿပီးသား၊ ျပန္လက္ခံလို႔ရတဲ့ စာရင္းဆိုေတာ့ လြယ္သြားၿပီ။ အဲဒီေတာ့ ျပန္ခ်င္တဲ့ သူေတြကို စာရင္းျဖည့္၊ ျဖည့္ၿပီးရင္ ဒီဘက္ကို ျပန္ပို႔လိုက္ရင္ ပထမအသုတ္ အေနနဲ႔ စလို႔ရပါၿပီ။ ဒါေပမယ့္ ဇန္နဝါရီ ၂၃ ရက္မွာ ကၽြန္ေတာ္တို႔ အဆင္သင့္ျဖစ္တယ္။ ဒါေပမယ့္ ေရာက္ေတာ့ မေရာက္လာဘူး။ ျပန္လာမယ့္ လူလည္း ေရာက္မလာဘူး။ စာရင္းလည္း ေရာက္မလာဘူး”ဟု လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေျပာသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္သြားသူမ်ား ျပန္လည္လက္ခံေရး ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ရရိွထားၿပီး ဇန္နဝါရီလ (၁၅) ရက္ကလည္း ႏွစ္ႏိုင္ငံ Joint Working Group မ်ား၊ ႏွစ္ႏိုင္ငံ ပူးတြဲ ေဆာင္႐ြက္မည့္ အဖြဲ႕မ်ား အစည္းအေဝးက်င္းပကာ သေဘာတူညီခ်က္မ်ား ရရိွထားၿပီး ဇန္နဝါရီလ (၁၆) ရက္ေန႔တြင္ ျမန္မာႏုိင္ငံက ျပန္လည္လက္ခံႏုိင္မည့္ မူဆလင္ (၇၅၀) ႏွင့္ ဟိႏၵဴဘာသာ ကိုးကြယ္သူေတြ (၅၀၈) ဦး၏ စာရင္းမ်ားကို ဘဂၤလားေဒ့ရွ္သို႔ေပးပို႔ထားၿပီးျဖစ္ေၾကာင္း သိရသည္။

 “ျဖစ္ႏိုင္တာေတြရွိပါတယ္။ ဒါက ဒီကိစၥနဲ႔ပတ္သက္လို႔ လုပ္ငန္းအဆင့္ဆင့္ ေဆာင္႐ြက္ရပါတယ္။ ျပန္ခ်င္တဲ့သူေတြကို ပုံစံေတြ ျဖည့္စြက္ရတာရွိပါတယ္။ေနာက္ၿပီးေတာ့ ဒါက မိမိရဲ႕ သေဘာဆႏၵနဲ႔ ျပန္လာတာျဖစ္ပါတယ္။ အဲဒီေတာ့ သေဘာဆႏၵ ကိုက္ညီသလား။ အဲဒီအေပၚမွာလည္း မူတည္ပါတယ္။ သူတို႔ေတြ အကုန္လုံး ျဖည့္စြက္ရပါမယ္။ လုပ္ငန္းေတြက အဆင့္ဆင့္ရွိပါတယ္။ ျပန္ပို႔ဖို႔၊ အဲဒီ အဆင့္ ဆင့္ေတြ ၾကန္႔ၾကာေနလို႔လားေတာ့ မသိပါဘူး”ဟု လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေျပာသည္။

ျမန္မာႏုိင္ငံသို႔ ျပန္ဝင္လာသူမ်ားအား ဂိတ္မ်ားတြင္ စစ္ေဆးၿပီး စာရင္းမွတ္တမ္း ျပဳစုျခင္း ၊ လက္ေဗြ ယူျခင္း၊ Biometric data ရယူျခင္းတို႔ကို လူဝင္မႈႀကီးၾကပ္ေရးက စနစ္တက် လုပ္ေဆာင္ စိစစ္ သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ရခိုင္ေဒသျပန္လည္တည္ၿငိမ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ေဆာင္ရာတြင္ ဦးစားေပး အေနျဖင့္ ႏိုင္ငံသားျဖစ္မႈ စိစစ္ျခင္းကို လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း
ဓါတ္ပံု - Information Committee


~~~~~~~~⊰❂ unicode ~~~~~~~~

နှစ်နိုင်ငံ သဘောတူစာချုပ်အရ မောင်တောဒေသမှ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန်လည် လက်ခံရေးအတွက် ရက်သတ်မှတ်သည့် ဇန်နဝါရီလ (၂၃) ရက်နေ့တွင် မြန်မာနိုင်ငံဘက်မှ အဆင်သင့် ဖြစ်သော်လည်း ပြန်လာမည့်သူများ ရောက်မလာကြောင်း သတင်းထုတ်ပြန်ရေးကော်မတီထံမှ သိရသည်။

“ဇန်နဝါရီ ၂၃ ရက်မှာ ကျွန်တော်တို့ နိုင်ငံအနေနဲ့ နှစ်နိုင်ငံသဘောတူညီချက်အရ အဆင်သင့်ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြင်ဆင်ခဲ့ပါတယ်။ အဆင်သင့်ဖြစ်ပါတယ်။ အဆင်သင့်ဖြစ်တော့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ကျွန်တော်တို့ လက်ခံဖို့ အဆင်သင့်ဖြစ်တယ်။ ဒါပေမယ့် နှစ်နိုင်ငံ သဘော တူညီချက်ထဲမှာပဲ ပြန်လည်လက်ခံဖို့အတွက် လူတွေကို ပို့တဲ့အခါမှာ ကျွန်တော်တို့မှာ အစီအစဉ် နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ တကယ်ပုံမှန်လုပ်မယ့် အဓိကလုပ်တဲ့ ကိစ္စက တစ်ဖက်နိုင်ငံကို ရောက်သွားတဲ့ သူတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကနပြေီးတော့ ပြန်ချင်သောသူများကို စိစစ်တယ်။ စိစစ်တယ်ဆိုတာ ပြန်ချင်တဲ့သူများကို စာရင်းကောက်ရမယ်။ စာရင်း ကောက်တဲ့အခါမှာ ပုံစံဖြည့်ရမယ်။ အဲဒီအတွက် ပုံစံတွေ မြန်မာနိုင်ငံဘက်က ပေးပို့ပြီးသားဖြစ်ပါတယ်။ အဲဒီပုံစံကို ဖြည့်ပြီးရင် အဲဒီကနေ မြန်မာနိုင်ငံဘက်ကို ပုံစံတွေ ပို့ရပါမယ်။ ပို့ပြီးတဲ့ပုံစံတွေကို မြန်မာနိုင်ငံဘက်ကနပြေီးတော့ စိစစ်ရပါမယ်။ စိစစ်တယ်ဆိုတာ သူတို့သည် မြန်မာနိုင်ငံမှာ နေသွားတဲ့သူတွေ ဟုတ်၊ မဟုတ်၊ အကြမ်းဖက်သမားများ ပါ မပါ စသည်ဖြင့် စိစစ်စရာတွေ ရှိပါတယ်။ အဲဒီ စိစစ်စရာတွေ အကုန်လုံးကို ဒီက စိစစ်ပါတယ်။ စိစစ်ပြီးတဲ့ စာရင်းကို တစ်ဖက်နိုင်ငံကို ပြန်ပို့ပါမယ်။ ပြန်ပို့တဲ့ အခါကျတော့ ဘင်္ဂလားဒေ့ရှ်ကနပြေီးတော့ ဒီစာရင်းကို ရပြီ ဆိုတဲ့အခါ စိစစ်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဘက်ကို ပြန်စေလွှတ်လို့ရပြီ ဆိုပြီးတော့ သူတို့ အသုတ်လိုက် အသုတ်လိုက် လွှတ်မယ်ပေါ့”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ရခိုင်ပြည်နယ် မောင်တောဒေသမှ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ တောင်ပြိုလက်ဝဲ စိစစ်ပြန်လည် လက်ခံရေးစခန်း၊ ငါးခူရ စိစစ်ပြန်လည် လက်ခံရေးစခန်းနှင့် ယာယီနေထိုင်မည့် လှဖိုးခေါင်ကြားစခန်းတို့တွင် အဆင်သင့်ပြင်ဆင် ဆောင်ရွက်ထားပြီး ဝန်ထမ်းများ အသင့်ရောက်ရှိနကြပြေီ ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ လက်ခံနိုင်တဲ့ အခြေအနေက လက်ခံရေးစခန်း နှစ်ခုရှိပါတယ်။ တောင်ပြိုလက်ဝဲ ကုန်းလမ်းနဲ့ ငါးခူရ ရေလမ်းပါ။ အဲဒီ နှစ်နေရာမှာ လက်ခံစခန်းမှာ တစ်နေရာကို ၁၅၀ စီနဲ့ တစ်နေ့ကို ၃၀၀ လက်ခံလို့ရပါတယ်။ တစ်ပတ်ကို ငါးရက် လက်ခံပါမယ်။ ၁၅၀၀ ပါ။ အဲဒီတော့ ဒါ လက်ခံလို့ ရတယ်ဆိုတော့ ကျွန်တော်တို့ စာရင်းပို့ထားတဲ့ ၇၅၀ နဲ့ ၅၀၈ ယောက်ပါ။ ဒီပို့ထားတဲ့သူတွေက တကယ်လို့ ဟိုဘက်ကနပြေီးတော့ ဒီစာရင်းကို ပြန်ချင်တဲ့သူတွေ စာရင်းဖြည့်မယ်။ ဒီထဲကနပြေီးတော့ ပြန်ဖို့ ဒါက ကျွန်တော်တို့ဘက်က စိစစ်ပြီးသား၊ ပြန်လက်ခံလို့ရတဲ့ စာရင်းဆိုတော့ လွယ်သွားပြီ။ အဲဒီတော့ ပြန်ချင်တဲ့ သူတွေကို စာရင်းဖြည့်၊ ဖြည့်ပြီးရင် ဒီဘက်ကို ပြန်ပို့လိုက်ရင် ပထမအသုတ် အနေနဲ့ စလို့ရပါပြီ။ ဒါပေမယ့် ဇန်နဝါရီ ၂၃ ရက်မှာ ကျွန်တော်တို့ အဆင်သင့်ဖြစ်တယ်။ ဒါပေမယ့် ရောက်တော့ မရောက်လာဘူး။ ပြန်လာမယ့် လူလည်း ရောက်မလာဘူး။ စာရင်းလည်း ရောက်မလာဘူး”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွားသူများ ပြန်လည်လက်ခံရေး နှစ်နိုင်ငံ သဘောတူညီချက်ရရှိထားပြီး ဇန်နဝါရီလ (၁၅) ရက်ကလည်း နှစ်နိုင်ငံ Joint Working Group များ၊ နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်မည့် အဖွဲ့များ အစည်းအဝေးကျင်းပကာ သဘောတူညီချက်များ ရရှိထားပြီး ဇန်နဝါရီလ (၁၆) ရက်နေ့တွင် မြန်မာနိုင်ငံက ပြန်လည်လက်ခံနိုင်မည့် မူဆလင် (၇၅၀) နှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူတွေ (၅၀၈) ဦး၏ စာရင်းများကို ဘင်္ဂလားဒေ့ရှ်သို့ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

 “ဖြစ်နိုင်တာတွေရှိပါတယ်။ ဒါက ဒီကိစ္စနဲ့ပတ်သက်လို့ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရပါတယ်။ ပြန်ချင်တဲ့သူတွေကို ပုံစံတွေ ဖြည့်စွက်ရတာရှိပါတယ်။နောက်ပြီးတော့ ဒါက မိမိရဲ့ သဘောဆန္ဒနဲ့ ပြန်လာတာဖြစ်ပါတယ်။ အဲဒီတော့ သဘောဆန္ဒ ကိုက်ညီသလား။ အဲဒီအပေါ်မှာလည်း မူတည်ပါတယ်။ သူတို့တွေ အကုန်လုံး ဖြည့်စွက်ရပါမယ်။ လုပ်ငန်းတွေက အဆင့်ဆင့်ရှိပါတယ်။ ပြန်ပို့ဖို့၊ အဲဒီ အဆင့် ဆင့်တွေ ကြန့်ကြာနေလို့လားတော့ မသိပါဘူး”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

မြန်မာနိုင်ငံသို့ ပြန်ဝင်လာသူများအား ဂိတ်များတွင် စစ်ဆေးပြီး စာရင်းမှတ်တမ်း ပြုစုခြင်း၊ လက်ဗွေ ယူခြင်း၊ Biometric data ရယူခြင်းတို့ကို လူဝင်မှုကြီးကြပ်ရေးက စနစ်တကျ လုပ်ဆောင် စိစစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ဒေသပြန်လည်တည်ငြိမ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရာတွင် ဦးစားပေး အနဖြေင့် နိုင်ငံသားဖြစ်မှု စိစစ်ခြင်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓါတ္ပံု - Information Committee

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~