တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေဆးျဖတ္စခန္းမွ လိုအပ္ခ်က္မ်ား ထပ္မံသိရွိႏိုင္ရန္ ေရႊႀတိဂံေဒသလူငယ္ျပန္လည္ထူေထာင္ေရး(ေဆးျဖတ္စခန္း) ရန္ပံုေငြရွာေဖြေရးအဖြဲ႔၀င္မွ သြားေရာက္၍ အႀကိဳေဆြးေႏြး

တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေဆးျဖတ္စခန္းမွ လိုအပ္ခ်က္မ်ား ထပ္မံသိရွိႏိုင္ရန္ ေရႊႀတိဂံေဒသလူငယ္ျပန္လည္ထူေထာင္ေရး(ေဆးျဖတ္စခန္း) ရန္ပံုေငြရွာေဖြေရးအဖြဲ႔၀င္မွ သြားေရာက္၍ အႀကိဳေဆြးေႏြး
ဇန်နဝါရီ 23, 2018
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးျဖတ္လိုသူ (၇၀)၀န္းက်င္အား ေဆးျဖတ္ေပးေနသည့္ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ရန္ကုန္ရြာရွိ မိုင္းကိုးေဆးျဖတ္စခန္းတြင္ ေရႊႀတိဂံေဒသလူငယ္ျပန္လည္ထူေထာင္ေရး(ေဆးျဖတ္စခန္း)အတြက္ ရန္ပံုေငြရွာေဖြေရးအဖြဲ႔၀င္မ်ားက ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၂၃)ရက္ေန႔ ေန႔လယ္ပိုင္းကသြားေရာက္ကာ တာ၀န္ရွိသူမ်ားႏွင့္  ေတြ႔ဆံုၿပီး ရန္ပံုေငြရွာေဖြေရး ခရီးစဥ္အၿပီးတြင္ ေဆာင္ရြက္ေပးႏိုင္မည့္ အေျခအေနမ်ားကို အႀကိဳေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ ေရႊႀတိဂံေဒသ လူငယ္ျပန္လည္ထူေထာင္ေရး(ေဆးျဖတ္စခန္း)အတြက္ ရန္ပံုေငြရွာေဖြေရး အဖြဲ႔၀င္မ်ားက သြားေရာက္၍ ေဆးျဖတ္စခန္း၏ လက္ရွိအေျခအေနအား ေဆြးေႏြးမႈမ်ား ျပဳလုပ္ရာတြင္ ေဆးျဖတ္စခန္းမွ တာ၀န္ခံ ကိုလြင္ေမာင္ဦးက အေျခအေနမ်ားကို ရွင္းျပၿပီး ေဆးလာျဖတ္ေနသူမ်ားအား လိုက္လံျပသေပးသည္။

ေဆးျဖတ္စခန္းတြင္ လက္ရွိ၌ ေဆးလာျဖတ္ေနသူ (၇၀)၀န္းက်င္ရွိေနၿပီး ေဆးလာျဖတ္သူမ်ားကို အခ်ိန္ကာလ (၃)လမွ (၅)လအထိ လက္ခံေပးကာ ေဆးျဖတ္ေပးေနေၾကာင္း ႏွင့္ ကုန္က်မႈမ်ားအတြက္ သတ္မွတ္ခ်က္တစ္ခုအေနျဖင့္ လူတစ္ဦးလွ်င္ တစ္လ ဆန္(၂)ပံုး ႏွင့္ ဘတ္(၂၀၀၀)သတ္မွတ္ ေကာက္ခံကာ ေဆာင္ရြက္ေပးေနလ်က္ရွိေၾကာင္း သိရသည္။

"ေဆးျဖတ္စခန္းမွာ ေဆးလာျဖတ္မယ္ဆိုရင္ တစ္ဦးကို ေဒသဆန္(၂)ပံုး နဲ႔ ဘတ္(၂၀၀၀)သတ္မွတ္ၿပီး ေကာက္ခံပါတယ္။  သူတို႔ေတြအေနနဲ႔ ေဆးလာျဖတ္တဲ့ ကာလအတြင္း ထြက္ေျပးလို႔ မရေအာင္လည္း ေန႔ဘက္ေရာ၊ ညဘက္ေရာ အလွည့္က် ေစာင့္ၾကပ္မႈေတြ ျပဳလုပ္သလို၊ ေတာ္ရံုလည္း မထြက္ေျပးၾကပါဘူး၊ ထြက္ေျပးတယ္ဆိုရင္လည္း ျပန္ရွာၿပီး ဒီမွာ ျပန္ေခၚလာထားၿပီး ဆက္လက္ ေဆးျဖတ္ေပးေနပါတယ္"ဟု ေဆးျဖတ္စခန္းမွ တာ၀န္ခံ ကိုလြင္ေမာင္ဦးက ေျပာသည္။

အဆိုပါ ေဆးျဖတ္စခန္းသည္ မုိင္းကိုး ျပည္သူ႔စစ္ အဖြဲ႔ေခါင္းေဆာင္ ဦးက်ေလာ၏ ေျမေနရာႏွင့္အတူ မတည္ေထာက္ပံ့ေငြႏွင့္ မူးယစ္ေဆး ျဖတ္လိုသူမ်ား၏ စရိတ္ထည့္ဝင္ေငြ ၊ လူမႈေရးအဖြဲ႕အစည္းမ်ား၏ ပံ့ပိုးေငြတို႔ျဖင့္ ရပ္တည္ေနသည့္ ရပ္ရြာအေျချပဳ ကိုယ့္အားကိုယ္ကိုး ေဆးျဖတ္စခန္းတစ္ခု ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါ ေဆးျဖတ္စခန္းသို႔ ေဆးလာျဖတ္လိုသည့္ အမ်ဳိးသမီးမ်ားကိုပါ ထားရွိႏိုင္ရန္ အေဆာင္ ေဆာက္လုပ္ေနလ်က္ရွိၿပီး၊ ေဆးလာျဖတ္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ ေဆးေပးခန္းတစ္ခု ႏွင့္ ေဆးလာျဖတ္သူ လူဦးေရတိုးပြားလာသည့္အတြက္ အိပ္ေဆာင္တိုးခ်ဲ႕ရန္လည္း   လိုအပ္ေနလ်က္ရွိေၾကာင္း သိရသည္။

"ေနမေကာင္းရင္ေတာ့ ရြာထဲက ေဆးခန္းကို သြားရတယ္၊ ဒီေဆးျဖတ္စခန္းထဲမွာ ေဆးေပးခန္းေလး တစ္ခါတည္းရွိထားရင္ ေကာင္းမွာပဲ။ ေနာက္ၿပီး ဒီမွာက လူေတြတိုးလာေတာ့ အိပ္ေဆာင္ ေကာင္းေကာင္း တစ္ခုလည္း လိုအပ္ေနတယ္၊  ကြ်န္ေတာ္တို႔ ထမင္းစားရတာကေတာ့ တစ္ရက္ကို (၂)နပ္စားရတယ္၊ အသားဟင္းကေတာ့ တစ္ပတ္မွာ (၃)နပ္ေတာ့ စားရပါတယ္။  ေဆးလာျဖတ္သူေတြထဲက ထြက္ေျပးၾကတာေတာ့ မရွိဘူး၊ ဥပမာ ကြ်န္ေတာ္ဆိုရင္လည္း ေဆးလာျဖတ္တာ၊ ေဆးလာျဖတ္ရင္း အခုဆို ေဆးမသံုးေတာ့ဘူး၊ အိမ္မျပန္ခင္ကာလမွာေတာ့ အခုမွ ေဆးလာျဖတ္သူေတြကို ျပန္လည္ ေစာင့္ၾကည့္ေပးတာေတြ လုပ္ေပးပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ ေက်ာက္ေတာင္မွ ေဆးလာျဖတ္သူ ကိုရဲထြန္းႏိုင္က ေျပာသည္။

အဆိုပါ ေဆးျဖတ္စခန္းအတြက္ လိုအပ္ခ်က္မ်ားအား ျဖည့္ဆည္းေပးႏိုင္ရန္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွ ကိုေနဇာ( Only Biker )၊ တာေလၿမိဳ႕မွ ကိုစိုင္းခမ္းရွဲန္၊ Kyaing Tong Mountain Bike Group မွ ဦးစိုင္းဆန္(ခ)ဦးစိုင္း၀န္းမား၊ ဦးခ်ဴးစိန္၊ ဦးစိုင္းရီဆိုင္(ခ)ပီနန္၊ ဦးလွျမင့္မိုး(ခ)ကိုတူးႏွင့္ ဦးေလာလူတို႔ စုစုေပါင္း (၇)ဦးမွ ေရႊႀတိဂံေဒသလူငယ္ျပန္လည္ထူေထာင္ေရး(ေဆးျဖတ္စခန္း)အတြက္ ရန္ပံုေငြရွာေဖြေရး ခရီးစဥ္အေနျဖင့္ ကခ်င္ျပည္နယ္ ပူတာအိုအထိ ရက္ေပါင္း (၂၀)ေက်ာ္အၾကာ ခရီးရွည္ စက္ဘီးစီးနင္းျခင္း ကို ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၂၀)ရက္ေန႔က စတင္ေနရာ လက္ရွိတြင္ အလွဴေငြ က်ပ္(၃၅)သိန္းေက်ာ္ ရရွိထားေၾကာင္း သိရသည္။

ခရီးရွည္ စက္ဘီးစီးနင္းေနသည့္ ခရီးစဥ္အား ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ ျပည္နယ္၀န္ႀကီးခ်ဳပ္မွ အားေပးသည့္အေနျဖင့္ စက္ဘီးစီးနင္း ခရီးစဥ္တစ္ေလွ်ာက္ ျဖတ္သန္းသြားမည့္ ေဒသမ်ားရွိ ဌာနဆိုင္ရာမ်ားမွ ေဒသရွိ ေစတနာရွင္ အလွဴရွင္မ်ားမွ ပါ၀င္လွဴဒါန္းႏုိင္ရန္အတြက္လည္း ညႊန္ၾကားစာမ်ား အသီးသီး ပို႔ေပးထားေၾကာင္း သိရသည္။

စက္ဘီးစီးအဖြဲ႔၏ ခရီးစဥ္တစ္ေလွ်ာက္ အေထြေထြ ကုန္က်စရိတ္မ်ားကို လုပ္ငန္းရွင္မ်ားျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕ Johnny Fitness Center ႏွင့္ လွ်ပ္စစ္ပစၥည္းအေရာင္းဆိုင္ ႏွင့္ J My King Hotel(တာခ်ီလိတ္) မွ ဦးစိုင္းဂြ်န္ရီ၊ မန္းရတနာပံုေလေၾကာင္းလိုင္းမွ ေဒၚနန္းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန္းသီတာဟိုတယ္ (ျမစ္ႀကီးနား)၊ ဟိုတယ္ပူတာအို၊ ဟိုတယ္ရန္ကုန္တို႔မွ ဦးစိုင္းဖီးလစ္ရီ ႏွင့္ ပ်ံလႊား လွ်ပ္စစ္ပစၥည္းအေရာင္းဆိုင္မွ  ဦးစိုင္းေရာဘတ္ရီ တို႔ ေမာင္ႏွမတစ္စုတို႔က ပံ့ပိုးေပးထားျခင္းျဖစ္ၿပီး ခရီးစဥ္တစ္ေလွ်ာက္ ရရိွသည့္ ရန္ပံုေငြပမာဏအား အခ်ိန္ႏွင့္ တစ္ေျပးညီ သတင္းထုတ္ျပန္ေရးအတြက္ မီဒီယာပံ့ပိုးမႈအျဖစ္ Tachileik News Agency က ပူးေပါင္း ကူညီေပးထားျခင္းျဖစ္ကာ လမ္းတစ္ေလွ်ာက္ ပါ၀င္လွဴဒါန္းလာၾကမည့္ အလွဴေငြမ်ားအား ေရႊႀတိဂံေဒသလူငယ္ျပန္လည္ထူေထာင္ေရး(ေဆးျဖတ္စခန္း) အတြက္ အလံုးစံုအသံုးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေဆးျဖတ္စခန္းသည္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသမွ ေဆးျဖတ္လိုသူမ်ားကိုသာ လက္ခံျခင္း မဟုတ္ဘဲ၊ ျမန္မာႏိုင္ငံအတြင္း မည္သည့္ ေဒသကမဆို ေဆးျဖတ္လိုသူမ်ားကို လက္ခံေပးေနေသာ ျမန္မာ - ထိုင္းနယ္စပ္ေဒသက ေဆးျဖတ္ စခန္းတစ္ခုျဖစ္ေၾကာင္း သိရသည္။

ေဆးျဖတ္စခန္းအတြက္ မည္သူမဆို ပါ၀င္လွဴဒါန္းလိုပါက ဘဏ္မ်ားမွ တစ္ဆင့္လည္း ေပးပို႔ လွဴဒါန္းႏိုင္မည္ျဖစ္ေၾကာင္း သိရွိရသည္။

ဘဏ္မွ တစ္ဆင့္ လွဴဒါန္းႏုိင္မည့္ ဘဏ္အေကာင့္မ်ား

  • KBZ Bank Account No: 00630299906101102၊ 
  • CB Bank Account No: 2023600500020966 
  • AYA Bank Account No: 0017202010038743
  • ဖုန္းနံပါတ္ - 09442624461


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် မူးယစ်ဆေးဖြတ်လိုသူ (၇၀)ဝန်းကျင်အား ဆေးဖြတ်ပေးနေသည့် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာရှိ မိုင်းကိုးဆေးဖြတ်စခန်းတွင် ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေရှာဖွေရေးအဖွဲ့ဝင်များက ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့ နေ့လယ်ပိုင်းကသွားရောက်ကာ တာဝန်ရှိသူများနှင့်  တွေ့ဆုံပြီး ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အပြီးတွင် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို အကြိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရွှေတြိဂံဒေသ လူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေရှာဖွေရေး အဖွဲ့ဝင်များက သွားရောက်၍ ဆေးဖြတ်စခန်း၏ လက်ရှိအခြေအနေအား ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ဆေးဖြတ်စခန်းမှ တာဝန်ခံ ကိုလွင်မောင်ဦးက အခြေအနေများကို ရှင်းပြပြီး ဆေးလာဖြတ်နေသူများအား လိုက်လံပြသပေးသည်။

ဆေးဖြတ်စခန်းတွင် လက်ရှိ၌ ဆေးလာဖြတ်နေသူ (၇၀)ဝန်းကျင်ရှိနေပြီး ဆေးလာဖြတ်သူများကို အချိန်ကာလ (၃)လမှ (၅)လအထိ လက်ခံပေးကာ ဆေးဖြတ်ပေးနေကြောင်း နှင့် ကုန်ကျမှုများအတွက် သတ်မှတ်ချက်တစ်ခုအနေဖြင့် လူတစ်ဦးလျှင် တစ်လ ဆန်(၂)ပုံး နှင့် ဘတ်(၂၀၀၀)သတ်မှတ် ကောက်ခံကာ ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

"ဆေးဖြတ်စခန်းမှာ ဆေးလာဖြတ်မယ်ဆိုရင် တစ်ဦးကို ဒေသဆန်(၂)ပုံး နဲ့ ဘတ်(၂၀၀၀)သတ်မှတ်ပြီး ကောက်ခံပါတယ်။  သူတို့တွေအနေနဲ့ ဆေးလာဖြတ်တဲ့ ကာလအတွင်း ထွက်ပြေးလို့ မရအောင်လည်း နေ့ဘက်ရော၊ ညဘက်ရော အလှည့်ကျ စောင့်ကြပ်မှုတွေ ပြုလုပ်သလို၊ တော်ရုံလည်း မထွက်ပြေးကြပါဘူး၊ ထွက်ပြေးတယ်ဆိုရင်လည်း ပြန်ရှာပြီး ဒီမှာ ပြန်ခေါ်လာထားပြီး ဆက်လက် ဆေးဖြတ်ပေးနေပါတယ်"ဟု ဆေးဖြတ်စခန်းမှ တာဝန်ခံ ကိုလွင်မောင်ဦးက ပြောသည်။

အဆိုပါ ဆေးဖြတ်စခန်းသည် မိုင်းကိုး ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် ဦးကျလော၏ မြေနေရာနှင့်အတူ မတည်ထောက်ပံ့ငွေနှင့် မူးယစ်ဆေး ဖြတ်လိုသူများ၏ စရိတ်ထည့်ဝင်ငွေ ၊ လူမှုရေးအဖွဲ့အစည်းများ၏ ပံ့ပိုးငွေတို့ဖြင့် ရပ်တည်နေသည့် ရပ်ရွာအခြေပြု ကိုယ့်အားကိုယ်ကိုး ဆေးဖြတ်စခန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဆေးဖြတ်စခန်းသို့ ဆေးလာဖြတ်လိုသည့် အမျိုးသမီးများကိုပါ ထားရှိနိုင်ရန် အဆောင် ဆောက်လုပ်နေလျက်ရှိပြီး၊ ဆေးလာဖြတ်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးပေးခန်းတစ်ခု နှင့် ဆေးလာဖြတ်သူ လူဦးရေတိုးပွားလာသည့်အတွက် အိပ်ဆောင်တိုးချဲ့ရန်လည်း   လိုအပ်နေလျက်ရှိကြောင်း သိရသည်။

"နေမကောင်းရင်တော့ ရွာထဲက ဆေးခန်းကို သွားရတယ်၊ ဒီဆေးဖြတ်စခန်းထဲမှာ ဆေးပေးခန်းလေး တစ်ခါတည်းရှိထားရင် ကောင်းမှာပဲ။ နောက်ပြီး ဒီမှာက လူတွေတိုးလာတော့ အိပ်ဆောင် ကောင်းကောင်း တစ်ခုလည်း လိုအပ်နေတယ်၊  ကျွန်တော်တို့ ထမင်းစားရတာကတော့ တစ်ရက်ကို (၂)နပ်စားရတယ်၊ အသားဟင်းကတော့ တစ်ပတ်မှာ (၃)နပ်တော့ စားရပါတယ်။  ဆေးလာဖြတ်သူတွေထဲက ထွက်ပြေးကြတာတော့ မရှိဘူး၊ ဥပမာ ကျွန်တော်ဆိုရင်လည်း ဆေးလာဖြတ်တာ၊ ဆေးလာဖြတ်ရင်း အခုဆို ဆေးမသုံးတော့ဘူး၊ အိမ်မပြန်ခင်ကာလမှာတော့ အခုမှ ဆေးလာဖြတ်သူတွေကို ပြန်လည် စောင့်ကြည့်ပေးတာတွေ လုပ်ပေးပါတယ်"ဟု တာချီလိတ်မြို့ ကျောက်တောင်မှ ဆေးလာဖြတ်သူ ကိုရဲထွန်းနိုင်က ပြောသည်။

အဆိုပါ ဆေးဖြတ်စခန်းအတွက် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ကိုနေဇာ( Only Biker )၊ တာလေမြို့မှ ကိုစိုင်းခမ်းရှဲန်၊ Kyaing Tong Mountain Bike Group မှ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးချူးစိန်၊ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူးနှင့် ဦးလောလူတို့ စုစုပေါင်း (၇)ဦးမှ ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အနေဖြင့် ကချင်ပြည်နယ် ပူတာအိုအထိ ရက်ပေါင်း (၂၀)ကျော်အကြာ ခရီးရှည် စက်ဘီးစီးနင်းခြင်း ကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့က စတင်နေရာ လက်ရှိတွင် အလှူငွေ ကျပ်(၃၅)သိန်းကျော် ရရှိထားကြောင်း သိရသည်။

ခရီးရှည် စက်ဘီးစီးနင်းနေသည့် ခရီးစဉ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်မှ အားပေးသည့်အနေဖြင့် စက်ဘီးစီးနင်း ခရီးစဉ်တစ်လျှောက် ဖြတ်သန်းသွားမည့် ဒေသများရှိ ဌာနဆိုင်ရာများမှ ဒေသရှိ စေတနာရှင် အလှူရှင်များမှ ပါဝင်လှူဒါန်းနိုင်ရန်အတွက်လည်း ညွှန်ကြားစာများ အသီးသီး ပို့ပေးထားကြောင်း သိရသည်။

စက်ဘီးစီးအဖွဲ့၏ ခရီးစဉ်တစ်လျှောက် အထွေထွေ ကုန်ကျစရိတ်များကို လုပ်ငန်းရှင်များဖြစ်သည့် တာချီလိတ်မြို့ Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နှင့် J My King Hotel(တာချီလိတ်) မှ ဦးစိုင်းဂျွန်ရီ၊ မန်းရတနာပုံလေကြောင်းလိုင်းမှ ဒေါ်နန်းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန်းသီတာဟိုတယ် (မြစ်ကြီးနား)၊ ဟိုတယ်ပူတာအို၊ ဟိုတယ်ရန်ကုန်တို့မှ ဦးစိုင်းဖီးလစ်ရီ နှင့် ပျံလွှား လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ  ဦးစိုင်းရောဘတ်ရီ တို့ မောင်နှမတစ်စုတို့က ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ခရီးစဉ်တစ်လျှောက် ရရှိသည့် ရန်ပုံငွေပမာဏအား အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်ရေးအတွက် မီဒီယာပံ့ပိုးမှုအဖြစ် Tachileik News Agency က ပူးပေါင်း ကူညီပေးထားခြင်းဖြစ်ကာ လမ်းတစ်လျှောက် ပါဝင်လှူဒါန်းလာကြမည့် အလှူငွေများအား ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) အတွက် အလုံးစုံအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးဖြတ်စခန်းသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသမှ ဆေးဖြတ်လိုသူများကိုသာ လက်ခံခြင်း မဟုတ်ဘဲ၊ မြန်မာနိုင်ငံအတွင်း မည်သည့် ဒေသကမဆို ဆေးဖြတ်လိုသူများကို လက်ခံပေးနေသော မြန်မာ - ထိုင်းနယ်စပ်ဒေသက ဆေးဖြတ် စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ဆေးဖြတ်စခန်းအတွက် မည်သူမဆို ပါဝင်လှူဒါန်းလိုပါက ဘဏ်များမှ တစ်ဆင့်လည်း ပေးပို့ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဘဏ်မှ တစ်ဆင့် လှူဒါန်းနိုင်မည့် ဘဏ်အကောင့်များ

  • KBZ Bank Account No: 00630299906101102၊ 
  • CB Bank Account No: 2023600500020966 
  • AYA Bank Account No: 0017202010038743
  • ဖုန်းနံပါတ် - 09442624461
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~