စိုက်ပျိုးရေးအတွက် အရေးပါသည့် မြေဆီလွှာဓာတ်ခွဲခန်း မကွေးမြို့တွင် ဖွင့်လှစ်
စိုက်ပျိုးရေးအတွက် အရေးပါသည့် မြေဆီလွှာဓာတ်ခွဲခန်း မကွေးမြို့တွင် ဖွင့်လှစ်
ဇန်နဝါရီ 25, 2018
By Tachileik News Agency
စိုက်ပျိုးမြေနမူနာများ၊ သွင်းရေ အရည်အသွေး နှင့် ဓာတ်မြေသြဇာ အရည်အသွေးတို့ကို စစ်ဆေးပေးမည့် မြေဆီလွှာဓာတ်ခွဲခန်းအား မကွေးတိုင်းဒေသကြီး၏ တိုင်းစိုက်ပျိုးရေးရုံးဝန်းအတွင်း၌ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
မြေဆီလွှာစမ်းသပ်​ခြင်းဖြင့်​​ မြေဆီလွှာ ဓာတ်​ခွဲခြင်းဖြင့်​ စိုက်​သင့်​​သော သီးနှံပင်​အမျိုးအစားကို ဆုံးဖြတ်​နိုင်​ခြင်း၊ မြေတွင်းရှိ ရှိရင်းစွဲ အပင်​အာဟာရဓာတ်​များကို သိရှိခြင်းဖြင့်​ ထည့်​သွင်း အသုံးပြုသင့်​​သော ​မြေသြဇာ နှုန်းထားပမာဏများကို သိရှိနိုင်​ခြင်း၊ ​မြေချဉ်​၊​ မြေငံ ပြဿနာရှိ​သော ​မြေများကို ပြုပြင်​စိုက်​ပျိုးနိုင်​ခြင်း၊ ​မြေထဲရှိ ​မြေ​ဆွေးဓာတ်​အ​ခြေအ​နေများကို သိရှိခြင်းနှင့်​​ မြေဆီလွှာ​ကောင်းများ ဖြစ်​လာ​စေရန်​ စီမံ​ဆောင်​ ရွက်​နိုင်​ခြင်း ၊သီးနှံ အထွက်​နှုန်းများ တိုးတက်​​စေခြင်းနှင့်​သဘာဝ ပတ်​ဝန်းကျင်​ထိခိုက်​မှု ​လျော့နည်း​စေခြင်း အကျိုးများ ရရှိမည်​ဖြစ်​ကြောင်း သိရသည်။
မြေဆီလွှာ ဓာတ်​ခွဲခြင်း လုပ်​ငန်းတွင်​ ကဏ္ဍ (၁၃)ခု ၊ စိုက်​ပျိုးသွင်း​ရေ ဓာတ်​ခွဲခြင်း လုပ်​ငန်းတွင်​ ကဏ္ဍ(၆)ခု ၊ ​မြေသြဇာ ဓာတ်​ခွဲခြင်း လုပ်​ငန်းတွင်​ ကဏ္ဍ(၈)ခု ပါဝင်​ပြီး ဓာတ်​ခွဲစမ်းသပ်​နှုန်းထားများမှာ ကျပ်​(၁၅၀၀) မှ ကျပ်​(၁၀၀၀၀)ထိသာ သတ်​မှတ်​ထား​ကြောင်း သိရသည်​။
စိုက်​ပျိုးသွင်း​ရေကို ဓာတ်​ခွဲခြင်းဖြင့်​ ​ရေ​တွင်​ဆားပါဝင်​မှု ပမာဏကို စစ်​​ဆေးနိုင်​ကာ စိုက်​ပျိုး​မြေပျက်​စီးမှု နှင့်​ သီးနှံစိုက်​ပျိုးထုတ်​လုပ်​မှုဆိုင်​ရာ ထိခိုက်​မှုများကို ကာကွယ်​နိုင်​မည်​ဖြစ်​ပြီး ဓာတ်​​မြေသြဇာကို ဓာတ်ခွဲစစ်ဆေးခြင်းဖြင့်​လည်း ပါဝင်​​သော အာဟာရဓာတ်​များကို သိရှိနိုင်​ကာ အရည်​အ​သွေးပြည့်​မီ​​သော ​မြေသြဇာများကို တောင်သူများအသုံးပြုနိုင်​ခြင်း၊ သီးနှံပင်​များအတွက်​ အကျိုးအရှိဆုံး အ​ထောက်​အကူဖြစ်​​စေခြင်း အကျိုး​ကျေးဇူးများ ရရှိနိုင်​မည်​ဖြစ်​​ကြောင်း မ​ကွေးတိုင်း​ဒေသကြီး စိုက်​ပျိုး​ရေး ဦးစီးမှူးထံက သိရသည်​။
ဓာတ်​ခွဲခန်း မဖွင့်​မီ နိုဝင်​ဘာလဆန်းမှ စ၍ ​မြေနမူနာ(၅၇)ခု ၊ ​ရေ(၁၁)ခု၊ မြေသြဇာ (၂၅)ခုကို အခမဲ့စ မ်းသပ်​​ပေးခဲ့ပြီး ဓာတ်ခွဲခန်း သုံးပစ္စည်းများ ပြန်​လည်​ဖြည့်​တင်းနိုင်​ရန်​ ဖွင့်​လှစ်​ချိန်​မှစ၍ အနည်းငယ်​​သော အခ​ကြေး​ငွေ သတ်​မှတ်​ကာ စမ်းသပ်​စစ်​​ဆေးမှုများ လုပ်​​ဆောင်​​ပေးသွားမည်​ဖြစ်​​ကြောင်းနှင့် အဆိုပါ ဓာတ်ခွဲခန်းအဆောက်အဦအား တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုငွေ ကျပ်သိန်း (၂၅၀)၊ ဓာတ်ခွဲခန်းသုံးပစ္စည်းအတွက် ကျပ် သိန်း(၅၀၀)ခန့်ဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်း/ဓါတ်ပုံ - ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
စိုက်ပျိုးမြေနမူနာများ၊ သွင်းရေ အရည်အသွေး နှင့် ဓာတ်မြသြေဇာ အရည်အသွေးတို့ကို စစ်ဆေးပေးမည့် မြေဆီလွှာဓာတ်ခွဲခန်းအား မကွေးတိုင်းဒေသကြီး၏ တိုင်းစိုက်ပျိုးရေးရုံးဝန်းအတွင်း၌ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
မြေဆီလွှာဓာတ်ခွဲခန်းအား ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ရာတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက် ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
"စိုက်​ပျိုး​ရေးကဏ္ဍအတွက်​ အလွန်​လိုအပ်​တဲ့ ဓာတ်​ခွဲခန်​းတစ်​ခုပါ။ ဓာတ်​ခွဲခန်​း update ဖြစ်​ဖို့က​တော့ modernize ဖြစ်​တဲ့ စက်​ကိရိယာ​တွေ ​ပေါ်ရင်​​ပေါ်သလို ဖြည့်​့ဆည်​းသွားမှာပါ။ အခုလည်​း ရန်​ကုန်​မှာရှိ တဲ့ ဓာတ်​ခွဲခန်​း အ​ခြေအ​နေမျိုး ရှိ​နေပါပြီ။ အ​ဖြေ​တွေ တိကျတာနဲ့အမျှ တောင်​သူ့အတွက်​ အ​ကောင်​းဆုံး အကြံပြုချက်​​တွေ ​ပေးနိုင်​မှာပါ"ဟု မ​ကွေးတိုင်​း​ဒေသကြီး စိုက်​ပျိုး​ရေး ဦးစီးမှူး ဦးခင်​​မောင်​ဝင်​း က တာချီလိတ်​​သတင်းအေဂျင်​စီသို့ ​ပြောသည်​။
မြေဆီလွှာစမ်​းသပ်​ခြင်​းဖြင်​့​ မြေဆီလွှာ ဓာတ်​ခွဲခြင်​းဖြင်​့ စိုက်​သင်​့​သော သီးနှံပင်​အမျိုးအစားကို ဆုံးဖြတ်​နိုင်​ခြင်​း၊ မြေတွင်​းရှိ ရှိရင်​းစွဲ အပင်​အာဟာရဓာတ်​များကို သိရှိခြင်​းဖြင်​့ ထည်​့သွင်​း အသုံးပြုသင်​့​သော ​မြသြေဇာ နှုန်​းထားပမာဏများကို သိရှိနိုင်​ခြင်​း၊ ​မြေချဉ်​၊​ မြေငံ ပြဿနာရှိ​သော ​မြေများကို ပြုပြင်​စိုက်​ပျိုးနိုင်​ခြင်​း၊ ​မြေထဲရှိ ​မြေ​ဆွေးဓာတ်​အ​ခြေအ​နေများကို သိရှိခြင်​းနှင်​့​ မြေဆီလွှာ​ကောင်​းများ ဖြစ်​လာ​စေရန်​ စီမံ​ဆောင်​ ရွက်​နိုင်​ခြင်​း၊သီးနှံ အထွက်​နှုန်​းများ တိုးတက်​​စခြေင်​းနှင့်​့သဘာဝ ပတ်​ဝန်​းကျင်​ထိခိုက်​မှု ​လျော့နည်​း​စခြေင်​း အကျိုးများ ရရှိမည်​ဖြစ်​ကြောင်း သိရသည်။
မြေဆီလွှာ ဓာတ်​ခွဲခြင်​း လုပ်​ငန်​းတွင်​ ကဏ္ဍ (၁၃)ခု၊ စိုက်​ပျိုးသွင်​း​ရေ ဓာတ်​ခွဲခြင်​း လုပ်​ငန်​းတွင်​ ကဏ္ဍ(၆)ခု၊ ​မြသြေဇာ ဓာတ်​ခွဲခြင်​း လုပ်​ငန်​းတွင်​ ကဏ္ဍ(၈)ခု ပါဝင်​ပြီး ဓာတ်​ခွဲစမ်​းသပ်​နှုန်​းထားများမှာ ကျပ်​(၁၅၀၀) မှ ကျပ်​(၁၀၀၀၀)ထိသာ သတ်​မှတ်​ထား​ကြောင်​း သိရသည်​။
စိုက်​ပျိုးသွင်​း​ရေကို ဓာတ်​ခွဲခြင်​းဖြင်​့ ​ရေ​တွင်​ဆားပါဝင်​မှု ပမာဏကို စစ်​​ဆေးနိုင်​ကာ စိုက်​ပျိုး​မြေပျက်​စီးမှု နှင်​့ သီးနှံစိုက်​ပျိုးထုတ်​လုပ်​မှုဆိုင်​ရာ ထိခိုက်​မှုများကို ကာကွယ်​နိုင်​မည်​ဖြစ်​ပြီး ဓာတ်​​မြသြေဇာကို ဓာတ်ခွဲစစ်ဆေးခြင်​းဖြင်​့လည်​း ပါဝင်​​သော အာဟာရဓာတ်​များကို သိရှိနိုင်​ကာ အရည်​အ​သွေးပြည်​့မီ​​သော ​မြသြေဇာများကို တောင်သူများအသုံးပြုနိုင်​ခြင်​း၊ သီးနှံပင်​များအတွက်​ အကျိုးအရှိဆုံး အ​ထောက်​အကူဖြစ်​​စခြေင်​း အကျိုး​ကျေးဇူးများ ရရှိနိုင်​မည်​ဖြစ်​​ကြောင်​း မ​ကွေးတိုင်​း​ဒေသကြီး စိုက်​ပျိုး​ရေး ဦးစီးမှူးထံက သိရသည်​။
ဓာတ်​ခွဲခန်​း မဖွင်​့မီ နိုဝင်​ဘာလဆန်​းမှ စ၍ ​မြေနမူနာ(၅၇)ခု၊ ​ရေ(၁၁)ခု၊ မြသြေဇာ (၂၅)ခုကို အခမဲ့စ မ်​းသပ်​​ပေးခဲ့ပြီး ဓာတ်ခွဲခန်း သုံးပစ္စည်​းများ ပြန်​လည်​ဖြည်​့တင်​းနိုင်​ရန်​ ဖွင့်​့လှစ်​ချိန်​မှစ၍ အနည်​းငယ်​​သော အခ​ကြေး​ငွေ သတ်​မှတ်​ကာ စမ်​းသပ်​စစ်​​ဆေးမှုများ လုပ်​​ဆောင်​​ပေးသွားမည်​ဖြစ်​​ကြောင်​းနှင့် အဆိုပါ ဓာတ်ခွဲခန်းအဆောက်အဦအား တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုငွေ ကျပ်သိန်း (၂၅၀)၊ ဓာတ်ခွဲခန်းသုံးပစ္စည်းအတွက် ကျပ် သိန်း(၅၀၀)ခန့်ဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~