မိုင္းျဖတ္ၿမိဳ႕တြင္ (၂၆) ႀကိမ္ေျမာက္ လားဟူတိုင္းရင္းသားမ်ား စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္ အခမ္းအနား က်င္းပ

မိုင္းျဖတ္ၿမိဳ႕တြင္ (၂၆) ႀကိမ္ေျမာက္ လားဟူတိုင္းရင္းသားမ်ား စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္ အခမ္းအနား က်င္းပ
ဇန်နဝါရီ 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕တြင္ (၂၆)ႀကိမ္ေျမာက္ လားဟူတိုင္းရင္းသားမ်ား စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္ အခမ္းအနားကို ၿမိဳ႕မေဘာလံုးကြင္း၌ ဇန္နဝါရီလ (၆)ရက္ေန႔က က်င္းပရာ လားဟူတုိင္းရင္းသားေရးရာဝန္ႀကီး၊ အမွတ္(၁၈) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္မွ စစ္ဆင္ေရး ကြပ္ကဲေရးမွဴးႏွင့္ ဌာနဆုိင္ရာ အႀကီးအကဲမ်ားလည္း တက္ေရာက္ေၾကာင္း သိရသည္။

အခမ္းအနားအား နံနက္ (၁၀) နာရီက စတင္ရာ အမွတ္(၁၈) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္မွ စစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးႀကီး စိုးတင့္ႏွင့္ တပ္ရင္း တပ္ဖြဲ႔မွဴးမ်ား၊ လားဟူတိုင္းရင္းသားေရးရာ ဝန္ႀကီး ဦးေယာသပ္၊ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသက္လြင္ႏွင့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ မိုင္းျဖတ္ၿမိဳ႕နယ္ အတြင္းရွိ လားဟူတိုင္းရင္းသားမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

လားဟူတိုင္းရင္းသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္အား မုိင္းျဖတ္ၿမိဳ႕တြင္ သံုးရက္ၾကာက်င္းပခဲ့ျခင္းျဖစ္ရာ ပထမေန႔တြင္ လားဟူရိုးရာအကမ်ားျဖစ္သည့္ ဗူးပေလြအကယွဥ္ၿပိဳင္ျခင္း၊ ရုိးရာဂ်င္ေပါက္ၿပိဳင္ပြဲ က်င္းပျခင္း၊ စတိတ္ရိႈးႏွင့္အကပေဒသာတို႔ ပါဝင္ကာ ဒုတိယေန႔တြင္ ေခတ္ေပၚလူငယ္ အကၿပိဳင္ပြဲ၊ ဆန္ကာတင္အဖြဲ႕ ရိုးရာဂ်င္ေပါက္ၿပိဳင္ပြဲ၊ လားဟူေတးသီခ်င္းဆိုၿပိဳင္ပြဲ၊ စတိတ္ရိႈးႏွင့္ အကပေဒသာတို႔ ပါဝင္ၿပီး ေနာက္ဆံုးေန႔ျဖစ္သည့္ ဇန္နဝါရီလ (၆)ရက္ေန႔တြင္ ႏွစ္သစ္ကူးပြဲေတာ္ အခမ္းအနား က်င္းပျခင္း၊ ဧည့္ခံေကၽြးေမြးျခင္း၊ ဖက္ရွင္ေမာ္ဒယ္ရိႈးၿပိဳင္ပြဲႏွင့္ ၿပိဳင္ပြဲဆုမ်ား ခ်ီးျမႇင့္ျခင္းတို႔ျဖင့္ အခမ္းအနား ဆင္ႏႊဲခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ကိုေမာင္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် (၂၆)ကြိမ်မြောက် လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူး ပွဲတော် အခမ်းအနားကို မြို့မဘောလုံးကွင်း၌ ဇန်နဝါရီလ (၆)ရက်နေ့က ကျင်းပရာ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး၊ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေး ကွပ်ကဲရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများလည်း တက်ရောက်ကြောင်း သိရသည်။

အခမ်းအနားအား နံနက် (၁၀) နာရီက စတင်ရာ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စိုးတင့်နှင့် တပ်ရင်း တပ်ဖွဲ့မှူးများ၊ လားဟူတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးယောသပ်၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မိုင်းဖြတ်မြို့နယ် အတွင်းရှိ လားဟူတိုင်းရင်းသားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လားဟူတိုင်းရင်းသားစုပေါင်းနှစ်သစ်ကူးပွဲတော်အား မိုင်းဖြတ်မြို့တွင် သုံးရက်ကြာကျင်းပခဲ့ခြင်းဖြစ်ရာ ပထမနေ့တွင် လားဟူရိုးရာအကများဖြစ်သည့် ဗူးပလွေအကယှဉ်ပြိုင်ခြင်း၊ ရိုးရာဂျင်ပေါက်ပြိုင်ပွဲ ကျင်းပခြင်း၊ စတိတ်ရှိုးနှင့်အကပဒေသာတို့ ပါဝင်ကာ ဒုတိယနေ့တွင် ခေတ်ပေါ်လူငယ် အကပြိုင်ပွဲ၊ ဆန်ကာတင်အဖွဲ့ ရိုးရာဂျင်ပေါက်ပြိုင်ပွဲ၊ လားဟူတေးသီချင်းဆိုပြိုင်ပွဲ၊ စတိတ်ရှိုးနှင့် အကပဒေသာတို့ ပါဝင်ပြီး နောက်ဆုံးနေ့ဖြစ်သည့် ဇန်နဝါရီလ (၆)ရက်နေ့တွင် နှစ်သစ်ကူးပွဲတော် အခမ်းအနား ကျင်းပခြင်း၊ ဧည့်ခံကျွေးမွေးခြင်း၊ ဖက်ရှင်မော်ဒယ်ရှိုးပြိုင်ပွဲနှင့် ပြိုင်ပွဲဆုများ ချီးမြှင့်ခြင်းတို့ဖြင့် အခမ်းအနား ဆင်နွှဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုမောင် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~