ေနအိမ္အား မီးျပန္ရႈိ႕မႈ တာခ်ီလိတ္ လြယ္ေတာ္ခမ္းစစ္ေဆးေရးဂိတ္အနီးတြင္ ျဖစ္ပြား

ေနအိမ္အား မီးျပန္ရႈိ႕မႈ တာခ်ီလိတ္ လြယ္ေတာ္ခမ္းစစ္ေဆးေရးဂိတ္အနီးတြင္ ျဖစ္ပြား
ဇန်နဝါရီ 28, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရး ဂိတ္အနီးတြင္ မိမိေနအိမ္အား မီးျပန္ရႈိ႕မႈ ဇန္န၀ါရီလ(၂၈)ရက္ေန႔  ေန႔လည္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္းႏွင့္ မီးရႈိ႕သူ ေနအိမ္ပိုင္ရွင္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊  လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္ အနီးရွိ ေနအိမ္တြင္ တစ္ဦးတည္း ေနထိုင္သူ ႏိုင္လင္းသိန္းသည္ ေနအိမ္၀ါးတဲအား မီးရႈိ႕မႈေၾကာင့္ သြပ္မိုး၊ ၀ါးကာ၊ ၀ါးခင္းထားသည့္ ၀ါးတဲ(၁)လံုး မီးေလာင္ကြ်မ္းသြားသည့္ အတြက္ ၎အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၈/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၃၆ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈ ျဖစ္ပြားရာ ေနအိမ္သို႔ တာခ်ီလိတ္ၿမိဳ႕ရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးၾကည္စိုးႏွင့္ တပ္ဖြဲ႔၀င္မ်ားက သြားေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ေနအိမ္မီးရႈိ႕သူ ႏိုင္လင္းသိန္းသည္ အရက္ေသာက္ထားသည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း သိရသည္။

မီးေလာင္ကြ်မ္းသည့္ ေနရာသို႔ တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးဌာနမွ ဦးစီးမွဴး ဦးထြန္းႏုိင္ဦး၊ ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေအာင္ေဇာ္လင္း ႏွင့္ တပ္ဖြဲ႔၀င္မ်ား အဆိုပါ ရြာအတြင္းမွ တာ၀န္သိ ျပည္သူမ်ား၊ လူမႈေရးအသင္းအဖြဲ႔တို႔က စုေပါင္း၍ ၿငိမ္းသတ္ခဲ့ၾကေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေး ဂိတ်အနီးတွင် မိမိနေအိမ်အား မီးပြန်ရှို့မှု ဇန်နဝါရီလ(၂၈)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်းနှင့် မီးရှို့သူ နေအိမ်ပိုင်ရှင်အား တာချီလိတ်မြို့မရဲစခန်းက အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ် အနီးရှိ နေအိမ်တွင် တစ်ဦးတည်း နေထိုင်သူ နိုင်လင်းသိန်းသည် နေအိမ်ဝါးတဲအား မီးရှို့မှုကြောင့် သွပ်မိုး၊ ဝါးကာ၊ ဝါးခင်းထားသည့် ဝါးတဲ(၁)လုံး မီးလောင်ကျွမ်းသွားသည့် အတွက်၎င်းအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာ နေအိမ်သို့ တာချီလိတ်မြို့ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုးနှင့် တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် နေအိမ်မီးရှို့သူ နိုင်လင်းသိန်းသည် အရက်သောက်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မီးလောင်ကျွမ်းသည့် နေရာသို့ တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းနိုင်ဦး၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လင်း နှင့် တပ်ဖွဲ့ဝင်များ အဆိုပါ ရွာအတွင်းမှ တာဝန်သိ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့တို့က စုပေါင်း၍ ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~