ေလာင္းလံုးၿမိဳ႕နယ္တြင္ ဖခင္ျဖစ္သူက အဓမၼျပဳက်င့္ေၾကာင္း သမီးျဖစ္သူက အမႈဖြင့္တုိင္ၾကား

ေလာင္းလံုးၿမိဳ႕နယ္တြင္ ဖခင္ျဖစ္သူက အဓမၼျပဳက်င့္ေၾကာင္း သမီးျဖစ္သူက အမႈဖြင့္တုိင္ၾကား
ဇန်နဝါရီ 4, 2018
By Tachileik News Agency

တနသၤာရီတုိင္းေဒသႀကီး၊ ေလာင္းလံုးၿမိဳ႕နယ္၊ စမ္းလွန္းေက်းရြာတြင္ ဖခင္က သမီးျဖစ္သူအား အဓမၼျပဳက်င့္မႈျဖစ္ပြားေၾကာင္း သိရသည္။

ေလာင္းလုံးၿမိဳ႕နယ္၊ စမ္းလွန္းေက်းရြာတြင္ ဇန္နဝါရီလ (၁)ရက္ေန႔သို႔ အကူးတြင္ ပြဲခင္းအနီး ေဈးဆိုင္ေဘး ခ်ဳံပုတ္ အတြင္း၌ အသက္ (၁၉)ႏွစ္အရြယ္ သမီးျဖစ္သူအား အသက္ (၃၇)ႏွစ္အရြယ္ ဖခင္ျဖစ္သူက အဓမၼျပဳက်င့္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

သမီးျဖစ္သူက ဇန္နဝါရီလ (၃ )ရက္ေန႔ ညေန(၅)နာရီ (၄၀)မိနစ္တြင္ ေလာင္းလုံးၿမိဳ႕မရဲစခန္းသို႔ လာေရာက္ တိုင္တန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္ရပ္ႏွင့္ပတ္သက္၍ သမီးျဖစ္သူအား အဓမၼျပဳက်င့္သည္ဟုဆိုသည့္ ဖခင္ျဖစ္သူ အသက္ (၃၇)ႏွစ္အရြယ္ အမ်ဳိးသားကို ေလာင္းလုံးၿမိဳ႕မရဲစခန္းတြင္ (ပ)၁၁/၂၀၁၈ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ (ျဖင့္ အမႈဖြင့္ဖမ္းဆီး စစ္ေဆးေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စမ်းလှန်းကျေးရွာတွင် ဖခင်က သမီးဖြစ်သူအား အဓမ္မပြုကျင့်မှုဖြစ်ပွားကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၊ စမ်းလှန်းကျေးရွာတွင် ဇန်နဝါရီလ (၁)ရက်နေ့သို့ အကူးတွင် ပွဲခင်းအနီး ဈေးဆိုင်ဘေး ချုံပုတ် အတွင်း၌ အသက် (၁၉)နှစ်အရွယ် သမီးဖြစ်သူအား အသက် (၃၇)နှစ်အရွယ် ဖခင်ဖြစ်သူက အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သမီးဖြစ်သူက ဇန်နဝါရီလ (၃ )ရက်နေ့ ညနေ(၅)နာရီ (၄၀)မိနစ်တွင် လောင်းလုံးမြို့မရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ သမီးဖြစ်သူအား အဓမ္မပြုကျင့်သည်ဟုဆိုသည့် ဖခင်ဖြစ်သူ အသက် (၃၇)နှစ်အရွယ် အမျိုးသားကို လောင်းလုံးမြို့မရဲစခန်းတွင် (ပ)၁၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~