ကယားပြည်နယ်တွင် ငြိမ်းစုစီဖြင့်​ တရားစွဲဆို ခံထားရ​သော လူငယ်​ငါးဦးအား ​ထောင်​ဒဏ်​ရက်​ ၂၀ ကျခံရန် အမိန့်​ချ

ကယားပြည်နယ်တွင် ငြိမ်းစုစီဖြင့်​ တရားစွဲဆို ခံထားရ​သော လူငယ်​ငါးဦးအား ​ထောင်​ဒဏ်​ရက်​ ၂၀ ကျခံရန် အမိန့်​ချ
ဇနျနဝါရီ 12, 2018
By Tachileik News Agency



လက်​ရှိ အစိုးရအ​နေဖြင့်​ အမှန်​တကယ်​ လူသတ်​မှုကျူးလွန်​ခဲ့ သူများအား ဖမ်းဆီး အ​ရေးယူမှုများ မပြုလုပ်​ဘဲ အမှုမှန်​​ပေါ်​ပေါက်​​ရေး တရားမျှတစွာ​ဖြေရှင်း​ပေးရန်​ လှုပ်​ရှား​တောင်းဆိုခဲ့​သော လူငယ်​များအ​ပေါ် ယခုလို အမိန့်​ချမှတ်​လိုက်​ခြင်းမှာ မတရားမှုအား အား​ပေးရာ​ရောက်​​နေသည်ဟု ​ထောင်​ဒဏ်​ချမှတ်​ခံရသူ ဂျွန်​​ပေါ ၏ မိသားစုဝင်​ ကိုကြယ်​နီက​ ပြောသည်​။



သတင်း - ဆန်းဖြိုးထွန်း





~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်သဖြင့် တရားစွဲဆိုခံထားရသော လူငယ် (၅) ဦးအား ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁၂)ရက်နေ့တွင် အပြီးသတ် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ထောင်ဒဏ်အဖြစ် ရက်(၂၀)ကျခံရန် လွိုင်ကော်မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး နှင်​့ အရပ်​သား တစ်​ဦး ပျောက်ဆုံးနေသည့် ကိစ္စရပ်​များနှင်​့ ပက်​သက်​၍ ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်သဖြင့် ပုဒ်​မ ၁၉ ဖြင်​့ တရားစွဲဆို ခံရသည့် လူငယ်များဖြစ်သည့် ဒီးဒီ၊ ခွန်ရဲမင်းကျော်၊ ဂျွန်ပေါ၊ မျိုးလှိုင်ဝင်း နှင့် ခွန်​းဘိုဘိုတို့ (၅)ဦးအား ဇန်နဝါရီလ အတွင်​း ရုံးချိန်း (၄)ကြိမ်ခေါ်ယူ စစ်ဆေးပြီးနောက် အမိန့်ချ မှတ်​လိုက်ခြင်းဖြစ်သည်။

လက်​ရှိ အစိုးရအ​နဖြေင်​့ အမှန်​တကယ်​ လူသတ်​မှုကျူးလွန်​ခဲ့ သူများအား ဖမ်​းဆီး အ​ရေးယူမှုများ မပြုလုပ်​ဘဲ အမှုမှန်​​ပေါ်​ပေါက်​​ရေး တရားမျှတစွာ​ဖြေရှင်​း​ပေးရန်​ လှုပ်​ရှား​တောင်းဆိုခဲ့​သော လူငယ်​များအ​ပေါ် ယခုလို အမိန်​့ချမှတ်​လိုက်​ခြင်​းမှာ မတရားမှုအား အား​ပေးရာ​ရောက်​​နေသည်ဟု ​ထောင်​ဒဏ်​ချမှတ်​ခံရသူ ဂျွန်​​ပေါ၏ မိသားစုဝင်​ ကိုကြယ်​နီက​ ပြောသည်​။

"သူတို့ကိုဒီ​နေ့ အမိန်​့ချတယ်​ ​ထောင်​ဒဏ်​ ရက်​ နှစ်​ဆယ်​​ သို့မဟုတ်​ ​ငွေဒဏ်​ သုံး​သောင်​း​ပေါ့ လူငယ်​​တွေက ​ထောင်​ဒဏ်​ကျခံလိုက်​တယ်​။ ဒီကိစ္စမှာ လူငယ်​​တွေက မှန်​ပါတယ်​၊ တကယ်​ လူသတ်​ခဲ့တဲ့ သူ​တွေကိုကျ​တော့ ဘာမှမလုပ်​ဘဲ အမှန်​တရား လုပ်​​ဆောင်​​ပေးဖို့ ငြိမ်​းငြိမ်​းချမ်​းချမ်​းနဲ့ ​တောင်​ဆိုခဲ့တဲ့ လူငယ်​​တွေကို ​ထောင်​ချတာ ဖမ်​းဆီးတာက​တော့ လက်​ရှိအစိုးရ ရဲ့ လုပ်​ရပ်​​တွေ အ​ပေါ် ကျွန်​​တော်​ တို့ပြည်​သူ​တွေ အယုံကြည်​မဲ့သွားပါပြီ။ သူတို့လုပ်​ရပ်​ဟာ ရှက်​ဖို့​ကောင်​းပါတယ်​။ တကယ်​ လုပ်​ရမယ်​့ ဟာ​တွေကိုကျ မလုပ်​ပဲနဲ့ ဒီလို အမှန်​တရားကို ​ဖော်​​ဆောင်​​ပေးဖို့ ​တောင်​းဆိုတဲ့ လူငယ်​​တွေကိုကျတော့ အခုလို အ​ရေးယူတယ်​ဆို​တော့ မတရားမှုကို အား​ပေးရာလည်​း ​ရောက်​​နေတယ်​။ လူငယ်​​တွေက မမှားခဲ့ဘူး လို့ပဲ​ပြောချင်​တယ်​"ဟု ​ထောင်​ဒဏ်​ချမှတ်​ခံရသူ ဂျွန်​​ပေါ၏ မိသားစုဝင်​ ကိုကြယ်​နီက တာချီလိတ်​သတင်​း​အေ​ဂျေင်စီသို့​ ပြောသည်​။

လွိုင်ကော်မြို့နယ် ပါးလောင်းကျေးရွာ နှင့် ဒေါတချားကျေးရွာကြား (၇)မိုင်ဂိတ်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့က KNPP တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အရပ်သားတစ်ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ အပြင်း အထန်ရှုံ့ချကြောင်းနှင့် တရား မျှတစွာ ဖြေရှင်းပေးရန် ဆန္ဒထုတ်ဖော်ခဲ့၍ အဆိုပါ(၅)ဦးကို ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်မှုဖြင့် ဒီဇင်ဘာလ (၃၀) ရက်​​နေ့က လွိုင်ကော်မြို့မရဲစခန်းမှ ပုဒ်မ ၁၉ ဖြင့် တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်​။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~