က်ိဳင္းတံု ေနာင္ဖာဂိတ္တြင္ စစ္ေဆးမခံဘဲ ထြက္ေျပးယာဥ္အား လုိက္ဖမ္းရာမွ လက္နက္သယ္လာသည့္ယာဥ္အား ဖမ္းဆီးရမိ

က်ိဳင္းတံု ေနာင္ဖာဂိတ္တြင္ စစ္ေဆးမခံဘဲ ထြက္ေျပးယာဥ္အား လုိက္ဖမ္းရာမွ လက္နက္သယ္လာသည့္ယာဥ္အား ဖမ္းဆီးရမိ
ဇန်နဝါရီ 23, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္ ေနာင္ဖာရဲကင္းတြင္ ဇန္နဝါရီလ (၂၂)ရက္ေန႔က စစ္ေဆးမခံဘဲ ထြက္ေျပးယာဥ္အား လိုက္လံဖမ္းဆီးရာမွ မိုင္းလားၿမိဳ႕နယ္ တာပုံေက်းရြာအုပ္စု၊ (၂၄)မိုင္ရြာအနီးတြင္ လက္နက္သယ္ေဆာင္လာသည့္ ယာဥ္အား ဖမ္းဆီးရမိၿပီး ယာဥ္ေမာင္းထြက္ေျပးေနေၾကာင္း သိရသည္။

က်ိဳင္းတုံ-မိုင္းခတ္သြားလမ္းေပၚရိွ ေနာင္ဖာရဲကင္းေရွ႕တြင္ ဇန္နဝါရီလ (၂၂)ရက္ေန႔က ရဲတပ္ဖြဲ႕ကစစ္ေဆးရန္ တားျမစ္စဥ္ ရပ္တန္႔ျခင္းမရိွဘဲ လူႏွစ္ဦးအား တုိက္မိထြက္ေျပးသြားသည့္ MARK X အမ်ိဳးအစား အနက္ေရာင္ေမာ္ေတာ္ယာဥ္အား ရဲတပ္ဖြဲ႕က လုိက္လံဖမ္းဆီးစဥ္ မုိင္းခတ္ၿမိဳ႕ဘက္သို႔ ဦးတည္ေမာင္းႏွင္လာသည့္ ALPHARD အျဖဴေရာင္ ေမာ္ေတာ္ယာဥ္တစ္စီးမွ ယာဥ္ေမာင္းက ရဲတပ္ဖြဲ႕၏ ေမာ္ေတာ္ယာဥ္အားေတြ႕ရိွစဥ္ ေမာ္ေတာ္ယာဥ္အား လမ္းေဘးသို႔ထိုးရပ္၍  လွ်ိဳအတြင္း ဆင္းေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က ေမာ္ေတာ္ယာဥ္အား စစ္ေဆးရာ CZECH REPUBLIC ႏိုင္ငံထုတ္ LA-22 အမ်ိဳးအစား ေသနတ္အရွည္ တစ္လက္ႏွင့္ ၄င္းေသနတ္က်ည္ (၅၀)ေတာင့္ပါ (၂၄)ဗူး စုစုေပါင္း က်ည္(၁၂၀၀)ေတာင့္ႏွင့္ ၉မမက်ည္(၅၀)ေတာင့္တို႔ကို စစ္ေဆးေတြ႕ရိွခဲ့ရျခင္းေၾကာင္း သိရသည္။

လက္နက္ခဲယမ္းမ်ား သယ္ေဆာင္လာသူအား ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနဆဲျဖစ္ၿပီး  က်ိဳင္းတုံၿမိဳ႕မရဲစခန္းတြင္ (ပ)၁၈/၂၀၁၈၊ ၁၉၂၄ခုႏွစ္၊ ရွမ္းျပည္နယ္လက္နက္အမိန္႕ ၁၂(က)/(ဂ) အရ အမႈဖြင့္ေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံ နောင်ဖာဂိတ်တွင် စစ်ဆေးမခံဘဲ ထွက်ပြေးယာဉ်အား လိုက်ဖမ်းရာမှ လက်နက်သယ်လာသည့်ယာဉ်အား ဖမ်းဆီးရမိ
****************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် နောင်ဖာရဲကင်းတွင် ဇန်နဝါရီလ (၂၂)ရက်နေ့က စစ်ဆေးမခံဘဲ ထွက်ပြေးယာဉ်အား လိုက်လံဖမ်းဆီးရာမှ မိုင်းလားမြို့နယ် တာပုံကျေးရွာအုပ်စု၊ (၂၄)မိုင်ရွာအနီးတွင် လက်နက်သယ်ဆောင်လာသည့် ယာဉ်အား ဖမ်းဆီးရမိပြီး ယာဉ်မောင်းထွက်ပြေးနေကြောင်း သိရသည်။

ကျိုင်းတုံ-မိုင်းခတ်သွားလမ်းပေါ်ရှိ နောင်ဖာရဲကင်းရှေ့တွင် ဇန်နဝါရီလ (၂၂)ရက်နေ့က ရဲတပ်ဖွဲ့ကစစ်ဆေးရန် တားမြစ်စဉ် ရပ်တန့်ခြင်းမရှိဘဲ လူနှစ်ဦးအား တိုက်မိထွက်ပြေးသွားသည့် MARK X အမျိုးအစား အနက်ရောင်မော်တော်ယာဉ်အား ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် မိုင်းခတ်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် ALPHARD အဖြူရောင် မော်တော်ယာဉ်တစ်စီးမှ ယာဉ်မောင်းက ရဲတပ်ဖွဲ့၏ မော်တော်ယာဉ်အားတွေ့ရှိစဉ် မော်တော်ယာဉ်အား လမ်းဘေးသို့ထိုးရပ်၍  လျှိုအတွင်း ဆင်းပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က မော်တော်ယာဉ်အား စစ်ဆေးရာ CZECH REPUBLIC နိုင်ငံထုတ် LA-22 အမျိုးအစား သေနတ်အရှည် တစ်လက်နှင့် ၄င်းသေနတ်ကျည် (၅၀)တောင့်ပါ (၂၄)ဗူး စုစုပေါင်း ကျည်(၁၂၀၀)တောင့်နှင့် ၉မမကျည်(၅၀)တောင့်တို့ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းကြောင်း သိရသည်။

လက်နက်ခဲယမ်းများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲဖြစ်ပြီး  ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၁၈/၂၀၁၈၊ ၁၉၂၄ခုနှစ်၊ ရှမ်းပြည်နယ်လက်နက်အမိန့် ၁၂(က)/(ဂ) အရ အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~