အခ်ိန္အခါ မဟုတ္မိုးေၾကာင့္ ပခုကၠဴခရိုင္ ေယာေခ်ာင္းတစ္ေလွ်ာက္မွ ၾကက္သြန္ခင္းမ်ား ေရနစ္ျမဳပ္ပ်က္စီး

အခ်ိန္အခါ မဟုတ္မိုးေၾကာင့္ ပခုကၠဴခရိုင္ ေယာေခ်ာင္းတစ္ေလွ်ာက္မွ ၾကက္သြန္ခင္းမ်ား ေရနစ္ျမဳပ္ပ်က္စီး
ဇန်နဝါရီ 4, 2018
By Tachileik News Agency

အခ်ိန္အခါမဟုတ္ မိုးအဆက္မျပတ္ရြာသြန္းေနမႈေၾကာင္႔ မေကြးတိုင္းေဒသႀကီး ပခုကၠဴခရိုင္ ေပါက္ၿမိဳ႕နယ္ ေယာေခ်ာင္းေဘးတစ္ေလ်ွာက္ရိွ ၾကက္သြန္စိုက္ခင္းမ်ား ေရနစ္ျမဳပ္ပ်က္စီးဆံုးရံႈးမႈမ်ား ျဖစ္ပြား သြားေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန႔မွစတင္၍ အဆက္မျပတ္ရြာသြန္းသည့္မိုးေၾကာင္႔ ပခုကၠဴခရိုင္ ေပါက္ၿမိဳ႕နယ္ရိွ ေယာေခ်ာင္းေရျမင္႔တက္လာကာ ေခ်ာင္းေဘးတစ္ေလွ်ာက္တြင္ စိုက္ပ်ိဳးထားသည္႔ ၾကက္သြန္ စိုက္ခင္းမ်ား ေရနစ္ျမဳပ္ပ်က္စီးျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္္တို႔ရြာက ၾကက္သြန္စိုက္ခင္း က်င္းေလးေထာင္ (တစ္က်င္းလွ်င္ ဆယ္ေပပတ္လည္) ေလာက္ေရနစ္ျမဳပ္ခံရတာေၾကာင္႔ က်ပ္သိန္းတစ္ေထာင္ဖိုးေလာက္ ပ်က္စီးဆံုးရႈံးသြားပါတယ္။ ေရက်သြားရင္ေတာင္ ေတာင္သူေတြမွာ ျပန္စိုက္ဖို႔အတြက္ ေငြေရးေၾကးေရး အခက္အခဲရိွေနၾကလို႔ ဌာနဆိုင္ရာေတြနဲ႔ အဖဲြ႔အစည္းေတြရဲ႕ အကူအညီ လိုအပ္ေနပါတယ္"ဟု လက္ပံလွရြာမွ ၾကက္သြန္စိုက္ ေတာင္သူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၾကက္သြန္အား ဒီဇင္ဘာ ဒုတိယပတ္ႏွင္႔ တတိယပတ္တို႔တြင္ စတင္စိုက္ပ်ိဳးေလ႔ရိွၿပီး ပ်ိဳးတစ္ပိႆာလွ်င္ က်ပ္ (၄၀၀၀)ရိွကာ ဆယ္ေပပတ္လည္က်င္းတစ္က်င္းလွ်င္ က်ပ္ (၂၅၀၀၀)ခန္႔ကုန္က်မႈရိွေၾကာင္း သိရသည္။

အဆိုပါ စိုက္ခင္းမ်ား ပ်က္စီးဆံုးရံႈး မႈႏွင့္ပတ္သက္၍ တာဝန္ရိွသူမ်ားက ကြင္းဆင္းစစ္ေဆးျခင္း မရိွေသးေၾကာင္း ေဒသခံေတာင္သူမ်ားထံမွ သိရသည္။

သတင္း/ဓါတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

အချိန်အခါမဟုတ် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ယောချောင်းဘေးတစ်လျှောက်ရှိ ကြက်သွန်စိုက်ခင်းများ ရေနစ်မြုပ်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွား သွားကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ အဆက်မပြတ်ရွာသွန်းသည့်မိုးကြောင့် ပခုက္ကူခရိုင် ပေါက်မြို့နယ်ရှိ ယောချောင်းရေမြင့်တက်လာကာ ချောင်းဘေးတစ်လျှောက်တွင် စိုက်ပျိုးထားသည့် ကြက်သွန် စိုက်ခင်းများ ရေနစ်မြုပ်ပျက်စီးခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော််တို့ရွာက ကြက်သွန်စိုက်ခင်း ကျင်းလေးထောင် (တစ်ကျင်းလျှင် ဆယ်ပေပတ်လည်) လောက်ရေနစ်မြုပ်ခံရတာကြောင့် ကျပ်သိန်းတစ်ထောင်ဖိုးလောက် ပျက်စီးဆုံးရှုံးသွားပါတယ်။ ရေကျသွားရင်တောင် တောင်သူတွေမှာ ပြန်စိုက်ဖို့အတွက် ငွေရေးကြေးရေး အခက်အခဲရှိနေကြလို့ ဌာနဆိုင်ရာတွေနဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီ လိုအပ်နေပါတယ်"ဟု လက်ပံလှရွာမှ ကြက်သွန်စိုက် တောင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကြက်သွန်အား ဒီဇင်ဘာ ဒုတိယပတ်နှင့် တတိယပတ်တို့တွင် စတင်စိုက်ပျိုးလေ့ရှိပြီး ပျိုးတစ်ပိဿာလျှင် ကျပ် (၄၀၀၀)ရှိကာ ဆယ်ပေပတ်လည်ကျင်းတစ်ကျင်းလျှင် ကျပ် (၂၅၀၀၀)ခန့်ကုန်ကျမှုရှိကြောင်း သိရသည်။

အဆိုပါ စိုက်ခင်းများ ပျက်စီးဆုံးရှုံး မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်း မရှိသေးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

သတင်း/ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~